/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ညဘက်-အ၀သောက်ပြီး-မနက်-မမှောက်နေစေဖို့

ညဘက် အ၀သောက်ပြီး မနက် မမှောက်နေစေဖို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အားလပ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့၊ မိတ်ဆွေအပေါင်းအသင်တွေနဲ့ ပျော်ပျော်ပါးပါး သောက်စားခဲ့ကြပေမယ့် ပြဿနာက နောက်နေ့မနက်မှာ စတာပါပဲ။ အရက်နာကျ ခေါင်းကကိုက်၊ ပျို့ချင်အန်နဲ့ မနေနိုင် မထိုင်နိုင် ဖြစ်တော့တာပါပဲ။ ၈ နာရီလောက်ကနေ ၁၂ နာရီလောက်အထိကို ခံရတတ်ပါတယ်။ ဒီလိုလက္ခဏာတွေကို ချက်ချင်းလက်ငင်း ဟပ်ချလောင်းဆိုပြီး ပျောက်အောင်လုပ်လို့ မရပေမယ့် သက်သာအောင်လုပ်နိုင်မယ့် နည်းလမ်းတွေတော့ ရှိပါတယ်နော်။

 

♦       ရေ

          အရက်သောက်တဲ့အခါ ရေကိုလည်း သေချာလေးသောက်ပေးဖို့ လိုပါလိမ့်မယ်။ ဒါမှ ရေဓာတ် ပြည့်ဝနေပြီး နောက်တစ်နေ့ အရက်နာ မကျမှာပါ။ တကယ်လို့ မသောက်မိရင်တောင် နောက်နေ့ အိပ်ရာနိုးချိန်မှာ ရေတစ်ခွက်လောက် အားရပါးရ သောက်ချပစ်ပါ။

 

♦       သံလွင်ဆီ

          အရက်နာကျတာကို ကာကွယ်ဖို့ အရက်မသောက်ခင်မှာ သံလွင်ဆီတစ်ဇွန်းလောက် သောက်ပေးပါ။ အစာအိမ်နဲ့ အူလမ်းကြောင်းကို ဆီသုတ်ထားသလိုဖြစ်ပြီး အရက်ကို စုပ်ယူဖို့ အချိန်ပိုကြာပါလိမ့်မယ်။ ပီဇာတို့၊ တခြားအဆီများတဲ့ အစားအသောက်တို့လည်း စားပေးလို့ရပါတယ်။

 

♦       ချင်း

          ချငိး၊ လိမေ္မာ်စေ့တို့ကို သကြားညိုနဲ့ ရောစားပေးရင် ပျို့ချင်အန်ချင်တာတွေ သက်သာစေပါသတဲ့။

 

♦       လိမေ္မာ်ဖျော်ရည်

          အရက် တစ်ခွက်နဲ့တစ်ခွက်ကြား လိမေ္မာ်ဖျော်ရည်လိုမျိုး အချိုရည်တစ်ခုခု သောက်ပေးခြင်းဖြင့် အရက်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေပြီး အရက်နာကျတာကို လျော့နည်းစေနိုင်ပါတယ်။

 

♦       သံပရာသီးဖျော်ရည်

          သံပရာသီးမှာ ဗီတာမင်စီတွေ အများကြိိးပါပြီး အင်တီအောက်စီဒန့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း အများကြီးပါတာမို့ အိပ်ရာကနိုးနိုးချင်း သံပရာရည်တစ်ခွက်လောက် သောက်ပေးသင့်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)