ဆေးလိပ်သောက်ခြင်းကြောင့် ထိပ်ပြောင်နိုင်
ထိပ်ပြောင်ခြင်းသည် မျိုးရိုးလိုက်တတ်ပြီး အမျိုးသားများမှာအဖြစ်များလေ့ရှိပါတယ်။ သို့သော်ဆေးလိပ်သောက်ခြင်းဟာ ထိပ်ပြောင်ခြင်းကိုဖြစ်စေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။ သန်စွမ်းကျန်းမာသော ဆံပင်ကိုပိုင်ဆိုင်နိုင်ရန်အတွက် အောက်စီဂျင်၊ ဗီတာမင်နှင့်ပြည့်၀သော အာဟာရဓာတ်များရရှိနေဖို့ အထူးလိုအပ်ပါတယ်။ ဆေးလိပ်ငွေ့တွင် အဆိပ်အတောက်ဖြစ်စေသော ဓာတုပစ္စည်းများထောင်နှင့်ချီပါ၀င်နေပြီး ၎င်းဆေးလိပ်ငွေ့များကို ရှုရှိုက်မိခြင်းကြောင့် အမွှေးအိတ်များကို သွေးအရောက်နည်းသွားပြီး အကျိုးဆက်အနေနဲ့ ဆံပင်ပါးခြင်းနှင့်ဆံပင်ကျွတ်ခြင်းတို့ကို ခံစားလာရပါတယ်။ ထို့အပြင်ဆေးလိပ်သောက်ခြင်းသည် အသက်အရွယ်ကြီးရင့်ခြင်းကြောင့် ဆံပင်ကျွတ်ခြင်းကိုလည်းအားပေးပါတယ်။ ဒါ့ကြောင့် ဆံပင်ကျွတ်ခြင်းမှကာကွယ်နိုင်ရန် ဆေးလိပ်သောက်သုံးခြင်းကို အထူးရှောင်ရှားသင့်ပါတယ်။
Dr. Htet Htet Aung






























