/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးချိုရဲ့နောင်ဆက်တွဲပြဿနာတွေကိုရှောင်ကြဉ်နိုင်ဖို့

ဆီးချိုရဲ့နောင်ဆက်တွဲပြဿနာတွေကိုရှောင်ကြဉ်နိုင်ဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

၁။ ကိုယ်​အ​လေးချိန်​​လျော့ချပါ။ ကျန်​းမာ​ရေးနဲ့ ညီညွတ်​တဲ့ ကိုယ်​အ​လေးချိန်​ ထားရှိခြင်းက ​သွေးတွင်​းအချိုဓာတ်​ကို ပုံမှန်​​ဖြစ်​​စေနိုင်​ပါတယ်​။ ဒါ​ကြောင်​့ ဆရာဝန်​၊ အာဟာရပညာရှင်​၊ ​ကာယဆရာတို့နဲ့ တိုင်​ပင်​ပြီး ကိုယ်​နဲ့ကိုက်​ညီတဲ့ ​လေ့ကျင်​့ခန်​းကို ပြုလုပ်​နိုင်​ပါတယ်​။

၂။ ပုံမှန်ဆီးချိုတိုင်​းပါ။ တိုင်​းတာချက်​အ​ဖြေဟာ ဆရာဝန်​ညွှန်​ကြားတဲ့ အတိုင်​းအတာအတွင်​းမှာ ရှိမရှိကို သိနိုင်​မှာပါ။ ရလာတဲ့အ​ဖြေ​တွေကို ​ရေးမှတ်​ထားပြီး ကိုယ်​ရဲ့အစားအ​သောက်​၊ လှုပ်​ရှားမှု​တွေရဲ့ အကျိုးသက်​​ရောက်​မှု​တွေကိုပါ မှတ်​ထားရင်ပို​ကောင်​းပါတယ်​။

၃။ ​ဆီးချိုအညွှန်​းကိန်​း A1c​သွေး​ဖောက်​စစ်​ပါ။ လွန်​ခဲ့တဲ့ ၂လ၃လအတွင်​းမှာ ဆီးချိုဘယ်​​လောက်​ရှိသလဲ သိနိုင်​ဖို့အတွက်​ A1c​ဖောက်​စစ်​နိုင်​ပါတယ်​။ ဆီးချို​ရောဂါအမျိုးအစား၂မှာ A1c ၇%​အောက်​ရှိရပါမယ်​။ ဘယ်​နှစ်​ကြိမ်​​လောက်​ စစ်​သင်​့သလဲဆိုတာကို ဆရာဝန်​နဲ့ တိုင်​ပင်​ပါ။

၄။ စားသမျှ ကစီဓာတ်​ကိုမှတ်​ထားပါ။ ကစီဓာတ်​ဘယ်​​လောက်​စား​နေတယ်​၊ ဘယ်​နှစ်​ကြိမ်​စားတယ်​ဆိုတာ​တွေကို မှတ်​ထားသင်​့ပါတယ်​။ ကစီဓာတ်​စားတာကို ထိန်​းချုပ်​ခြင်​းက ​ဆီးချို​ရောဂါထိန်​းချုပ်​ရာမှာ အ​ထောက်​အကူပြုပါတယ်​။ အမျှင်​ဓာတ်​များတဲ့ အစိမ်​း​ရောင်​အသီးအရွက်​၊ ပဲနဲ့ အ​ရောင်​မချွတ်​ထားတဲ့ နှံ​ပြောင်​း​တွေကို စား​ပေးပါ။

၅။ ​သွေးတိုး၊ ​သွေးတွင်​းအဆီဓာတ်​ ကိုလက်​စထ​ရောနဲ့ Triglyceride​တွေကို ထိန်​းချုပ်​ပါ။ ဆီးချို​ရောဂါဟာ နှလုံး​ရောဂါကို ပိုဖြစ်​​စေနိုင်​တဲ့အတွက်​ ​သွေးတိုးနဲ့ ​သွေးတွင်​းအဆီဓာတ်​တို့ကို သတိထားရပါမယ်​။ ဒါ​ကြောင်​့ ​သွေးတိုး၊ ကိုလက်​စထ​ရောနဲ့ triglycerideအဆီဓာတ်​​တွေကို ဘယ်​လိုထိန်​းချုပ်​ရမယ်​၊ ဘယ်​​ဆေး​တွေ​သောက်​သင်​့တယ်​ဆိုတာကို ဆရာဝန်​နဲ့ တိုင်​ပင်​ပါ။

၆။ လှုပ်​လှုပ်​ရှားရှား​နေပါ။ ​လေ့ကျင့်​ခန်​းပုံမှန်​ပြုလုပ်​ခြင်​းက ကိုယ်​အ​လေးချိန်​ကို ထိန်​းချုပ်​​ပေးနိုင်​ပါတယ်​။ ​လေ့ကျင့်​ခန်​းက စိတ်​ဖိစီးမှုကို ကျ​စေနိုင်​တဲ့အပြင်​ ​သွေးတိုး၊ ကိုလက်​စထ​ရောနဲ့ triglycerideအဆီဓာတ်​​တွေကို ကျဆင်​​း​စေနိုင်​ပါတယ်​။ ဒါ​ကြောင်​့ တစ်​ပတ်​ကို ၅ရက်​ တစ်​​နေ့ကို နာရီဝက်​ခန်​့ ကိုယ်​လက်​လှုပ်​ရှားမှုပြုလုပ်​ပါ။ လမ်​း​လျောက်​ခြင်​း၊ ကခုန်​ခြင်​း၊ ​အေရိုဗစ်​၊ ​ရေကူးခြင်​း၊ တင်​းနစ်​ရိုက်​ခြင်​း၊ စက်​ဘီးစီးခြငး်​ စတဲ့​လေ့ကျင်​ခန်​း​တွေ ပြုလုပ်​နိုင်​ပါတယ်​။ လှုပ်​လှုပ်​ရှားရှား လုပ်​​နေကျမဟုတ်​သူ​တွေမှာ ဖြည်​းဖြည်​းစီစနိုင်​ပါတယ်​။ မိနစ်​၃၀ ဆက်​တိုက်​မဟုတ်​ပဲ ၁၀မိနစ်​စီခွဲလုပ်​တာ၊ ထမင်​းစားပြီးချိန်​ ၁၀မိနစ်​​လောက်​လမ်​း​လျောက်​တာ၊ ကိုယ်​ကာယကြံ့ခိုင်​မှု​လေ့ကျင့်​ခန်​း​တွေကို တစ်​ချို့ရက်​​တွေမှာ လုပ်​​ပေးတာ စသည်​ဖြင်​့ ကိုယ်​လက်​လုှပ်​ရှားမှု​တွေ လုပ်​​ပေးပါ။

၇။ အိပ်​ပါ။ အိပ်​​ရေးမဝသူ​တွေဟာ ပိုပိုပြီးစားချင်​စိတ်​​တွေ ဖြစ်​လာတတ်​ပြီး ဝလာတတ်​ပါတယ်​။ အိပ်​​ရေးဝတဲ့ ဆီးချိုသမား​တွေမှာ ကျန်​းမာ​ရေးနဲ့ ညီညွတ်​စွာ စား​သောက်​နိုင်​ပြီး ​ဆီးချိုပမာဏကို ထိန်​းချုပ်​နိုင်​တယ်​လို့ သိရပါတယ်​။

၈။ စိတ်​ဖိစီးမှုနည်​း​အောင်​​နေပါ။ စိတ်​ဖိစီးမှုများခြင်​းဟာ ဆီးချိုတက်​​စေနိုင်​ပါတယ်​။ စိတ်​ဖိစီးမှုကို ​ပြေ​ပျောက်​​အောင်​ ၁၅မိနစ်​ခန်​့ငြိမ်​ငြိမ်​​လေးထိုင်​​နေတာ၊ တရားထိုင်​တာ၊ ​ယောဂကျင်​့တာ​တွေ လုပ်​နိုင်​ပါတယ်​။

၉။ ဆရာဝန်​နဲ့ပြသပါ။ အနည်​းဆုံးတစ်​နှစ်​တစ်​ကြိမ်​ ဆရာဝန်​နဲ့ ပြသပြီး မျက်​လုံးစစ်​​ဆေးမှု၊ ​သွေး​ပေါင်​ချိန်​၊ ​ခြေ​ထောက်​စစ်​​ဆေးမှုနဲ့ ​ကျောက်ကပ်​၊ အာရုံ​ကြောနဲ့ နှလုံး​ရောဂါ စတဲ့​နောက်​ဆက်​တွဲဆိုးကျိုး​တွေရှိမရှိကို စစ်​​ဆေးကြည်​့ရပါမယ်​။ တစ်​ကြိမ်​ထက်​လည်​း ပိုပြနိုင်​ပါတယ်​။

 

​Dr. Mya Phoo Ngon (www.drmyanmar.com)

(Unicode)










 

Dr. Mya Phoo Ngon (www.drmyanmar.com)