/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးချိုရောဂါနှင့်-ဦးနှောက်ကျန်းမာရေး

ဆီးချိုရောဂါနှင့် ဦးနှောက်ကျန်းမာရေး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ဆီးချိုရောဂါသည် နာတာရှည်ရောဂါတစ်ခုဖြစ်ပြီး ဆီးချိုသွေးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများဟာ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးအပေါ်မှာ သက်ရောက်မှုရှိတာကြောင့် ဆီးချိုသွေးချိုရောဂါကို ခံစားရနေပြီဆိုပါက ကုသမှုကိုစနစ်တကျခံယူသင့်ပါတယ်။ ယခုတခေါက်မှာ ဆီးချိုသွေးချိုရောဂါ၏ ဦးနှောက်နှင့် ပတ်သက်သော နောက်ဆက်တွဲဆိုးကျိုးများကို ဖော်ပြပေးလိုက်ပါတယ်။

 

ဆီးချိုရောဂါနှင့် အယ်ဇိုင်းမာရောဂါ ဆက်စပ်မှုရှိ

        လေ့လာမှုအသစ်တစ်ခုအရ အမျိုးအစား (2) ဆီးချိုရောဂါနှင့် အယ်ဇိုင်းမာရောဂါ ဆက်စပ်ရှိတယ်လို့ သိရပါတယ်။ လူလတ်ပိုင်းအရွယ်ကတည်းက ဆီးချိုရောဂါခံစားရသူများတွင် အယ်ဇိုင်းမားရောဂါဖြစ်နိုင်ချေ မြင့်မားနေတာကိုတွေ့ရပါတယ်။ ဆီးချိုရောဂါဖြစ်သောအခါ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များမှအင်ဆူလင်ကို အကျိုးရှိစွာမသုံးနိုင်တာကြောင့် မုန့်ချိုအိတ် (ပန်းကရိယ) မှနေပြီး အင်ဆူလင်များကို ပိုမိုထုတ်လုပ်ရပါတယ်။ ထို့အတူပင် b amyloid ဟုခေါ်သော ပရိုတင်းများကိုလည်း ထုတ်လုပ်ပါတယ်။ ထိုပရိုတင်းများစုပုံလာတာနှင့် အယ်ဇိုင်းမာရောဂါဖြစ်ပွားမှုတို့ ဆက်စပ်မှုရှိတာကိုတွေ့ရပါတယ်။

 

ဆီးချိုရောဂါေ၀ဒနာရှင်များ လေဖြတ်ခြင်းပိုမိုဖြစ်နိုင်

        သွေးတွင်းရှိအချိုဓာတ်မြင့်မားခြင်းဟာ ဦးနှောက်နှင့်အာရုံကြောဆဲလ်များကို တိုက်ရိုက်ထိခိုက် ပျက်စီးစေနိုင်ပါတယ်။ ထို့အပြင်သွေးကြောများကို ဖျက်ဆီးပစ်နိုင်တာကြောင့် ဦးနှောက်ဆီသို့ အောက်ဆီဂျင်ရောက်ရှိမှု လျော့နည်းသွားပြီး လေဖြတ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

        ဒါ့အပြင် ဆီးချိုရောဂါေ၀ဒနာရှင်များအနေဖြင့် လှုံ့ဆော်မှုများကို တုန့်ပြန်နိုင်စွမ်း၊ မိမိကိုယ်မိမိထိန်းချုပ်နိုင်စွမ်းနှင့် ကွပ်ကဲနိုင်စွမ်းလျော့ကျမှုများကိုလည်း ခံစားရတာကိုတွေ့ရပါတယ်။

 

 

Dr.Htet Htet Aung

www.drmyanmar.com