/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးချိုဆိုတာ-ကာကွယ်လို့ရပါတယ်

ဆီးချိုဆိုတာ ကာကွယ်လို့ရပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ဆီးချိုဖြစ်ဖို့ ရာခိုင်နှုန်းအနည်းဆုံးက ဘယ်လိုလူတွေပါလိမ့် ဘယ်လိုလူတွေမှာ ဆီးချိုရောဂါ အဖြစ်အများဆုံးလဲ။ လက်ရှိသုတေသနအဖြေတွေအရ -

●        BMI 25 အောက် ကျန်းမာသော ကိုယ်အလေးချိန်ရှိသူတွေ

●        အသီးအရွက် ပိုမိုစားသုံးသူတွေ

●        နေ့စဉ် နာရီဝက်ခန့် လမ်းလျှောက်သူတွေ

●        ဆေးလိပ် မသောက်သူတွေ

●        အရက် လုံးဝမသောက်သူတွေဟာ ဆီးချိုရောဂါဖြစ်ဖို့ ရာခိုင်နှုန်း အလွန်နည်းပါတယ်။

 

          တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း ဒီလိုလူတွေမှာတော့ ဆီးချိုရောဂါဖြစ်ပွားနှုန်း များပြားလာတာကို တွေ့ရှိရပါတယ်။

●        အဝလွန်သူတွေ

●        ကိုယ်လက်လှုပ်ရှားမှု မလုပ်သူတွေ

●        အရွက်စားနည်းသူတွေ

●        အဆီအအိမ့်ကြိုက်သူတွေ

●        ဆေးလိပ်၊ အရက် သောက်သုံးသူတွေပါ။

 

          ဒါလေးတွေ လိုက်နာပြီး ဆီးချိုရောဂါကို ထိထိရောက်ရောက် ကာကွယ်ကြည့်ကြရအောင်။

●        အဝမလွန်စေဖို့ ထိန်းသိမ်းတာဟာ ဆီးချိုမဖြစ်ဖို့ အရေးကြီးဆုံး ကာကွယ်မှု ဖြစ်ပါတယ်။ အဝလွန်သူတွေဟာ သာမန်ထက် အဆနှစ်ဆယ်ကနေ လေးဆယ်ထိ ဆီးချိုဖြစ်နှုန်း တိုးတက်လာကြပါတယ်။

●        မိမိလက်ရှိ ခန္ဓာကိုယ်အလေးချိန်ထက် ၁၀ ရာခိုင်နှုန်းခန့် လျှော့နိုင်ရင်ကို အမျိုးအစား ၂ ဆီးချို ဖြစ်ပွားနှုန်းကို ထက်ဝက်ခန့် လျှော့ချပေးနိုင်ပါတယ်။

●        နေ့စဉ် နာရီဝက်ခန့် လမ်းလျှောက်သူတွေဟာ ဆီးချို ဖြစ်နိုင်စွမ်းကို ၃၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။ မိမိရဲ့လေ့ကျင့်ခန်းလုပ်တဲ့ ပမာဏဟာ နှလုံးနဲ့ ဆီးချိုရောဂါ ကာကွယ်မှုတွေမှာ အကျိုးသက်ရောက်မှု အများကြီးရှိပါတယ်။ တစ်ရက်ကို တီဗီနှစ်နာရီ ကြည့်မယ့်အစား လမ်းလေး နှစ်နာရီလောက် လျှောက်လိုက်တာက သင့်ကို ဆီးချို ကာကွယ်စေမှာပါ။

●        ပေါင်မုန့်ညိုနဲ့ ဆန်လုံးညိုကို စားသုံးတဲ့ အမျိုးသမီးတွေဟာ အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်ပွားမှု ၃၀ ရာခိုင်နှုန်းခန့် လျော့ကျသွားတာ တွေ့ရပါတယ်။

 

          လူပေါင်း ၁၆၀၀၀ ကို ပြုလုပ်ခဲ့တဲ့ သုတေသနမှာ ၁၈ နှစ်ခန့် လေ့လာပြီး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

●        ဒါ့အပြင် ဖြူအောင်ဖွပ်ထားတဲ့ဆန်၊ အာလူးပေါင်မုန့်အဖြူတွေကို စားသုံးသူ ရှန်ဟိုင်းအမျိုးသမီးတွေဟာ အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်း ၂၁ ရာခိုင်နှုန်း တက်လာတာကို တွေ့ရပါတယ်။

●        ဆန်ကို တစ်နေ့ကို လေးငါးခြောက်ခါ စားကြသူ အမျိုသားတွေဟာ တစ်လတစ်ခါမှ ထမင်းစားသူတွေထက် ဆီးချို အဖြစ်များကြပါတယ်။

●        နေ့စဉ် အချိုရည် သောက်သုံးသူတွေဟာ မသောက်သူတွေထက် ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်း နည်းပါးပါတယ်။ ဒါပေမဲ့ Diet Soda လိုမျိုး အချိုထုတ်ထားတဲ့ ဖျော်ရည်သောက်သုံးသူတွေကျတော့ ဆီးချို မဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲထားတဲ့ အချိုရည်တွေထက် အချို သိသိသာသာ လျှော့ချထားတဲ့ သဘာဝအချိုရည်တွေနဲ့ Diet Soda တွေက ပိုမိုထိရောက်ပါတယ်။

●        ဝက်ပေါင်ခြောက်တွေ၊ အသားပြားတွေ အမဲသား၊ ကြက်သား၊ ဝက်သား ပိုမိုစားသုံး အမျိုးသမီးပေါင်း ၂၈၀၀၀ ဟာ  ဆီးချို ဖြစ်ပွားလာတာကို တွေ့ရပါတယ်။ အနီရောင်အသားဆိုတဲ့နေရာမှာ အမဲသားအပါအဝင် ကြပ်တင်ထားတဲ့ အကင်တွေ၊ အသားတွေ ပါဝင်ပါတယ်။ ဒီတော့ အသီးအရွက် များများစားပြီး အသားစားနည်းတာက ဆီးချိုကို ပီပီပြင်ပြင် ကာကွယ်နိုင်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)