/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးအရောင်ကပြောတဲ့-ကျန်းမာရေး

ဆီးအရောင်ကပြောတဲ့ ကျန်းမာရေး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ခန္ဓာကိုယ်ရဲ့ စွန့်ပစ်ပစ္စည်းတစ်ခုဖြစ်တဲ့ ဆီးအရောင်ကိုကြည့်ပြီး လူတစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေကို အကြမ်းဖျဉ်း ခန့်မှန်းနိုင်ပါတယ်။

၁။       ကြည်လင်တဲ့အရောင်ရှိသောဆီး - ရေကိုလိုအပ်တာထက် ပိုပြီး သောက်သုံးမိနေကြောင်း ဖော်ပြပါတယ်။ ဘာအန္တရာယ်မှ မရှိပါဘူး။

၂။       ကောက်ရိုးရောင်မှ ပယင်းရောင်ရှိသောဆီး - အဝါရောင်ဖျော့ဖျော့ရှိတဲ့ဆီးက  ကျန်းမာရေးကောင်းမွန်ကြောင်း ဖော်ပြနေပြီး အဝါရောင်ရင့်ရင့်ရှိတဲ့ဆီးကတော့ ရေနှင့်အသီး အရွက်ကို ဦးစားပေးစားသင့်ကြောင်း ဖော်ပြနေပါတယ်။

၃။       ပန်းရောင် (သို့) အနီရောင်ရှိသောဆီး - ဆရာ၀န်နှင့်ပြသသင့်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းပိုး၀င်ခြင်း၊ ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ ကျောက်ကပ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ စတဲ့ရောဂါများတွင် တွေ့ရတတ်တဲ့ ဆီးအရောင်ဖြစ်ပါတယ်။

၄။       အညိုရောင်ဆီး - အလွန်အမင်း ရေဓာတ်ချို့ယွင်းနေတဲ့ လက္ခဏာဖြစ်ပါတယ်။ ရေများများ သောက်ဖို့နှင့် အသီးအရွက်အများများစားပေးဖို့ လိုအပ်ပါတယ်။

၅။       အစိမ်းရောင် (သို့) အပြာရောင်ဆီး - ဆိုးဆေးပါသော အစားအစာများ၊ အချို့သော အရောင်ကျဆေးနှင့် စိတ်ကျရောဂါအတွက် ဆေးဝါးများသောက်သုံးနေသူများတွင် တွေ့ရတတ်ပါတယ်။

၆။       အမြှုပ်ပါသောဆီး - ယင်းဆီးအမျိုးအစားဖြစ်ပါက စားနေသော အစားအစာထဲတွင် အသားဓာတ်အလွန်ကျွံပါ၀င်နေခြင်း သို့မဟုတ် ကျောက်ကပ်၏ကျန်းမာရေးမကောင်းခြင်း တို့ကို ညွှန်ပြနေပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com