/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဇက်ကြောတက်ခြင်း-ဝေးဝေးပြေးစေဖို့-နည်းလမ်းကောင်းလေးများ

ဇက်ကြောတက်ခြင်း ဝေးဝေးပြေးစေဖို့ နည်းလမ်းကောင်းလေးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

(Zawgyi)

    ဒီေန႔ေခတ္ လူသားေတြအေနနဲ႔ အီလက္ထေရာနစ္ပစၥည္းမ်ား အသံုုးျပဳမႈမ်ားျခင္း၊ စိတ္ဖိစီးျခင္း၊ အိပ္ေရးပ်က္ျခင္းတို႔ေၾကာင့္ ဇက္ေၾကာတက္ျခင္းနဲ႔ စိမ္းလွတယ္မရွိပါဘူး။ ဇက္ေၾကာတက္ျခင္းဟာ ညဘက္ထက္ ေန႔ဘက္တြင္ ပိုမိုျဖစ္တတ္ၿပီး အခ်ိန္နဲ႔အမွ် ပိုမိုဆိုးရြားလာေသာ ျပႆနာမ်ားအနက္ တစ္ခုျဖစ္ပါတယ္။ ယခုေဖာ္ျပမယ့္အခ်က္မ်ားကို လိုက္နာျခင္းျဖင့္ ဇက္ေၾကာတက္ျခင္းကို သက္သာေစမွာမို႔ ဆက္လက္ဖတ္႐ႈၾကည့္ရေအာင္။

(၁)     အေနအထားတစ္မ်ဳိးတည္းကို အၾကာႀကီးမေနပါနဲ႔
    လည္ပင္းငံု႔ျခင္း၊ ေမာ့ျခင္းစတဲ့ လႈပ္ရွားမွဳမ်ား ျပဳလုပ္ရာတြင္ အေနအထားတစ္မ်ဳိးတည္းတြင္ ၾကာျမင့္စြာေနပါက ဇက္ေၾကာတက္ျခင္း ျဖစ္ေစႏိုင္တဲ့အတြက္ ေ႐ွာင္ၾကဥ္သင့္ပါတယ္။

(၂)     အံ၀င္ခြင္က်ျဖစ္ေအာင္ ႀကိဳးစားပါ
    သင့္ကြန္ပ်ဴတာကို မ်က္စိနဲ႔ တစ္တန္းတည္းတြင္ ထားျခင္းျဖင့္ ဇက္ကို သိပ္ေမာ့စရာမလိုေတာ့ပါဘူး။ သိပ္ေမာ့စရာမလိုရင္ ဇက္ေၾကာတက္တာလည္း သက္သာသြားမွာပါ။ ဖုန္းကို လက္ျဖင့္ အၾကာႀကီး ကိုင္ထားမယ့္အစား နားၾကပ္တပ္ၿပီး ဖုန္းေျပာျခင္းစေသာ လိုက္ေလ်ာညီေထြျဖစ္မယ့္ ႀကိဳးပမ္းမႈမ်ား ျပဳလုပ္သင့္ပါတယ္။

(၃)     မ်က္မွန္တပ္ဆင္သူမ်ားအေနျဖင့္ ပါ၀ါစစ္ေဆးမႈ ပံုမွန္ျပဳလုပ္ပါ
    အေ၀းမႈန္သမားမ်ားေကာ အနီးမႈန္သမားမ်ားအေနနဲ႔ပါ ပါ၀ါစစ္ေဆးမႈကို ပံုမွန္ျပဳလုပ္ျခင္းျဖင့္ မ်က္႐ိုး ကိုက္ျခင္းနဲ႔ ဇက္ေၾကာတက္ျခင္းျပႆနာ ကင္းေ၀းေစမွာ ျဖစ္ပါတယ္။

Bio Adult 1

(၄)     ေခါင္းအံုးျမင့္ျမင့္ျဖင့္ အိပ္ျခင္းကို ေရွာင္ၾကဥ္ပါ
    ေခါင္းအံုးမ်ားမ်ား အံုးအိပ္ျခင္းျဖင့္ လည္ပင္းကို ေမာ့ထားသလုိျဖစ္ေစႏုိင္လုိ႔ ဇက္ေၾကာတက္ေစႏုိ္င္ပါတယ္။

(၅)     သင့္ကိုယ္သင္ ညႇာပါ
    ေန႔စဥ္အိမ္မႈကိစၥမ်ား သို႔မဟုတ္ လုပ္ငန္းေဆာင္တာမ်ား ျပဳလုပ္တဲ့အခါ သင့္ကို ဇက္နာျခင္းနဲ႔ ခါးနာ ျခင္းျဖစ္ေစမယ့္ကိစၥမ်ားကို အတတ္ႏိုင္ဆံုး ေရွာင္ၾကဥ္ျခင္းျဖင့္ မိမိကုိယ္ကို ကာကြယ္ရာ ေရာက္ေစပါတယ္။

(၆)     အိပ္ေရး၀၀အိပ္ပါ
    အိပ္ေရးမ၀ျခင္းေၾကာင့္ ျဖစ္ႏို္င္ေသာ က်န္းမာေရးျပႆနာမ်ားတြင္ ႂကြက္သားနဲ႔ အ႐ိုးအဆစ္ နာက်င္ျခင္းလည္း ပါ၀င္ေနပါတယ္။
    ေယဘုယ်အားျဖင့္ ဇက္ေၾကာတက္ျခင္း သက္သက္ေၾကာင့္ ေနာက္ဆက္တြဲဆိုးက်ဳိးမ်ား မျဖစ္နို္င္ေသာ္လည္း လက္ေမာင္း/ေျခေထာက္မ်ား ထံုက်ဥ္ျခင္း၊ အားနည္းျခင္းနဲ႔ အျခားေနရာမ်ားတြင္ပါ နာက်င္ျခင္းတုိ႔ ျဖစ္ေပၚပါက ဆရာ၀န္နဲ႔ အျမန္ျပသဖို႔ အႀကံေပးတင္ျပလို္က္ပါတယ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)

Bio Adult 2

(Unicode)

    ဒီနေ့ခေတ် လူသားတွေအနေနဲ့ အီလက်ထရောနစ်ပစ္စည်းများ အသုံးပြုမှုများခြင်း၊ စိတ်ဖိစီးခြင်း၊ အိပ်ရေးပျက်ခြင်းတို့ကြောင့် ဇက်ကြောတက်ခြင်းနဲ့ စိမ်းလှတယ်မရှိပါဘူး။ ဇက်ကြောတက်ခြင်းဟာ ညဘက်ထက် နေ့ဘက်တွင် ပိုမိုဖြစ်တတ်ပြီး အချိန်နဲ့အမျှ ပိုမိုဆိုးရွားလာသော ပြဿနာများအနက် တစ်ခုဖြစ်ပါတယ်။ ယခုဖော်ပြမယ့်အချက်များကို လိုက်နာခြင်းဖြင့် ဇက်ကြောတက်ခြင်းကို သက်သာစေမှာမို့ ဆက်လက်ဖတ်ရှုကြည့်ရအောင်။

(၁)     အနေအထားတစ်မျိုးတည်းကို အကြာကြီးမနေပါနဲ့
    လည်ပင်းငုံ့ခြင်း၊ မော့ခြင်းစတဲ့ လှုပ်ရှားမှုများ ပြုလုပ်ရာတွင် အနေအထားတစ်မျိုးတည်းတွင် ကြာမြင့်စွာနေပါက ဇက်ကြောတက်ခြင်း ဖြစ်စေနိုင်တဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။

(၂)     အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားပါ
    သင့်ကွန်ပျူတာကို မျက်စိနဲ့ တစ်တန်းတည်းတွင် ထားခြင်းဖြင့် ဇက်ကို သိပ်မော့စရာမလိုတော့ပါဘူး။ သိပ်မော့စရာမလိုရင် ဇက်ကြောတက်တာလည်း သက်သာသွားမှာပါ။ ဖုန်းကို လက်ဖြင့် အကြာကြီး ကိုင်ထားမယ့်အစား နားကြပ်တပ်ပြီး ဖုန်းပြောခြင်းစသော လိုက်လျောညီထွေဖြစ်မယ့် ကြိုးပမ်းမှုများ ပြုလုပ်သင့်ပါတယ်။

(၃)     မျက်မှန်တပ်ဆင်သူများအနေဖြင့် ပါဝါစစ်ဆေးမှု ပုံမှန်ပြုလုပ်ပါ
    အဝေးမှုန်သမားများကော အနီးမှုန်သမားများအနေနဲ့ပါ ပါဝါစစ်ဆေးမှုကို ပုံမှန်ပြုလုပ်ခြင်းဖြင့် မျက်ရိုး ကိုက်ခြင်းနဲ့ ဇက်ကြောတက်ခြင်းပြဿနာ ကင်းဝေးစေမှာ ဖြစ်ပါတယ်။

(၄)     ခေါင်းအုံးမြင့်မြင့်ဖြင့် အိပ်ခြင်းကို ရှောင်ကြဉ်ပါ
    ခေါင်းအုံးများများ အုံးအိပ်ခြင်းဖြင့် လည်ပင်းကို မော့ထားသလိုဖြစ်စေနိုင်လို့ ဇက်ကြောတက်စေနိုင်ပါတယ်။

(၅)     သင့်ကိုယ်သင် ညှာပါ
    နေ့စဉ်အိမ်မှုကိစ္စများ သို့မဟုတ် လုပ်ငန်းဆောင်တာများ ပြုလုပ်တဲ့အခါ သင့်ကို ဇက်နာခြင်းနဲ့ ခါးနာ ခြင်းဖြစ်စေမယ့်ကိစ္စများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ခြင်းဖြင့် မိမိကိုယ်ကို ကာကွယ်ရာ ရောက်စေပါတယ်။

(၆)     အိပ်ရေး၀၀အိပ်ပါ
    အိပ်ရေးမဝခြင်းကြောင့် ဖြစ်နိုင်သော ကျန်းမာရေးပြဿနာများတွင် ကြွက်သားနဲ့ အရိုးအဆစ် နာကျင်ခြင်းလည်း ပါဝင်နေပါတယ်။
    ယေဘုယျအားဖြင့် ဇက်ကြောတက်ခြင်း သက်သက်ကြောင့် နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်နိုင်သော်လည်း လက်မောင်း/ခြေထောက်များ ထုံကျဉ်ခြင်း၊ အားနည်းခြင်းနဲ့ အခြားနေရာများတွင်ပါ နာကျင်ခြင်းတို့ ဖြစ်ပေါ်ပါက ဆရာဝန်နဲ့ အမြန်ပြသဖို့ အကြံပေးတင်ပြလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)