ဆောင်းတွင်းကာလမှာ ကျန်းမာပျော်ရွှင်ဖို့
ဆောင်းတွင်းကာလ ရောက်လာပြီဆိုတော့ ရာသီဥတု အေးလာတာနဲ့အမျှ ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။
● နေ့တိုင်း နေရောင်ခြည်ခံပေးပါ
အိမ်ထဲမှာပဲနေပြီး နေရောင်ခြည် မရတာဟာ စိတ်ကို မကြည်မလင် မလန်းမဆန်း ဖြစ်စေတတ်ပါတယ်။ ဆောင်းတွင်းမှာဖြစ်တဲ့ စိတ်ကျရောဂါတောင် ရှိတတ်ပါတယ်။ မနက်စောစော နေရောင်ရအောင် အပြင်ထွက်ပြီး ပြေးတာတို့၊ လမ်းလျှောက်တာတို့ လုပ်သင့်ပါတယ်။
● ရေနွေးနဲ့ ရေချိုးပါ
ခန္ဓာကိုယ်ကို နွေးစေတဲ့အပြင် ကြွက်သားတွေကိုလည်း ဖြေလျော့စေပါတယ်။
● ချွေးထုတ်ခန်း သွားပေးပါ
ကိုဗစ်အချိန်မှာတော့ သွားလို့မရသေးပေမယ့် ချွေးထုတ်ခန်းသွားရင် နာကျင်၊ ပင်ပန်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပါတယ်။ အရိုးအဆစ်ကိုက်ခဲတာတွေကိုလည်း သက်သာစေပြီး အိပ်လို့ကောင်းစေပါတယ်။ သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။
● အစိုဓာတ်ထိန်းခရင်မ်တွေ လိမ်းပါ၊ ရေများများသောက်ပါ
အနံ့ကောင်းတဲ့ အစိုဓာတ်ထိန်းခရင်မ်လေး လိမ်းပါ။ အရေပြားတွေ ခြောက်သွေ့တာကနေ ကာကွယ်ပါ။ ရေများများ၊ အရည်များများ သောက်တာကလည်း အသားအရေကို စိုစွတ်စေသလို ခန္ဓာကိုယ်ကိုလည်း ရေဓာတ်ဖြည့်ပေးပါတယ်။
● လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
လေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်အတွက် ကောင်းမွန်ပါတယ်။ စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေပါတယ်။
● အနားယူပါ
ဆောင်းရာသီဟာ ပိတ်ရက်ရှည်တွေလည်း ရတဲ့အချိန်ဖြစ်တာကြောင့် ကောင်းကောင်း အနားယူ နွေးနွေးထွေးထွေးနေဖို့ လိုအပ်ပါတယ်။
● ဆောင်းတွင်းရဲ့ အလှအပတွေကို ပြန်ရှာဖွေပါ
ဆောင်းတွင်းဆို အေးတယ်၊ နေမထွက်ဘူး ဒါတွေ တွေးနေမယ့်အစား သူရဲ့အလှအပတွေကို ရှာဖွေပါ။ ဓာတ်ပုံလေးတွေ ရိုက်ပါ။
● သူငယ်ချင်းတွေနဲ့ အဆက်အသွယ်လုပ်ပါ
အပြင်မှာ မတွေ့ရရင်တောင် online ကနေ ဆက်သွယ်ပါ။
Dr. Htar (www.drmyanmar.com)






























