ဆေးလိပ်…ဆေးလိပ်….ကိုယ်တိုင်မသောက်လဲ ဒုက္ခအကြီးအကျယ်ပေးတာပါပဲလား
ဆေးလိပ်မသောက်ပေမယ့် တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူနေရတဲ့ ကလေးနဲ့ လူကြီးတွေမှာ စောဆီးစွာသေဆုံးနိုင်ခြင်းနဲ့ ရောဂါတွေဖြစ်စေနိုင်ပါတယ််။ ဆေးလိပ်ငွေ့များများရှူမိလေ ရောဂါ ရနိုင်ချေများလေပါပဲ၊ ဒီဆေးလိပ်ငွေ့တွေရှူရတဲ့အတွက် ရောဂါဖြစ်နိုင်ချေမရှိတဲ့ပမာဏရယ်လို့မရှိပါဘူး။ သုတေသီတွေရဲ့အဆိုအရ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူခြင်းကြောင့် အောက်ပါရောဂါနဲ့ ကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါတယ်။
♦ အရွယ်ရောက်ပြီးသူတွေမှာဖြစ်နိုင်တဲ့ရောဂါတွေကတော့
1. နှလုံးရောဂါ
2. အဆုတ်ကင်ဆာ
3. မျက်လုံးနှင့် နှာခေါင်းများကို ထိခိုက်ခြင်း
♦ ကလေးများနှင့် တစ်နှစ်အောက်ကလေးတွေမှာဖြစ်နိုင်တဲ့ရောဂါတွေကတော့
1. တစ်နှစ်အောက်ကလေးများတွင် ရုတ်တရက်အသက်ရှူရပ်ပြီး အသက်ဆုံးရှူံးစေသောရောဂါလက္ခဏာစု (SIDS)
2. ပေါင်မပြည့်ဘဲမွေးခြင်း (ကိုယ်ဝန်ဆောင်မိခင် တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူမိလျှင်)
3. လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်းနှင့် အခြားအဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ
4. အသက်ငယ်သောကလေးများတွင် အသက်ရှူလျှင်အသံမြည်ခြင်း
5. အလယ်နားတွင်ဖြစ်သောရောဂါများ (နားရောင်ခြင်း)
6. ချောင်းဆိုးခြင်း၊ အသက်ရှူမြန်ခြင်း၊ အသက်ရှူလျှင်အသံမြည်ခြင်း အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများ
7. ပန်းနာရင်ကြပ်ဖြစ်နိုင်ချေများခြင်းနှင့် ရောဂါပိုဆိုးစေခြင်း
8. ကလေးငယ်ဘဝတွင် အဆုတ်ကောင်းကောင်းအလုပ်မလုပ်နိုင်ခြင်း
အထက်ပါရောဂါများအပြင် အခြားရောဂါတွေနဲ့လည်း ဆက်စပ်မှုရှိပါတယ်။
♦ အရွယ်ရောက်ပြီးသူများတွင်
1. နှာခေါင်းကင်ဆာ
2. ရင်သားကင်ဆာ
3. လေဖြတ်ခြင်း
4. သွေးကြောများမာခြင်း
5. ချောင်းဆိုးခြင်း၊ အသက်ရှူခက်ခြင်း၊ မြန်ခြင်း၊ အသက်ရှူလျှင် အသံမြည်ခြင်း၊ ရင်ကြပ်ခြင်းအပါအဝင် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါလက္ခဏာများ ( ပန်းနာရင်ကြပ်ရှိသူများနှင့် ကျန်းမာရေးကောင်းသူများပါ)
6. နာတာရှည်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ
7. ပန်းနာရင်ကြပ်သမားများတွင် အဆုတ်လုပ်နိုင်စွမ်းအင်ခေတ္တကျဆင်းသွားခြင်း
8. ပန်းနာရင်ကြပ်ဖြစ်ခြင်းနှင့် ရောဂါပိုဆိုးလာခြင်း
9. နာတာရှည်အသက်ရှူလမ်းကြောင်းပိတ်ဆို့သောရောဂါများ
♦ ကလေးများနှင့် အသက်တစ်နှစ်အောက်ကလေးများတွင်
1. ပန်းနာရင်ကြပ်ရောဂါဖြစ်ခြင်း
2. လမစေ့ဘဲမွေးခြင်း (ကိုယ်ဝန်ဆောင်မိခင် တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူမိလျှင်)
3. ကလေးကင်ဆာများ - သွေးဖြူဥကင်ဆာ၊ ဦးနှောက်ကင်ဆာ၊ အကြိတ်ကင်ဆာ (ကိုယ်ဝန်ဆောင်မိခင်ကော ကလေးပါ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူမိလျှင်)
4. ခွဲစိတ်မှုပြုလုပ်စဉ်နှင့် ခွဲစိတ်ပြီးနောက်တွင် အဆုတ်နှင့်ဆိုင်သောနောက်ဆက်တွဲဆိုးကျိုးများခံစားရခြင်း
Dr. Mya Myo Myo Swe






























