/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆောင်းတွင်းမှာ-စိတ်ဂယောက်ဂယက်ဖြစ်နိုင်တယ်

ဆောင်းတွင်းမှာ စိတ်ဂယောက်ဂယက်ဖြစ်နိုင်တယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဆောင်းတွင်းမှာ လူအချို့ဟာ စိတ်ကျရောဂါကို ခံစားရတတ်ကြပါတယ်။

1. ဒီလိုစိတ်ဂယောက်ဂယက်ဖြစ်တာတွေက နေ့တာတိုပြီး နေရောင်ခြည်ရချိန် နည်းသွားတာနဲ့လည်း သက်ဆိုင်ပါတယ်။

2. တချို့လူတွေအတွက်ကြတော့ ဆောင်းတွင်း အထူးသဖြင့် ဒီဇင်ဘာလမှာ အားလပ်ရက်ရှည်တဲ့အတွက် ကိုယ်ချစ်တဲ့သူနဲ့ ရက်ကြာကြာခွဲရလို့ (သို့) ရာသီဥတုအရမ်းအေးတဲ့အခါမှာ ခါတိုင်းလို မိတ်ဆွေတွေနဲ့အပြင်မထွက်ရလို့ စိတ်ဓာတ်ကျတတ်ပါတယ်။

          ဒီလို စိတ်ဂယောက်ဂယက်ဖြစ်တာကို မခံစားရစေဖို့ တစ်နေ့လုံးအိမ်ထဲမှာပဲ အချိန်ဖြုန်းမနေဘဲနဲ့ နေ့ဘက်မှာ အပြင်ထွက်ပြီး သဘာဝ နေရောင်ခြည်ဓာတ်ကို ခံယူပါ။ နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ အိပ်ရေးဝဝအိပ်ပါ။ အရွယ်ရောက်ပြီးသူတစ်ယောက်အတွက် တစ်နေ့ကို 7 - 9 နာရီခန့် အိပ်စက်အနားယူပေးပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)