/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးချိုရောဂါနှင့်-ချက်ပြုတ်နည်းများ

ဆီးချိုရောဂါနှင့် ချက်ပြုတ်နည်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဆီးချို​ရောဂါကို ထိန်​းချုပ်​ရာမှာ စားတဲ့အစားအစာကလည်​း အ​ရေးပါသလို အစားအစာကို ဘယ်​လိုချက်​ပြုတ်​ပြင်​ဆင်​စား​သောက်​လဲ ဆိုတာကလည်​း အ​ရေးကြီးပါ​တယ်​။ ဒါ​ကြောင်​့ ကျန်​းမာ​ရေးနဲ့ ညီညွတ်​စွာ ဘယ်​လိုချက်​ပြုတ်​စား​သောက်​ကြမလဲ ဆိုတာကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​။

 

1. ဟင်​းချို​တွေ၊ စွပ်​ပြုတ်​​တွေမှာ အဆီပြင်​အလွှာ​လေး​ တက်​​နေ​လေ့ရှိတာကို ​တွေ့ဖူးမှာပါ။ ဒီအဆီပြင်​လွှာ​လေးကို ဖယ်ရှားပြီး ပြန်​​နွေးကာ စားသုံးသင်​့ပါတယ်​။

 

2. ဆား​လျော့ထည်​့ပါ။ အစားအစာ​တွေထဲမှာ ဆားအစား ဟင်​းခတ်​အ​မွေးအကြိုင်​၊ ဗီနီဂါ၊ ဝိုင်​နဲ့ သံပရာရည်​တို့ကို အစားထိုးချက်​ပြုတ်​ကြည်​့ပါ။

 

3. အဆီပြည်​့နို့အစား အဆီထုတ်​ထားတဲ့နို့ သို့မဟုတ်​ အဆီ ၁% သာပါတဲ့နို့ကို ​သောက်​ပါ။

Naturally Better 1

4. အဆီထုတ်​အသားကို ကင်​/ပြုတ်​/​ကြော်​/နှပ်​စားပါ။

 

5. ငါး​တွေ၊ အသီးအရွက်​​တွေကို ​ထောပတ်​​တွေ၊​ဆော့စ်​​တွေနဲ့ တွဲစားမယ်​့အစား သံပရာရည်​​လေးနဲ့စားပါ။

 

6. အစားအစာချက်​ပြုတ်​တဲ့အခါ ဆီ​တွေ၊​ထောပတ်​​တွေ ရွှဲ​နေ​အောင်​ချက်​မယ်​့အစား ဆီ​လေးပါရုံဖြန်​း​ပေးပါ။ ဆီသုံးမယ်​ဆိုရင်​လည်း ကနိုလာဆီ သို့မဟုတ်​ သံလွင်​ဆီကို သုံး​ပေးသင်​ပါတယ်​။

 

7. ကြက်​သား​ကို အ​ရေခွံခွာပြီးမှ စားပါ။ မချက်​ပြုတ်​ခင်​မှာ အဆီပြင်​ကို ဖယ်​ရ​ှားပစ်​ပါ။

 

8. အဆီနည်​းသို့မဟုတ်​ အဆီထုတ်​ နို့၊ဒိန်​ချဉ်​၊ချိစ်​နဲ့ အသား​တွေကို သုံးပါ။

Naturally Better 2

9. အသီးအရွက်​​တွေကို ​ရေနဲ့ သို့မဟုတ်​ အဆီနည်​းနည်​း၊ ဆားနည်​းနည်​းအသားပြုတ်​ရည်​​လေးနဲ့ ​ပေါင်​း​စား​ပေးပါ။

 

10. ပြုပြင်​ထားတဲ့နှံစား​ပြောင်​း​တွေထက်​ အ​ရောင်​မချွတ်​ထားတဲ့ ဆန်​လုံးညို၊ အုတ်​ဂျုံ၊ ဘာ​လေ​ပြောင်​း စတဲ့ နှံစား​ပြောင်​း​တွေကို စားသုံး​ပေးပါ။

 

11. ဟင်​းရွက်​သုတ်​​တွေစားပါ။

www.drmyanmar.com