ညဘက် အတွင်းခံဝတ်အိပ်တာ ကောင်းသလား
ညဘက်အတွင်းခံဝတ်အိပ်ခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးများသည်ဟု ကျွမ်းကျင်သူများက ဆိုပါတယ်။ ပူအိုက်သောညများတွင် အိပ်စက်စဉ် အတွင်းခံဝတ်ထားပါက ခန္ဓာကိုယ်အောက်ပိုင်းချွေး ထွက်ပြီး လေမရလျှင် ဘတ်တီးရီယားပိုးပေါက်ပွားကာ ရောဂါရတတ်ပါတယ်။ သွေးဆုံးကိုင်နေသော အမျိုးသမီးများတွင် ပိုမိုလျင်မြန်စွာရောဂါရလွယ်ပြီး အမျိုးသားများတွင်မူ ကလေးမရနိုင်သည့်အထိဖြစ်ပွားနိုင်၍ အခြေအနေပိုဆိုးတတ်ပါတယ်။
အတွင်းခံမဝတ်ဘဲ ညအိပ်သင့်ကြောင်း၊ မဝတ်ဘဲမနေနိုင်သူများအနေဖြင့် ချည်သား အတွင်းခံဘောင်းဘီပွပွကိုသာဝတ်ဆင်သင့်ကြောင်း၊ ချွေးမစုပ်သော နိုင်လွန်အတွင်းခံများကိုဝတ်ဆင်လျှင် အစိုဓာတ်သည် ဘတ်တီးရီးယားများ၊ မှိုများကိုပေါက်ပွားစေကြောင်း၊ အရေပြားစပ်ဖျဉ်းဖျဉ်းဖြစ်ကာ အရေပြားကူးစက်ရောဂါများဖြစ်ပွားနိုင်ကြောင်း နယူးယောက်မှ မီးယပ်အထူးကု ဒေါက်တာ Alyssa Dweck က ပြောကြားခဲ့ပါတယ်။ ဘရာဇီးနိုင်ငံတွင် လေ့လာချက်တစ်ခုအရ အမျိုးသမီးထု၏ 18 ရာခိုင်နှုန်းသာလျှင် အတွင်းခံမဝတ်ဘဲ ညအိပ်လေ့ရှိကြောင်းတွေ့ရပြီး ဗြိတိန်တွင် ထိုရာနှုန်းထက်ပင် ပိုမိုနည်းသေးကြောင်း တွေ့ရပါတယ်။
ထို့အပြင် အမေရိကန်ပြည်ထောင်စု အမျိုးသားကျန်းမာရေးလေ့လာမှုဌာနတစ်ခုမှ ဒါရိုက်တာဖြစ်သူ ဒေါက်တာ Brian Steixner ကလည်း အတွင်းခံဘောင်းဘီဝတ်အိပ်သော အမျိုးသားများတွင် ညအချိန်တွင်း ၄င်းတို့၏လိင်အင်္ဂါများ အလွန်ပူနွေးကာ သုတ်ပိုးများ၏အရည်အသွေးကို ချွတ်ယွင်းစေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
Dr. Thanda Lin (www.drmyanmar.com)