ဆီးချိုရောဂါနှင့် စိတ်ကျရောဂါ
ဆီးချိုရောဂါသည်တွေမှာ စိတ်ကျရောဂါ အဖြစ်များတတ်ပါသတဲ့။ အမျိုးအစား (၁) ပဲဖြစ်ဖြစ်၊ (၂) ဆီးချိုရောဂါပဲ ဖြစ်ဖြစ် စိတ်ကျရောဂါ မထင်မှတ်ဘဲ ရခဲ့မယ်ဆိုရင် ကုသဖို့ အဆင်ပြေ ညီညွတ်တဲ့ အကြောင်းတရားတွေ ရှိပါတယ်။
>> ဆီးချိုရောဂါသည်တွေ ဘာကြောင့် စိတ်ကျရောဂါရကြတာလဲ?
● ဆီးချိုကုသရင်းနဲ့ စိတ်ဖိစီးမှု များပြားလို့ပါ။
● ဆီးချိုကြောင့် တခြားရောဂါတွေ ဝင်တဲ့အခါ စိတ်ဓာတ် ပိုကျပါတယ်။ စိတ်ကျရောဂါကြောင့် ဆုံးဖြတ်ချက်တွေ ဝေဝါးလာတယ်။ ဘဝနေထိုင်မှုတွေ မမှန်တော့ဘူး။ စိတ်ဓာတ်ကျတယ်။
● စိတ်ကျရောဂါကြောင့် ကောင်းကောင်း မစဉ်းစားတတ်တော့လို့ ဆီးချိုကို သေချာကုသဖို့ အားလျော့သွားတတ်ပါတယ်။
>> ဆီးချိုနဲ့ စိတ်ကျရောဂါ တွဲဖက်တဲ့အခါ ...
၁။ မကြာခဏ တွေ့ဆုံပွဲ၊ ဆွေးနွေးပွဲတွေ၊ ပညာပေးပွဲတွေ တက်သင့်ပါတယ်။
၂။ စကားပြောဆိုပါ။ ရောဂါအကြောင်း ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။
၃။ ဆေးချည်းမသောက်ဘဲ ဘဝနေထိုင်မှုပါ တစ်ဆက်တည်း ပြောင်းပစ်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ အနားယူပါ။ ခရီးထွက်ပါ။
၄။ မိမိ ဆီးချိုရောဂါကို သီးသန့်ကုသရန် ကျန်းမာရေး၀န်ထမ်း တစ်ယောက်ကို ပင်တိုင်သတ်မှတ်ပြီး ကုသမှုကို သူမဘာသာ စီမံပါစေ။
၅။ ဆီးချိုနှင့် စိတ်ကျရောဂါတွဲတဲ့အခါ အကူအညီပေးမယ့်သူက အရေးကြီးဆုံးမို့ အတိုင်ပင်ခံ ကောင်းကောင်းတစ်ယောက် ရှာတာက အဆင်ပြေဆုံးပါ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























