/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးချိုရောဂါ-မဖြစ်အောင်-အလွယ်တကူ-ကာကွယ်ကြရအောင်

ဆီးချိုရောဂါ မဖြစ်အောင် အလွယ်တကူ ကာကွယ်ကြရအောင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       ဆီးချိုရောဂါဟာ သွေးတွင်းသကြားဓာတ်တစ်မျိုးဖြစ်တဲ့ glucose ပုံမှန်ထက် မြင့်မားရတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အမျိုးအစား (၁) နှင့် (၂) ဆိုပြီး နှစ်မျိုးရှိရာမျာ ဆီးချိုလူနာအများစုရဲ့ 95% ကျော်ဟာ အမျိုးအစား (၂) ဆီးချိုဝေဒနာရှင်တွေ ဖြစ်ပါတယ်။
       ဆီးချိုရောဂါ အမျိုးအစား (၂) မဖြစ်အောင် ကြိုတင်ကာကွယ်လို့ ရပါတယ်။ အချိန် အများကြီး ပေးစရာမလိုဘဲ မိမိရဲ့ နေထိုင်စားသောက်မှုပုံစံ ဖြည်းဖြည်းချင်း ပြင်သွားခြင်း၊ ကျန်းမာရေး ဗဟုသုတ လိုက်စားခြင်းတို့ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

1.    အင်ဆူလင်အပေါ် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို လေ့လာပါ။
       အင်ဆူလင်ကို သရက်ရွက်က ထုတ်ပေးပြီး ခန္ဓာကိုယ်က စားသုံးလိုက်တဲ့ သကြားဓာတ်ကို ဆဲလ်အတွင်းရောက်အောင် ဆောင်ရွက်ပေးပါတယ်။ အဲဒီအင်ဆူလင်ကို ခန္ဓာကိုယ်က တုံ့ပြန်နိုင်စွမ်း ကျလာတဲ့အခါမှာ အစာ စားပြီးတာနဲ့ သွေးချိုဓာတ်တွေ များပြားကာ ဆီးချိုဆိုတာ ဖြစ်နိုင်ပါတယ်။ ဆဲလ်များက အင်ဆူလင်ကို ခုခံအားများတဲ့ အနေအထားက ဝမ်းဗိုက်တစ်ဝိုက် အဆီစုခြင်း၊ သွေးတိုးခြင်း၊ သွေးထဲတွင် မကောင်းသော အဆီဓာတ်များနေခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။ အဲ့လက္ခဏာတွေအားလုံးကို ပေါင်းပြီး Metabolic Syndrome လို့ ခေါ်သလို ၎င်းလက္ခဏာတွေရှိပါက အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ နှလုံးရောဂါ ဖြစ်ဖို့ အလားအလာ ပိုများပါတယ်။

2.    ပုံမှန်စစ်ဆေးမှု ခံယူပါ။
       လူအများစုက ကိုယ့်မှာ ဆီးချိုရောဂါရှိမှန်း မသိကြပါဘူး။ အသက် 40 ကျော်ပြီးသူတိုင်း ဆီးချိုရောဂါ ရှိ၊ မရှိကို တစ်နှစ်တစ်ကြိမ် စစ်ဆေးသင့်ပါတယ်။ ဆီးချိုမစစ်ရသေးပါက သေချာအောင် သွေးတွင်းသကြားဓာတ်သာမက HbA1c သွေးဖောက်စစ်တာမျိုး လုပ်သင့်ပါတယ်။

3.    လေ့ကျင့်ခန်း ပြုလုပ်ပါ။
       တစ်ချိန်လုံး Gym သွားနေရမယ်လို့ မဆိုလိုပါဘူး။ တစ်နေ့မှာ နာရီဝက်နဲ့ တစ်ပတ်မှာ ငါးရက်ခန့် လမ်းလျှောက်ခြင်းက အင်ဆူလင်ကို ခန္ဓာကိုယ်က တုံ့ပြန်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။

4.    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ရှိအောင် ကြိုးစားပါ။
       အဝလွန်နေသူတွေအတွက် လက်ရှိအလေးချိန်ရဲ့ 7 ရာခိုင်နှုန်းခန့် လျှော့ချခြင်းက ဆီးချိုကို ကာကွယ်ရာမှာ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။

5.    ကာဗိုဟိုက်ဒရိတ်ဓာတ် လျှော့ချပါ။
       ခန္ဓာကိုယ်က သကြားဓာတ်ကို ကောင်းကောင်း မချေဖျက်နိုင်ဘူးဆိုရင် သကြားဓာတ်ဟာ ကာဗိုဟိုက်ဒရိတ်ကို ဖြိုခွဲရာမှဖြစ်လာတဲ့ပစ္စည်း ဖြစ်တာကြောင့် ကာဗိုဟိုက်ဒရိတ်ဓာတ် စားသုံးမှု လျှော့ချဖို့ စဉ်းစားရပါမယ်။ ဘယ်လောက်လျှော့ချရမယ် ဆိုတာကတော့ တစ်ဦးတစ်ယောက်ချင်းဆီအလိုက် ကွဲပြားနိုင်ပါတယ်။

6.    အိမ်မှာ သွေးတွင်းသကြားဓာတ် တိုင်းတာပါ။
       ဆေးရုံ၊ ဆေးခန်း တကူးတက သွားစရာမလိုဘဲ လက်ထိပ် သွေးဖောက်ရုံနဲ့ အိမ်မှာပဲ အလွယ်တကူ တိုင်းလို့ရပါတယ်။ သွေးတွင်းသကြားဓာတ် တိုင်းခြင်းက ဘယ်အစားအစာကြောင့် သွေးတွင်းသကြားဓာတ် ဘယ်လောက်တက်တယ်ဆိုတာ သိနိုင်တာကြောင့် အမျိုးအစား (၂) ဆီးချိုသမားတွေအတွက် အသုံးဝင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။

Dr. Htet Htet Aung (www.drmyanmar.com)

(Zawgyi)

       ဆီးခ်ိဳေရာဂါဟာ ေသြးတြင္းသၾကားဓာတ္တစ္မ်ိဳးျဖစ္တဲ့ glucose ပုံမွန္ထက္ ျမင့္မားရတဲ့ ေရာဂါတစ္မ်ိဳးျဖစ္ၿပီး အမ်ိဳးအစား (၁) ႏွင့္ (၂) ဆိုၿပီး ႏွစ္မ်ိဳးရွိရာမ်ာ ဆီးခ်ိဳလူနာအမ်ားစုရဲ့ 95% ေက်ာ္ဟာ အမ်ိဳးအစား (၂) ဆီးခ်ိဳေဝဒနာရွင္ေတြ ျဖစ္ပါတယ္။
       ဆီးခ်ိဳေရာဂါ အမ်ိဳးအစား (၂) မျဖစ္ေအာင္ ႀကိဳတင္ကာကြယ္လို႔ ရပါတယ္။ အခ်ိန္ အမ်ားႀကီး ေပးစရာမလိုဘဲ မိမိရဲ့ ေနထိုင္စားေသာက္မႈပုံစံ ျဖည္းျဖည္းခ်င္း ျပင္သြားျခင္း၊ က်န္းမာေရး ဗဟုသုတ လိုက္စားျခင္းတို႔ ျပဳလုပ္ေပးရမွာ ျဖစ္ပါတယ္။

1.    အင္ဆူလင္အေပၚ ခႏၶာကိုယ္ရဲ့ တုံ႔ျပန္မႈကို ေလ့လာပါ။
       အင္ဆူလင္ကို သရက္ရြက္က ထုတ္ေပးၿပီး ခႏၶာကိုယ္က စားသုံးလိုက္တဲ့ သၾကားဓာတ္ကို ဆဲလ္အတြင္းေရာက္ေအာင္ ေဆာင္ရြက္ေပးပါတယ္။ အဲဒီအင္ဆူလင္ကို ခႏၶာကိုယ္က တုံ႔ျပန္နိုင္စြမ္း က်လာတဲ့အခါမွာ အစာ စားၿပီးတာနဲ႔ ေသြးခ်ိဳဓာတ္ေတြ မ်ားျပားကာ ဆီးခ်ိဳဆိုတာ ျဖစ္နိုင္ပါတယ္။ ဆဲလ္မ်ားက အင္ဆူလင္ကို ခုခံအားမ်ားတဲ့ အေနအထားက ဝမ္းဗိုက္တစ္ဝိုက္ အဆီစုျခင္း၊ ေသြးတိုးျခင္း၊ ေသြးထဲတြင္ မေကာင္းေသာ အဆီဓာတ္မ်ားေနျခင္းတို႔နဲ႔ ဆက္စပ္ေနပါတယ္။ အဲ့လကၡဏာေတြအားလုံးကို ေပါင္းၿပီး Metabolic Syndrome လို႔ ေခၚသလို ၎လကၡဏာေတြရွိပါက အမ်ိဳးအစား (၂) ဆီးခ်ိဳေရာဂါနဲ႔ ႏွလုံးေရာဂါ ျဖစ္ဖို႔ အလားအလာ ပိုမ်ားပါတယ္။

2.    ပုံမွန္စစ္ေဆးမႈ ခံယူပါ။
       လူအမ်ားစုက ကိုယ့္မွာ ဆီးခ်ိဳေရာဂါရွိမွန္း မသိၾကပါဘူး။ အသက္ 40 ေက်ာ္ၿပီးသူတိုင္း ဆီးခ်ိဳေရာဂါ ရွိ၊ မရွိကို တစ္ႏွစ္တစ္ႀကိမ္ စစ္ေဆးသင့္ပါတယ္။ ဆီးခ်ိဳမစစ္ရေသးပါက ေသခ်ာေအာင္ ေသြးတြင္းသၾကားဓာတ္သာမက HbA1c ေသြးေဖာက္စစ္တာမ်ိဳး လုပ္သင့္ပါတယ္။

3.    ေလ့က်င့္ခန္း ျပဳလုပ္ပါ။
       တစ္ခ်ိန္လုံး Gym သြားေနရမယ္လို႔ မဆိုလိုပါဘူး။ တစ္ေန႔မွာ နာရီဝက္နဲ႔ တစ္ပတ္မွာ ငါးရက္ခန႔္ လမ္းေလၽွာက္ျခင္းက အင္ဆူလင္ကို ခႏၶာကိုယ္က တုံ႔ျပန္နိုင္စြမ္းကို ပိုမိုေကာင္းမြန္ေစမွာ ျဖစ္ပါတယ္။

4.    က်န္းမာေရးနဲ႔ ညီညြတ္တဲ့ ကိုယ္အေလးခ်ိန္ရွိေအာင္ ႀကိဳးစားပါ။
       အဝလြန္ေနသူေတြအတြက္ လက္ရွိအေလးခ်ိန္ရဲ့ 7 ရာခိုင္ႏႈန္းခန႔္ ေလၽွာ့ခ်ျခင္းက ဆီးခ်ိဳကို ကာကြယ္ရာမွာ အေထာက္အကူျပဳတယ္လို႔ ဆိုပါတယ္။

5.    ကာဗိုဟိုက္ဒရိတ္ဓာတ္ ေလၽွာ့ခ်ပါ။
       ခႏၶာကိုယ္က သၾကားဓာတ္ကို ေကာင္းေကာင္း မေခ်ဖ်က္နိုင္ဘူးဆိုရင္ သၾကားဓာတ္ဟာ ကာဗိုဟိုက္ဒရိတ္ကို ၿဖိဳခြဲရာမွျဖစ္လာတဲ့ပစၥည္း ျဖစ္တာေၾကာင့္ ကာဗိုဟိုက္ဒရိတ္ဓာတ္ စားသုံးမႈ ေလၽွာ့ခ်ဖို႔ စဥ္းစားရပါမယ္။ ဘယ္ေလာက္ေလၽွာ့ခ်ရမယ္ ဆိုတာကေတာ့ တစ္ဦးတစ္ေယာက္ခ်င္းဆီအလိုက္ ကြဲျပားနိုင္ပါတယ္။

6.    အိမ္မွာ ေသြးတြင္းသၾကားဓာတ္ တိုင္းတာပါ။
       ေဆး႐ုံ၊ ေဆးခန္း တကူးတက သြားစရာမလိုဘဲ လက္ထိပ္ ေသြးေဖာက္႐ုံနဲ႔ အိမ္မွာပဲ အလြယ္တကူ တိုင္းလို႔ရပါတယ္။ ေသြးတြင္းသၾကားဓာတ္ တိုင္းျခင္းက ဘယ္အစားအစာေၾကာင့္ ေသြးတြင္းသၾကားဓာတ္ ဘယ္ေလာက္တက္တယ္ဆိုတာ သိနိုင္တာေၾကာင့္ အမ်ိဳးအစား (၂) ဆီးခ်ိဳသမားေတြအတြက္ အသုံးဝင္တဲ့ အရာတစ္ခု ျဖစ္ပါတယ္။

Dr. Htet Htet Aung (www.drmyanmar.com)