/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးချိုအကြိုအဆင့်မှာတောင်-နှလုံးနှင့်-ကျောက်ကပ်ရောဂါများ

ဆီးချိုအကြိုအဆင့်မှာတောင် နှလုံးနှင့် ကျောက်ကပ်ရောဂါများ ဖြစ်နေနိုင်သတဲ့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       ဆီးချိုအကြိုရောဂါ အဆင့်ဆိုတာက သွေးတွင်းဆီးချိုက ပုံမှန်ထက် အနည်းငယ် တက်နေပြီး တကယ့်ဆီးချိုအဆင့်ကို မရောက်သေးတဲ့အခြေအနေ ဖြစ်ပါတယ်။

          တကယ့်ဆီးချိုအဆင့်ကို မရောက်ပေမယ့် လူတွေဟာ ကျောက်ကပ်နဲ့ နှလုံး ထိခိုက်မယ့် အန္တရာယ် ရှိနေပါသတဲ့။

          အင်္ဂလန်နိုင်ငံက သုတေသနတစ်ခုအရ အကြိုဆီးချိုအဆင့် ရှိသူတွေဟာ ကျောက်ကပ်နဲ့ နှလုံးကို ထိခိုက်စေမယ့် အန္တရာယ်လက္ခဏာတွေ များနေတာကို တွေ့ထားရပါတယ်။

          တချို့လူတွေဟာ ဆီးချိုအကြိုအဆင့်မှာတောင် ကျောက်ကပ် ထိခိုက်နေပါပြီတဲ့။

          ဒီတော့ ပညာရှင်တွေကို အငြင်းပွားစေတဲ့ ဆီးချိုအကြိုအဆင့်ဖြစ်တဲ့ Hb A1c 5 နဲ့ 6 ကြားဟာ နှလုံးသွေးကြောနဲ့ ကျောက်ကပ်ရောဂါတွေဆီ ဦးတည်နေပြီဆိုတာ သံသယရှိစရာ မလိုတော့ပါဘူး။ နောက်ထပ်သုတေသနတွေ ထပ်မံလိုအပ်နေပေမယ့် ဆီးချိုအကြိုအဆင့်ကို ကြိုးကြိုးစားစား ကုသကြရအောင်။

 

>>    ဘယ်လိုကုသမလဲ?

●        တစ်ပတ်ကို နှစ်ရက်ခန့် လမ်းလျှောက်ပါ။

●        အဆီအဆိမ့် ရှောင်ပါ။

●        အသီးအရွက် များများစားပါ။

●        ဆီးချို ပုံမှန်စစ်ဆေးပါ။

●        ချိုတဲ့အစားအစာတွေဖြစ်တဲ့ ပေါင်မုန့်၊ ကိတ်မုန့်၊ ဂျုံ၊ သရက်သီး၊ နာနတ်သီး လျှော့စားပါ။

●        ကော်ဖီမစ်၊ လက်ဖက်ရည် ရှောင်ပါ၊ လက်ဖက်စိမ်း ရေနွေးကြမ်း သောက်နိုင်ပါတယ်။

●        ရေများများ သောက်ပါ။

●        သွေးတွင်းဆီးချို ငြိမ်သက်စေဖို့ တရားထိုင်ပါ၊ စိတ်ဖိစီးမှု လျှော့ချပါ။

          သွေးတွင်းဆီးချို အကြိုအဆင့်ပဲလို့ ပေါ့ပေါ့ဆဆ မနေသင့််ကြောင်း ကျောက်ကပ်နဲ့နှလုံးမှာ အန္တရာယ် ရှိနေပြီဖြစ်ကြောင်း ပညာရှင်တွေကတော့ သတိပေးလိုက်ပါပြီ။

          မိမိကိုယ်တိုင်က အသိနဲ့သတိ ယှဉ်လို့ ကြိုးစားပြုပြင်ကုသဖို့သာ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)