/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ညဘက်ရင်ပူရတာသက်သာစေဖို့

ညဘက်ရင်ပူရတာသက်သာစေဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ရင်​ပူတတ်​သူ ၁၀ ​ယောက်​မှာ ၈ ​ယောက်​​လောက်​က ညဘက်​မှာဖြစ်​တတ်​တယ်​။ ရင်​ပူလို့တစ်​ညလုံး ထမ​နေချင်​ဘူးဆိုရင်​ ဒါ​တွေကို လိုက်​လုပ်​ကြည့်​ဖို့ အကြံပြုလိုပါတယ်​။

 

♦ ညစာများများစားမယ်​့အစား နေ့လည်စာများများစားပါ။ ဒါမှ ညအိပ်​ရာဝင်​ချိန်​မှာ ဗိုက်​ကြီးတင်​းပြည့်​​မ​နေမှာပါ။ တစ်​​နေ့ကို ၃ ကြိမ်​အများကြီးစားမယ်​့ အစားလည်​း နည်​းနည်​းနည်​းနည်​းန့ဲ ၄- ၅ ကြိမ်​​လောက်​ စားကြည့်​​ပေးပါ။ ဒါမှ အစာအိမ်​ဖိအားလည်​း ကျမှာပါ။

♦ ညနက်​ချိန်​အဆာ​ပြေမုန်​့စားတာကို​​ရှောင်​ပါ။ မအိပ်​ခင်​၂နာရီအတွင်​းဘာမှမစားပါနဲ့။

♦ ရင်​ပူ​စေတဲ့အစားအ​သောက်​​တွေကို​ရှောင်​ပါ။ အက်​ဆစ်​အထုတ်​များ​စေတဲ့၊ အစာအိမ်​ဖိအားများ​စေတဲ့၊ အစာပြွန်​ကြွက်​သားကိုအား​ပျော့​စေတဲ့ အစားအ​သောက်​​တွေကို ​ရှောင်​သင်​့တယ်​။ ဒါ့အပြင်​ အစာပြွန်​အတွင်​းသား​တွေကို ထိခိုက်​​စေနိုင်​တဲ့ အပူအစပ်​၊ ​ကော်​ဖီ၊ အချဉ်​သီး​တွေနဲ့ အချိုရည်​​တွေကို ​ရှောင်​​ပေးပါ။ အထူးသဖြင့် ဒီအစားအ​သောက်​​တွေကို ညအိပ်​ခါနီးစားမိရင်​ ပိုဆိုးတတ်​တယ်​။ ဘာ​ကြောင်​့ဒီလိုရင်​ပူတတ်​တယ်​ဆိုတာ ​ရေ​ရေရာရာမသိခဲ့ရင်​ စားတဲ့အစားအ​သောက်​နဲ့ ရင်​ပူမပူမှတ်​သားထားတဲ့မှတ်​တမ်​းထားဖို့လိုပါတယ်​။

♦ ​​ခေါင်​းကိုနည်​းနည်​း​လောက်​မြှင်​့အိပ်​ပါ။ ပက်​လက်အိပ်​တဲ့အခါ အစာအိမ်​ထဲကအစာ​တွေအကုန်​ အစာပြွန်​ရှုံ့ကြိုးကြွက်​သားကို​ကျော်​ပြီး ဝင်​လာတတ်​တယ်​။ ​ခေါင်​းကိုနည်​းနည်​းမြှင်​့အိပ်​ခြင်​းက အစာအိမ်​ထဲကအစာ​တွေ ပြန်​ဆန်​မတက်​​အောင်​ တားဆီး​ပေးပါတယ်​။

Kremil-S 1

♦ ​ဘယ်​ဘက်​​စောင်​းအိပ်​​ပေးပါ။ ဘယ်​ဘက်​​စောင်​းအိပ်​တာဟာ အစာ​ပို​ကြေ​စေပြီး အစာအိမ်​အက်​ဆစ်​​တွေဆန်​မတက​်​​အောင်​ တားဆီး​ပေးတယ်​လို့ သုတေသနတွေ့ရှိချက်တွေက ဆိုပါတယ်​။ ညာဘက်​​စောင်​းအိပ်​ရင်​ ရင်​ပူတာပိုဆိုးတတ်​တယ်​​လို့လဲ တွေ့ရှိထားပါတယ်။

♦ ညအိပ်​ဝတ်​စုံက​ချောင်​​ချောင်​ချိချိဖြစ်​ပါ​​စေ။ ဗိုက်​နားမှာတင်​း​နေတဲ့ဝတ်​စုံမျိုးဟာ အစာ​တွေကို အ​ပေါ်ပင်​့တင်​သလို ဖြစ်​တတ်​လို့ ​ပွပွချောင်ချောင်အ၀တ်​တွေကိုပဲ ဝတ်​ဆင်​ပေးပါ။

♦ ​ဆေးလိပ်​ဖြတ်​ပါ။ ဆေးလိပ်မှာပါတဲ့ နီကိုတင်​းဓာတ်က အစာပြွန်​​အောက်​ပိုင်​းရှုံ့ကြိုးကြွက်​သားကို ​ပြေလျော့​စေတတ်​လို့ ရင်​ပူ​စေပါတယ်​။ ဒါ့အပြင် အစာအိမ်​အက်​ဆစ်​​တွေကိုလည်​း အထွက်​များ​စေတယ်​။

♦ အရက်​​ရှောင်​ပါ။ အရက်​က အစာအိမ်​အက်​ဆစ်​အထွက်​များ​စေနိုင်​တယ်​။ အရက်​ကလည်​း ​ဆေးလိပ်​လိုပဲ ရှုံ့ကြိုး​ကြွက်​သား​တွေကို ​ပြေ​လျော​ေ့စတယ်​။

တကယ်​လို့ အ​ပေါ်မှာ​ပြောခဲ့တဲ့နည်​းလမ်​း​တွေနဲ့မှ မသက်​​သာဘူးဆိုရင်​ ဆရာဝန်​နဲ့ပြကြည့်​ဖို့လိုပါတယ်​။ ဘာ​ကြောင်​့ ရင်​ပူ​နေရတယ်​ဆိုတာကိုသိမှ ပျောက်ကင်းအောင်ကုသနိုင်မှာ ဖြစ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)

Kremil-S 2

(Unicode)


 










Dr. Mya Phoo Ngon (www.drmyanmar.com)