ဆီးချိုရောဂါ အကြိုအဆင့်ကို ဘယ်လိုဖြတ်ကျော်မလဲ
ဆီးချိုရောဂါ အကြိုအဆင့်ဆိုတာ သွေးတွင်းဆီးချိုပမာဏဟာ လုံးဝကောင်းမွန်နေတာလည်း မဟုတ်၊ တကယ့်ဆီးချိူအဆင့်ကိုလည်း မရောက်တဲ့ ကြားအဆင့်ဖြစ်ပါတယ်။ ဒီလိုကြားကာလကို ရောက်နေပြီဆိုရင် ကံကောင်းခြင်းလို့သာ ယူဆလိုက်ပါတော့။ ဘာကြောင့်လဲဆိုတော့ တကယ့်ဆီးချိုအစစ်ကို ကူးပြောင်းမသွားဖို့ လှည့်ပြောင်းဖန်တီးနိုင်စွမ်းက မိမိလက်ထဲကို ရောက်နေပြီလေ။
ဒီလိုအခွင့်အရေးကို ဘယ်လိုပိုင်ပိုင်နိုင်နိုင် အသုံးချပြီး ဆီးချိုကင်းတဲ့ တစ်သက်တာဘဝကို ဖန်တီးကြမလဲ?
အဖြေကတော့ အင်မတန်ရှင်းလင်းပါတယ်။ မိမိကိုယ်ကို ဆီးချိုဝေဒနာ ခံစားနေရပြီလို့ မှတ်ယူလိုက်ပြီး ပြင်းပြင်းထန်ထန် ပြောင်းလဲဖို့ ကြိုးပမ်းပါတော့တဲ့။
>> ဘာတွေပြောင်းလဲရမလဲ?
သိပ်ကြိုက်ပါတယိဆိုတဲ့ ထမင်းကို ပန်းကန်နဲ့လေးပုံတစ်ပုံပဲ စားရပါတော့မယ်။ ကစီဓာတ်နည်းပါးတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးရမှာ ဖြစ်ပါတယ်။
>> လုံးဝရှောင်ရမှာက
● ဂျုံ
● ခေါက်ဆွဲ
● ပြောင်းဖူး
● သကြား
● ချိုနစ်သောအသီးများ - ပန်းသီး၊ ငှက်ပျောသီး၊ လိမေ္မာ်သီးမှည့်
● အာလူး တို့ ဖြစ်ပါတယ်။
>> စားသင့်သောအစားအစာများ
● အသား - ငါး၊ အမဲသား၊ ကြက်သား
● ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ
● ကြက်ဥ၊ ဘဲဥ
● ကန်ဇွန်းရွက်၊ ဟင်းနုနယ်၊ ချဉ်ပေါင်၊ ရုံးပတေသီး၊ မှို၊ ဂွေးတောက်ရွက်၊ ဆူးပုပ်၊ ဖန်ခါး
● နေကြာစေ့၊ ဖရုံစေ့လှော်
● ထောပတ်၊ ချိစ်၊ ဒိန်ချဉ်၊ နွားနို့
● ထောပတ်သီး၊ ဘယ်ရီသီး၊ သံပရာ၊ ရှောက်သီး တို့ ဖြစ်ပါတယ်။
အစားအသောက်ပုံစံမှာ အဆီ ၇၀ ရာခိုင်နှုန်း၊ အသားဓာတ် ၂၅ ရာခိုင်နှုန်းနဲ့ ကစီဓာတ် ၅ ရာခိုင်နှုန်းသာ ပါဝင်လာမှာ ဖြစ်ပါတယ်။
ကစီဓာတ်ကို သိသိသာသာ လျှော့ချပစ်လိုက်တာ ဖြစ်ပါတယ်။ ဒီလို အစားအသောက်ပုံစံကို စတင်ကျင့်သုံးပြီးနောက် ဆီးချိုအကြိုရောဂါရှိသူတွေအနေနဲ့ နေကောင်းလာပြီး ပိုမိုကျန်းမာလာတယ်လို့ ခံစားရမှာဖြစ်ပါတယ်။
>> လေ့ကျင်ခန်း?
● နေ့စဉ် လမ်း ခပ်သွက်သွက်လျှောက်မယ်။
● ပြေးမယ်။
● Gym သွားမယ်။
● အေရိုးဗစ် ကစားမယ်။
● ယောဂကျင့်မယ်။
ကိုယ်နှစ်သက်ရာလေး လုပ်ကြည့်နေရုံပါပဲ။
အချိန်တိုအတွင်း ကိုယ်အလေးချိန် သိသာစွာ ကျဆင်းသွားခဲ့ပြီး ပေါ့ပါးဖျတ်လတ်တဲ့ ခန္ဓာကိုယ်အနေအထားကို ပိုင်ဆိုင်လာဦးမှာနော်။
ဆီးချိုအကြိုရောဂါရှိတယ်လို့ အမည်တပ်ခံရပြီးရင် ဒါလေးတွေ လိုက်နာကြည့်ရုံနဲ့ အများထက် ပိုမိုကျန်းမာလာသော အားကျစရာ အခြေအနေတစ်ရပ်ကို ရရှိသွားဦးမှာပါ။
>> စားသောက်နေမှု ပြုပြင်ခြင်းဖြင့်
● အဆီကျစေပြီး ပိန်သွယ်လှပစေပါတယ်။
● ဆီးချို ကျဆင်းစေပါတယ်။
● အာရုံစူးစိုက်အား ပိုကောင်းလာပါတယ်။
● အားအင် တိုးပွားလာတယ်။
အစာနဲ့ လေ့ကျင့်ခန်းတွဲပြီး ကျန်းမာတဲ့ အပြောင်းအလဲလေးတစ်ရပ် ဖော်ဆောင်ကြည့်ကြရအောင်လား။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)
● သကွား
● ခြိုနဈသောအသီးမြား - ပနျးသီး၊ ငှကျပြောသီး၊ လိမ်မောျသီးမှည့ျ
● အာလူး တို့ ဖွဈပါတယျ။
>> စားသင့ျသောအစားအစာမြား
● အသား - ငါး၊ အမဲသား၊ ကွကျသား




























