/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးလမ်းကြောင်း-ပိုးဝင်တယ်ဆိုတာ-ဘာလဲ

ဆီးလမ်းကြောင်း ပိုးဝင်တယ်ဆိုတာ ဘာလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဆီးလမ်းကြောင်း ပိုးဝင်တယ်ဆိုတာ ဆီးလမ်းကြောင်းအောက်ပိုင်း ဆီးအိမ် ပိုးဝင်တာ၊ ဆီးကျိတ် ပိုးဝင်တာကနေ ကျောက်ကပ် ပိုးဝင်တာအထိကို ဖြစ်နိုင်ပါတယ်။ များသောအားဖြင့်တော့ ဘက်တီးရီးယားပိုးဝင်တာ များပါတယ်။ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပြီး စောစောသိရင် ကုရတာ လွယ်ပါတယ်။

          E.coli လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးက ဆီးလမ်းကြောင်း ပိုးဝင်တာရဲ့ ၉၀% လောက်ကို ဖြစ်စေနိုင်တတ်တယ်။ ဝမ်းလမ်းကြောင်းနဲ့ လိင်အင်္ဂါတွေကနေတစ်ဆင့် ဆီးအိမ်ကနေ ဆီးတွေကို စွန့်ထုတ်ပေးတဲ့ ဆီးလမ်းကြောင်းတို၊ ဒီကနေ ဆီးအိမ်၊ ဆီးအိမ်နဲ့ အပေါ်ကကျောက်ကပ်ကို ဆက်ထားတဲ့ ဆီးလမ်းကြောင်းရှည်အထိကို တက်သွားနိုင်ပါတယ်။

          Staphylococcus လိုမျိုး ဘက်တီးရီးယားပိုးမျိုးဆိုရင် သွေးထဲကနေတစ်ဆင့် ကျောက်ကပ်အထိကို ပြန့်နိုင်ပါတယ်။

 

>>    ကျောက်ကပ်ပိုးဝင်နိုင်တဲ့ အကြောင်းရင်းတွေကတော့ -

          ပုံမှန်ဆိုရင် ဘက်တီးရီးယားပိုးတွေကို ဆီးကနေတစ်ဆင့် စွန့်ထုတ်ပေးပါတယ်။ ဒါပေမဲ့ ကျောက်ကပ်ပိုးဝင်စေနိုင်တဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကတော့ -

●        ဆီးလမ်းကြောင်းကို ပိတ်ဆို့ထားတဲ့ လမ်းကြောင်းပြဿနာတွေ (လမ်းကြောင်းကျဉ်းနေခြင်း၊ လမ်းကြောင်းချဲ့ပစ္စည်းနဲ့ ပြန်ပိတ်နေခြင်း၊ ကျောက်နဲ့ ပိတ်နေခြင်း၊ ခွဲစိတ်မှုကြောင့် ကျဉ်းသွားခြင်း)

●        ဆီးကျိတ်ကြီးနေပြီး ဆီးလမ်းကြောင်းတိုကို ပိတ်ခြင်း

●        ဆီးအိမ်ကနေ ကျောက်ကပ်ထဲကို ဆီးပြန်ဝင်ခြင်း

●        ခုခံအားစနစ် ကျနေခြင်း (သွေးဖြူဥ လျော့နည်းနေခြင်း၊ ခုခံအားကျဆေး သောက်နေခြင်း၊ အိတ်ချ်အိုင်ဗီပိုး ရှိနေခြင်း၊ ကင်ဆာရှိနေခြင်း၊ အင်္ဂါအစိတ်အပိုင်း လဲထားခြင်း)

●        ကိုယ်ဝန်ဆောင်နေချိန်မှာ ကြီးလာတဲ့သားအိမ်ကြီးက ဆီးလမ်းကြောင်းရှည်ကို ဖိမိပြီး ဆီးမထွက်အောင် တားထားတာကြောင့် ဘက်တီးရီးယားပိုးတွေ ကျောက်ကပ်ထဲကို ဝင်သွားခြင်း

●        ဆီးချို မထိန်းနိုင်ခြင်း စတာတွေပါပဲ။

 

>>    ဒီလို ဆီးပိုးဝင်တဲ့ လက္ခဏာတွေကတော့ -

          ရောဂါလက္ခဏာ ပိုဆိုးလေလေ၊ ကျောက်ကပ်ထိဖို့ ပိုဖြစ်နိုင်လေလေပါပဲ။ ဆီးပိုးဝင်တဲ့ လက္ခဏာတွေကတော့ -

●        ရုတ်တရက် ချမ်းတုန်လာခြင်း

●        အဖျား ၁၀၀ ဒီဂရီ ကျော်ခြင်း

●        ပေါင်ခြံကြား၊ နောက်ကျောနဲ့ ဘေးခြမ်းတွေ နာကျင်လာခြင်း

●        ပျို့ခြင်း

●        အန်ခြင်း

●        ဝမ်းဗိုက်ကြွက်သားတွေ တဆတ်ဆတ် တုန်ရင်လာခြင်း

          တို့ ဖြစ်ပြီးတော့

 

>>    ကျောက်ကပ် ပိုးဝင်ရင်တော့

●        အသားတွေ နီရဲလာခြင်း

●        ဆီးသွားရင် နာခြင်း

●        ဆီး ခဏခဏ သွားချင်လာခြင်း

●        ဆီး သွားချင်ပေမယ့် သွားမရခြင်း

●        နေထိုင်မကောင်းခြင်း

●        ဆီးနောက်ခြင်း

●        ဆီးအရောင်ရင့်ခြင်း

●        ဆီးထဲ သွေးပါခြင်း

●        ဆီးအနံ့ နံခြင်း

          စတဲ့ လက္ခဏာတွေပါ ဖြစ်လာတတ်ပါတယ်။

          ဒီလိုလက္ခဏာတွေ ရုတ်တရက် ခံစားလာရပြီဆိုရင်တော့ ဆရာဝန်နဲ့ပြဖို့ လိုလာပါပြီနော်။

Dr. Mya Phoo Ngon (www.drmyanmar.com)