ညဘက်မှာ ရင်ပူနေတာ ဘာကြောင့်လဲ
ညဘက်ရောက်တိုင်း ရင်ဝက ပူခနဲပူခနဲဖြစ်တာကို တစ်ခါတလေ ခံစားဖူးကြပါလိမ့်မယ်။ ကျွန်မတို့ အစားစားလိုက်တဲ့အခါမှာ အစာရေမျို (oesophagus) လို့ခေါ်တဲ့ ပြွန်လေးကနေတစ်ဆင့် အစာအိမ်သို့ အစာတွေ ရောက်ရှိသွားပါတယ်။
အစာအိမ်ထဲ ရောက်တဲ့အခါမှာတော့ အစာချေအက်ဆစ်တွေကနေ အစာတွေကို ချေဖျက်ပစ်ပါလိမ့်မယ်။ ဒီအဆင့်ဆင့် လုပ်ဆောင်ချက်တစ်နေရာမှာ ချို့ယွင်းမှုတစ်ခု ဖြစ်ပေါ်တာနဲ့ အစာများ ပြန်ဆန်တက်ခြင်း၊ အစာအချဉ်ပေါက်ခြင်းတို့ ဖြစ်စေပြီး ရင်ပူစေတာ ဖြစ်ပါတယ်။
Kremil-S 1
ဖြစ်စေသောအကြောင်းရင်းများ
● ကာဗွန်နိတ်ပါသောအချိုရည်များ အလွန်အမင်းသောက်ခြင်း
● ကိုယ်ဝန်ဆောင်နေခြင်း
● အဝလွန်ခြင်း
● သွေးတိုးရှိခြင်း
● ညအိပ်မပျော်ခြင်း
● အိပ်ခါနီး ဆီများသော/ချဉ်သော/စပ်သော အစာများ အဝအပြဲစားခြင်း
● စိတ်ရောဂါဆေးများသောက်နေခြင်း စသည်တို့ကြောင့် ညဘက် ရင်ပူတတ်ပါတယ်။
ညဘက်ရင်ပူခြင်းကြောင့် အိပ်မရတဲ့အခါ နောက်တစ်နေ့မှာ အားအင်နည်းနေခြင်း၊ အလုပ် ကောင်းကောင်းမလုပ်နိုင်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ညဘက် ရင်ပူခြင်းပြဿနာကို အဖြေရှာပြီး ဆေးသောက်တာမျိုး၊ အနေအစားဆင်ခြင်တာမျိုး လုပ်ဆောင်သင့်ပါတယ်။
Kremil-S 2
ညဘက်ရင်ပူခြင်း သက်သာအောင် ဘာတွေလုပ်ဆောင်နိုင်သလဲ
(၁) ညာဘက်စောင်းအိပ်ပါ
နှလုံးနှင့်အစာအိမ်ကို တစ်နေရာတည်း မဖြစ်စေတော့ဘဲ အစာအိမ်ကအက်ဆစ်တွေ ပြန်ဆန်တက်လာတာကို ကာကွယ်ပေးပါလိမ့်မယ်။
(၂) ညနက်မှ အစာစားတာ ရှောင်ပါ
အိပ်ခါနီး ၂ နာရီအလိုလောက်ကတည်းက ဘာမှမစားတာ အကောင်းဆုံး ဖြစ်ပါတယ်။ ညဘက်မှာ ကော်ဖီ၊ အရက်၊ ဂတ်စ်ပါသောအချိုရည်များနှင့် ဆီကြော်စာများစားခြင်း၊ အပူအစပ်များစားခြင်းကို ရှောင်ကြဉ်ပါ။
(၃) စာရင်းမှတ်သားခြင်း
မိမိကို ရင်ပူခြင်းဖြစ်စေသော အကြောင်းရင်းများကို သေချာမှတ်သားထားပြီး ထိုအစားအစာ/အကြောင်းအရင်းတွေကို ရှောင်ခြင်းပြုလုပ်နိုင်ပါတယ်။
(၄) အစာစားသော အလေ့အထကို ပြောင်းလဲပါ
အစာကို ဖြည်းဖြည်းချင်း ဝါးစားပါ။ တဝတပြဲစားတာကို ရှောင်ပြီး နည်းနည်းချင်းစီသာ စားသင့်ပါတယ်။
(၅) ကိုယ်အလေးချိန် လျှော့ပါ
အဝလွန်ခြင်းဟာ ရင်ပူခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းဖြစ်လို့ ကိုယ်အလေးချိန် ကျသွားတဲ့အခါ အစာအိမ်အက်စစ်တွေကိုလည်း ပုံမှန်ထိန်းညှိပြီး ဖြစ်စေပါလိမ့်မယ်။
(၆) ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်ဟာ အစာအိမ်ဆက်ဆစ်တွေကို ပိုမိုထွက်စေပြီး ရင်ပူစေပါတယ်။ ဆေးလိပ်ဖြတ်ခြင်းကြောင့် အခြားရောဂါဆိုးတွေကိုပါ ကာကွယ်ပြီးသား ဖြစ်စေပါလိမ့်မယ်။
(၇) ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ
အစာတွေကို ကြေညက်စေတဲ့အပြင် အစာအိမ်ရှိအက်ဆစ်တွေကိုပါ လျော့စေနိုင်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























