/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ညစာကို-မှန်မှန်စားပါ

ညစာကို မှန်မှန်စားပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ပိန်ချင်သူများ၊ ဝိတ်လျှော့နေသူများ အများဆုံး လုပ်တတ်ကြတဲ့ အမှားတစ်ခုကတော့ ညစာမစားဘဲ နေကြည့်ကြတာ ဖြစ်ပါတယ်။

          နေ့လယ်စာ ပြီးတော့ ဘာမှမစားတော့ဘဲ ညမှာ ဗိုက်ဟောင်းလောင်းနဲ့ အိပ်ရာဝင်လိုက်တဲ့အခါ ဘယ်လိုဆိုးကျိုးတွေ ဖြစ်နေနိုင်မလဲ?

          နေ့လယ်စာ ပြီးတာနဲ့ ဘာမှမစားတော့တဲ့အခါ အစာအိမ်မှာ အစာမရှိတဲ့အချိန် ကြာမြင့်သွားတဲ့အပြင် တစ်ညလုံး အက်ဆစ်တွေ ထွက်နေပြီး အစာအိမ်နံရံကို ထိခိုက်စေပါတယ်။ ဒီတော့ ရေရှည်မှာ အစာအိမ်ရောဂါတွေ၊ အစာရေမျိုပြွန်ရောင်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

●        အိပ်စက်တဲ့အခါ ဂလူးကို့စ်ဓာတ် ကျဆင်းသွားပြီး မကြာခဏ လန့်နိုးနေတတ်တာတွေ ဖြစ်တတ်ပါတယ်။

●        အဆာခံတဲ့အချိန်ဟာ ကြာမြင့်ပြီး

●        မနက်ထိ ဖြစ်သွားတဲ့အတွက်  နုံးခွေပျော့ဖတ်တာတွေ ဖြစ်စေပါတယ်။

●        ည အဆာခံထားတဲ့အခါ မနက်စာကို အဆီအဆိမ့်တွေ၊ ထမင်းတွေ အများကြီး စားမိစေပါတယ်။

 

>>    ဒါဆို ညစာကို ဘယ်အချိန်မှာ စားသင့်လဲ?

●        ညနေ ၆ နာရီကနေ ၇ နာရီအတွင်း စားသင့်ပါတယ်။ ည ၈ နာရီကျော် ၉ နာရီ၊ ၁၀ နာရီမှ စားတဲ့အခါ ညစာနဲ့ အိပ်ချိန် သိပ်ကပ်သွားတဲ့ အူတွေကို ဝန်ပိစေပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းဟာ အချိန် ပိုအလုပ်လုပ်ရတော့ အရေပြားတွေ ညစ်လာပြီး ဝက်ခြံတောင် ထွက်စေပါသတဲ့။

●        အလုပ် ပိုလုပ်ရတဲ့ အူလမ်းကြောင်းဟာ နွမ်းနယ်လာပြီး လူပါ ညောင်းညာလာတတ်ပါတယ်။

•        ညစာ စားတဲ့အခါ ကာဗွန်ဟိုက်ဒရိတ်နဲ့ အဆီဓာတ်တွေကို နိုင်သလောက် လျှော့ချပြီး အသီးအရွက် များများနဲ့ ပရိုတင်းဓာတ်ကို အဓိက ပါဝင်အောင် စားသုံးသင့်ပါတယ်။  အဆီများတဲ့ ညစာဟာ အစာချေဖျက်မှုကို နှေးကွေးစေပြီး ကိုယ်ခန္ဓာကို ဝဖြိုးလာစေလို့ ဖြစ်ပါတယ်။

          ဒီတော့ ညစာကို စားဖြစ်အောင် စားပါ၊ အဆီ အဆိမ့် ရှောင်ပြီး အသီးအရွက်နဲ့ ပရိုတင်း အသားငါးကို ရွေးချယ်စားရင် ကျန်းမာရေးနဲ့ ညီညွတ်ပြီး ထူးပြီး ဝိတ်တက်လာမှာ မဟုတ်ပါဘူးလို့ ဗဟုသုတ မျှဝေလိုက်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)