/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ညဂျူတီအဆင်းများတဲ့-ဝန်ထမ်းတွေ-ဆီးချို-ပိုဖြစ်ကြသတဲ့

ညဂျူတီအဆင်းများတဲ့ ဝန်ထမ်းတွေ ဆီးချို ပိုဖြစ်ကြသတဲ့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

           အလုပ်တစ်ခု လုပ်ပြီဆိုတာနဲ့ လုပ်ငန်းသဘောသဘာဝအရ ဆရာဝန်တွေ၊ ဆရာမတွေ လုံခြုံရေးညစောင့်တွေ ကျန်းမာရေးလုပ်သားတွေ စက်ရုံဝန်ထမ်းတွေ ကားသမားတွေ ပာာ ညဂျူတီတွေ မကြာခဏဆင်းရလေ့ ရှိပါတယ်။ ညဂျူတီ ခဏခဏဆင်းရတဲ့အခါ အချိန်ကာလ ကြာမြင့်လာတဲ့အမျှ အမျိုးအစား-၂ ဆီးချိုရောဂါ ဖြစ်ပွားလာနိုင်ခြေရှိနေကြောင်း ပညာရှင်တွေက ထောက်ပြလိုက်ပါတယ်။

          သူနာပြုပေါင်း ၁၄၀၀၀၀ ခန့်ကို ကာလရှည်ကြာပြုလုပ်ခဲ့တဲ့ သုတေသနအရ ညဂျူတီဆင်းရတဲ့ သူနာပြုတွေပာာ ငါးနှစ်ကြာတဲ့အခါ ဆီးချိုဖြစ်နိုင်စွမ်း ၃၀ ရာခိုင်နှုန်းတက်လာတာကို တွေ ့ရှိခဲ့ရပါတယ်။

          အိပ်ရေးမဝတာ ဂျူတီအလှည့်အပြောင်းတွေအပြင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်နေထိုင်မှုတွေက ဆီးချိုဖြစ်နိုင်စွမ်းကို တဖြည်းဖြည်း ထောင်တက်လာစေတာ ဖြစ်ပါတယ်။

          အိပ်ရေးပျက်တဲ့အခါ အူလမ်းကြောင်းမှာ ရှင်သန်နေထိုင်တဲ့ ဘက်တီးရီးယားတွေရဲ့ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်ပြားစေပြီး အာပာာရစုပ်ယူမှုနဲ့ ဓာတ်သဘောတွေကို များစွာအပြောင်းအလဲ ဖြစ်စေပါတယ်။

●        ဆေးလိပ်သောက်သုံးခြင်း

●        အဝလွန်ခြင်း

●        အာပာာရပြည့်ဝ ညီညွတ်တဲ့ အစားအစာ မစားတာတွေကို ထည့်သွင်းတွက်ချက် သုတေသန အဖြေထုတ်ခဲ့ကြပါတယ်။

          ဒီတော့ အိပ်ရေးပျက်တာတွေအပြင်  ဂရုစိုက်လို့ရပါလျက် ဂရုမစိုက်မိတဲ့ အနေအထိုင်၊ အစားအသောက်တွေပါ ထပ်မံပျက်ပြားတဲ့အခါ ဆီးချိုဖြစ်တဲ့ရာခိုင်နှုန်းပာာ မတားနိုင်၊ မဆီးနိုင် တက်သွားတာ ဖြစ်ပါတယ်။

          ဒါ့အပြင် ညဂျူတီတွေပာာ ဆီးချိုတစ်ခုတည်းမပာုတ်ဘဲ နှလုံးရောဂါ၊ ကင်ဆာနဲ့ လေဖြတ်လေငန်းရောဂါတွေပါဖြစ်ဖို့ အလားအလာ များသွားတတ်ကြောင်း သုတေသနတွေလည်း အများကြီးထွက်ခဲ့ပါပြီ။

          ကိုယ့်အနေအထားအရ ညဂျူတီကို မရှောင်နိုင်ခဲ့ရင်တောင် အာပာာရဖြစ်တဲ့ အစားအစာ စားမယ်၊ လုံလောက်စွာ စိတ်ရောကိုယ်ပါ အနားယူမယ်၊ အဆီအငန် များတာတွေ မစားဘူး၊ ကိုယ်လက်လှုပ်ရှားမှု မကြာခဏလုပ်မယ်။  ဒါလေးတွေပါ သေချာလိုက်နာမယ်ဆို ဖော်ပြပါ ရောဂါဆိုးတွေကနေ မိမိကိုယ်ကို ပြုပြင်ကာကွယ်လို့ရနိုင်သေးကြောင်း တင်ပြလိုက်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)