/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးချိုအနာများ-အကျက်မြန်ရေး-သေချာဂရုစိုက်ပေး

ဆီးချိုအနာများ အကျက်မြန်ရေး သေချာဂရုစိုက်ပေး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ရောဂါတိုင်းလိုလိုမှာ နောက်ဆက်တွဲဆိုးကျိုးများ များစွာရှိတာမို့ စိတ်ညစ်ညူးစရာ ကောင်းလှပါတယ်။ ထိုနည်းတူ ဆီးချိုရောဂါရှိသူများအနေဖြင့်လည်း နောက်ဆက်တွဲဆိုးကျိုးများမှ တစ်ခုဖြစ်သော ဆီးချိုအနာများကို နေ့စဉ်နှင့်အမျှ ဂရုစို်က်ကုသရပါတယ်။
         ဆီးချိုအနာများဟာ ဆီးချိုကြောင့် ခြေထောက်များ ဖြတ်ပစ်ရခြင်းရဲ့ အစဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့်မို့ ဆီးချိုအနာများ မဖြစ်ပေါ်အောင် ကာကွယ်ဖို့ အရေးကြီးသလို ဖြစ်ပေါ်လာပြီဆိုတာနဲ့ ကောင်းစွာ ဂရုစိုက်ကုသရန်လည်း လိုအပ်ပါတယ်။

          ဆီးချိုအနာများ စတင်ဖြစ်ပေါ်ပြီဆိုပါက အောက်ပါအတိုင်း စနစ်တကျ ဂရုစိုက်သင့်ပါတယ်။
(၁)     အနာကို အပေါ်ကတစ်ခုခုနှင့် ဖုံးထားပါ။ စိုစွတ်မှုရှိဖို့လည်း လိုပါတယ်။
         အနာဟာ လေဝင်လေထွက်ကောင်းမှ အကျက်မြန်မယ်လိို့ ယူဆကြသော်လည်း အနာကို ဖုံးအုပ်ထားခြင်းဖြင့် ပိုမိုအကျက်မြန်စေတာ တွေ့ရပါတယ်။
         ထို့ပြင် အနာပေါ်သို့ ဆရာဝန်ညွန်ကြားထားသော လိမ်းဆေးတစ်ခုခုကို နေ့စဉ်လိမ်းပေးခြင်းဖြင့် ပိုမိုအကျက်မြန်စေပါတယ်။ ထိုသို့ လိမ်းဆေးအစိုကိုလိမ်းပြီးတိုင်း သန့်စင်သောပတ်တီးဖြင့် ဖုံးအုပ်ပေးပါ။

(၂)     သွေးတွင်းသကြားဓာတ်ကို နေ့စဉ်စောင့်ကြည့်ပါ။
         ဒါကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ဆီးချိုရောဂါရှိသူတိုင်းအတွက် သွေးတွင်းသကြားဓာတ်ကို နေ့စဉ်စစ်ဆေးဖို့ အရေးကြီးပါတယ်။ သွေးတွင်းသကြားဓာတ်များပါက ဆိုးကျိုးများစွာ ဖြစ်ပေါ်စေမယ့်အပြင် အနာကျက်နှုန်းကိုပါ နှေးစေပါလိမ့်မယ်။ ဒါကြောင့် ဆီးချိုကျဆေးကို နေ့စဉ်သောက်ပါ။ ကစီဓာတ်ပါသောအရာများ (ဆန်၊ ဂျုံ၊ ပြောင်း၊ ခေါက်ဆွဲ၊ ချာပါတီ) ကို လျှော့စားပါ။

(၃)     ခြေထောက်ကို ဖိအားသိပ်မပေးဖို့ သတိပြုသင့်ပါတယ်။
         ဆီးချိုအနာများဟာ အခြားအနာများထက် အကျက်နှေးတာ သိကြမှာပါ။ ဒါကြောင့် နေ့စဉ် ပုံမှန်ဂရုစိုက်သင့်တဲ့အပြင် အနာမကျက်သေးမချင်း မလိုအပ်သော ခြေထောက်လှုပ်ရှားမှုများကို မပြုလုပ်သင့်ပါဘူး။
         အကြာကြီးမတ်တပ်ရပ်ခြင်း၊ မိုးရေထဲလမ်းလျှောက်ခြင်း၊ အလေးအပင်မခြင်းစသည့် ခြေထောက်ကို ဖိအားပေးသည့် လှုပ်ရှားမှုများကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ ထို့ပြင် ဖိနပ်အကျပ်များစီးခြင်းကိုလည်း မပြုလုပ်သင့်ပါဘူး။

(၄)     ဆီးချိုအနာများ မဖြစ်ပေါ်ခင် ကြိုတင်ကာကွယ်ပါ။
          ဆီးချိုဝေဒနာသည်များအနေဖြင့် မိမိခြေထောက်နှင့်ခြေချောင်းများကြားတွင် ထိိခိုက်ရှနာများ၊ အနာများ၊ သွေးခြေဥများ၊ အရည်ကြည်ဖုများ ရှိ၊ မရှိကို နေ့စဉ် စစ်ဆေးသင့်ပါတယ်။ အိမ်သားများအနေဖြင့်လည်း ၀ိုင်းဝန်းစောင့်ကြည့်ပေးသင့်ပါတယ်။

>>    အောက်ပါအခြေအနေမျိုးတွင် အနာများ ပိုမိုဖြစ်ဖို့ အလားအလာရှိတာမို့ မပေါ့ဆသင့်ပါဘူး။
♦      သွေးလှည့်ပတ်မှုမကောင်းသူများ
♦      ဆီးချိုကြောင့် ခြေလက်အာရုံကြော ထုံကျဉ်နေသူများ
♦      သွေးတွင်းကိုလက်စထရော သို့မဟုတ် သကြားဓာတ် များနေသူများ
♦      ယခင်က ခြေထောက်အနာရှိဖူးသူများ
♦      ဆေးလိပ်သောက်သူများ
♦      အရက် အလွန်အကျွံသောက်သူများ
       အထက်ပါအချက်များထဲက တစ်ချက် သို့မဟုတ် တစ်ချက်ထက်ပိုပြီး ရှိနေပါက မပေါ့ဆဘဲ ဆီးချိုသမားတော်နှင့် ပြသဆွေးနွေးသင့်ပါတယ်။
       ဆီးချိုအနာများဟာ စတင်ရှိပြီဆိုတာနှင့် တစ်ပြိုင်နက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပေးစွမ်းပါတယ်။ သေချာစွာ မကုသပါက ခြေချောင်းများ ဖြတ်ပစ်ရသည်အထိိ အန္တရာယ်ပေးနိုင်တာမို့ မပေါ့ဆသင့်သော ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် တင်ပြလိုက်ရပါတယ်။

လေပြေနုသွေး (ဆေး၂) (www.drmyanmar.com)

(Zawgyi)

         ေရာဂါတိုင္းလိုလိုမွာ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား မ်ားစြာရွိတာမို႔ စိတ္ညစ္ညဴးစရာ ေကာင္းလွပါတယ္။ ထိုနည္းတူ ဆီးခ်ိဳေရာဂါရွိသူမ်ားအေနျဖင့္လည္း ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားမွ တစ္ခုျဖစ္ေသာ ဆီးခ်ိဳအနာမ်ားကို ေန႔စဥ္ႏွင့္အမၽွ ဂ႐ုစို္က္ကုသရပါတယ္။
         ဆီးခ်ိဳအနာမ်ားဟာ ဆီးခ်ိဳေၾကာင့္ ေျခေထာက္မ်ား ျဖတ္ပစ္ရျခင္းရဲ့ အစဆိုရင္လည္း မမွားပါဘူး။ ဒါေၾကာင့္မို႔ ဆီးခ်ိဳအနာမ်ား မျဖစ္ေပၚေအာင္ ကာကြယ္ဖို႔ အေရးႀကီးသလို ျဖစ္ေပၚလာၿပီဆိုတာနဲ႔ ေကာင္းစြာ ဂ႐ုစိုက္ကုသရန္လည္း လိုအပ္ပါတယ္။

         ဆီးခ်ိဳအနာမ်ား စတင္ျဖစ္ေပၚၿပီဆိုပါက ေအာက္ပါအတိုင္း စနစ္တက် ဂ႐ုစိုက္သင့္ပါတယ္။
(၁)     အနာကို အေပၚကတစ္ခုခုႏွင့္ ဖုံးထားပါ။ စိုစြတ္မႈရွိဖို႔လည္း လိုပါတယ္။
         အနာဟာ ေလဝင္ေလထြက္ေကာင္းမွ အက်က္ျမန္မယ္လိို႔ ယူဆၾကေသာ္လည္း အနာကို ဖုံးအုပ္ထားျခင္းျဖင့္ ပိုမိုအက်က္ျမန္ေစတာ ေတြ႕ရပါတယ္။
         ထို႔ျပင္ အနာေပၚသို႔ ဆရာဝန္ညြန္ၾကားထားေသာ လိမ္းေဆးတစ္ခုခုကို ေန႔စဥ္လိမ္းေပးျခင္းျဖင့္ ပိုမိုအက်က္ျမန္ေစပါတယ္။ ထိုသို႔ လိမ္းေဆးအစိုကိုလိမ္းၿပီးတိုင္း သန႔္စင္ေသာပတ္တီးျဖင့္ ဖုံးအုပ္ေပးပါ။

(၂)     ေသြးတြင္းသၾကားဓာတ္ကို ေန႔စဥ္ေစာင့္ၾကည့္ပါ။
         ဒါကေတာ့ အားလုံးသိၾကတဲ့အတိုင္းပါပဲ။ ဆီးခ်ိဳေရာဂါရွိသူတိုင္းအတြက္ ေသြးတြင္းသၾကားဓာတ္ကို ေန႔စဥ္စစ္ေဆးဖို႔ အေရးႀကီးပါတယ္။ ေသြးတြင္းသၾကားဓာတ္မ်ားပါက ဆိုးက်ိဳးမ်ားစြာ ျဖစ္ေပၚေစမယ့္အျပင္ အနာက်က္ႏႈန္းကိုပါ ေႏွးေစပါလိမ့္မယ္။ ဒါေၾကာင့္ ဆီးခ်ိဳက်ေဆးကို ေန႔စဥ္ေသာက္ပါ။ ကစီဓာတ္ပါေသာအရာမ်ား (ဆန္၊ ဂ်ဳံ၊ ေျပာင္း၊ ေခါက္ဆြဲ၊ ခ်ာပါတီ) ကို ေလၽွာ့စားပါ။

(၃)     ေျခေထာက္ကို ဖိအားသိပ္မေပးဖို႔ သတိျပဳသင့္ပါတယ္။
         ဆီးခ်ိဳအနာမ်ားဟာ အျခားအနာမ်ားထက္ အက်က္ေႏွးတာ သိၾကမွာပါ။ ဒါေၾကာင့္ ေန႔စဥ္ ပုံမွန္ဂ႐ုစိုက္သင့္တဲ့အျပင္ အနာမက်က္ေသးမခ်င္း မလိုအပ္ေသာ ေျခေထာက္လႈပ္ရွားမႈမ်ားကို မျပဳလုပ္သင့္ပါဘူး။
         အၾကာႀကီးမတ္တပ္ရပ္ျခင္း၊ မိုးေရထဲလမ္းေလၽွာက္ျခင္း၊ အေလးအပင္မျခင္းစသည့္ ေျခေထာက္ကို ဖိအားေပးသည့္ လႈပ္ရွားမႈမ်ားကို ေရွာင္ၾကဥ္ရမွာ ျဖစ္ပါတယ္။ ထို႔ျပင္ ဖိနပ္အက်ပ္မ်ားစီးျခင္းကိုလည္း မျပဳလုပ္သင့္ပါဘူး။

(၄)     ဆီးခ်ိဳအနာမ်ား မျဖစ္ေပၚခင္ ႀကိဳတင္ကာကြယ္ပါ။
          ဆီးခ်ိဳေဝဒနာသည္မ်ားအေနျဖင့္ မိမိေျခေထာက္ႏွင့္ေျခေခ်ာင္းမ်ားၾကားတြင္ ထိိခိုက္ရွနာမ်ား၊ အနာမ်ား၊ ေသြးေျခဥမ်ား၊ အရည္ၾကည္ဖုမ်ား ရွိ၊ မရွိကို ေန႔စဥ္ စစ္ေဆးသင့္ပါတယ္။ အိမ္သားမ်ားအေနျဖင့္လည္း ၀ိုင္းဝန္းေစာင့္ၾကည့္ေပးသင့္ပါတယ္။

>>    ေအာက္ပါအေျခအေနမ်ိဳးတြင္ အနာမ်ား ပိုမိုျဖစ္ဖို႔ အလားအလာရွိတာမို႔ မေပါ့ဆသင့္ပါဘူး။
♦       ေသြးလွည့္ပတ္မႈမေကာင္းသူမ်ား
♦       ဆီးခ်ိဳေၾကာင့္ ေျခလက္အာ႐ုံေၾကာ ထုံက်ဥ္ေနသူမ်ား
♦       ေသြးတြင္းကိုလက္စထေရာ သို႔မဟုတ္ သၾကားဓာတ္ မ်ားေနသူမ်ား
♦       ယခင္က ေျခေထာက္အနာရွိဖူးသူမ်ား
♦       ေဆးလိပ္ေသာက္သူမ်ား
♦       အရက္ အလြန္အကၽြံေသာက္သူမ်ား
        အထက္ပါအခ်က္မ်ားထဲက တစ္ခ်က္ သို႔မဟုတ္ တစ္ခ်က္ထက္ပိုၿပီး ရွိေနပါက မေပါ့ဆဘဲ ဆီးခ်ိဳသမားေတာ္ႏွင့္ ျပသေဆြးေႏြးသင့္ပါတယ္။
        ဆီးခ်ိဳအနာမ်ားဟာ စတင္ရွိၿပီဆိုတာႏွင့္ တစ္ၿပိဳင္နက္ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးကိုသာ ေပးစြမ္းပါတယ္။ ေသခ်ာစြာ မကုသပါက ေျခေခ်ာင္းမ်ား ျဖတ္ပစ္ရသည္အထိိ အႏၲရာယ္ေပးနိုင္တာမို႔ မေပါ့ဆသင့္ေသာ က်န္းမာေရးအေျခအေနတစ္ခုအျဖစ္ တင္ျပလိုက္ရပါတယ္။

ေလေျပႏုေသြး (ေဆး၂) (www.drmyanmar.com)