ဆီးချိုရောဂါရှိသူတွေမှာ မှန်မှန်ကန်ကန် နေထိုင်စားသောက်ကြဖို့ လမ်းညွှန်
ဆီးချိုရောဂါ ခံစားနေရရင် ဝိတ်လျှော့ဖို့ကတော့ ပထမဦးစားပေး စဉ်းစားရမယ့်အရာ ဖြစ်ပါတယ်။
ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းသွားခြင်းကြောင့် ဆီးချို ပျောက်ကင်းဖို့တောင် အထောက်အကူပြုနိုင်ကြောင်း သိခဲ့ကြပါပြီ။
စားသမျှ အစားတွေထဲမှာ ဂလူးကို့စ်အဖြစ် ပြောင်းသွားမယ့် ကာဗွန်ဟိုက်ဒရိတ်ဆိုတိုင်း ကြောက်စရာတော့ မဟုတ်ပါဘူး။ ကောင်းမွန်ကျန်းမာတဲ့ ကာဗွန်ဟိုက်ဒရိတ်ဓာတ်ကို -
● ဆန်လုံးညို
● အသီးအနှံတွေ
● ပဲအမျိုးမျိုး
● ဒိန်ချဉ်တို့ကနေ ရရှိနိုင်ပါတယ်။
ပေါင်မုန်ဖြူ စားသုံးခြင်းနဲ့ ဖြူအောင်ဖွပ်ထားတဲ့ဆန်တွေကို လုံးဝဖြတ်တောက်ပစ်တာ အကောင်းဆုံးပါ။
ဆားလျှော့စားတာက သွေးပေါင်ကောင်းစေသလို ဆီးချိုနဲ့သွေးတိုး ပေါင်းစပ်လို့ဖြစ်တဲ့ အန္တရာယ် အခြေအနေ အတော်များများကို ရှောင်ပြီး ဖြစ်စေပါတယ်။
Diabetone 1
အမဲသား၊ ဆိတ်သားတေ ွ ရှောင်ကြဉ်ပြီး ကျန်းမာတဲ့အသားဓာတ် အစားထိုးကြည့်ကြရအောင်။
● ပဲအမျိူးမျိုး
● ကြက်ဥ၊ ဘဲဥ
● ငါး
● ကြက်သား
● နေကြာစေ့၊ ကွာစေ့လှော်
ပဲအမျိုးမျိုး စားသုံးခြင်းဖြင့် အသားဓာတ် လုံလောက်စွာ ရရှိနိုင်သလို အဆီများတဲ့ ငါးမြင်း၊ ငါးတန် ငါးတွေဟာလည်း ကျန်းမာတဲ့အဆီဓာတ် ဆောင်ကြဉ်းပေးနိုင်ပါတယ်။
Diabetone 2
အချိုဓာတ် အရမ်းများတဲ့အသီးတွေကလွဲပြီး ကျန်တဲ့သစ်သီးတွေကို စားပေးလို့ရပါတယ်။
ဒီလိုစားတဲ့အခါမှာလည်း ဖျော်ရည်လုပ်သောက်တာမျိုးမဟုတ်ဘဲ လတ်လတ်ဆတ်ဆတ် စိတ်စားပေးဖို့ လိုပါတယ်။
>> ကောင်းမွန်သင့်တော်တဲ့ အဆီဓာတ်တွေဆိုတာ -
● အစေ့အဆံတွေ
● ထောပတ်သီး
● သံလွင်ဆီ
● နေကြာဆီ
● အဆီများတဲ့ငါးတွေကနေ ရတာပါ။
အဆာပြေစားတတ်တဲ့အကျင့်ရှိနေရင် ဘီစကစ်နဲ့ အာလူးချောင်းတွေအစား ဒိန်ချဉ်နဲ့ အသီးတွေကို ရွေးချယ်ပါ။
အရက်ကြိုက်နေရင်တော့ ဆီးချိုဆေးတွေနဲ့ အဆင်ပြေမယ် မထင်ပါဘူး။ အစာမရှိဘဲ အရက်သောက်နေရင် သွေးချို ပိုကျတတ်လို့ပါ။
ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ကန်ကန်လုပ်တဲ့အပြင် အပေါ်က အစားအစာတွေကို ဂရုတစိုက် စားသူတွေဟာ ပုံမှန်အတိုင်း အသက်ရှည်ရှည် နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























