/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ညဥ့်မနက်ခင်-အိပ်စေချင်

ညဥ့်မနက်ခင် အိပ်စေချင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       ဘာလို့ လူကြီးသူမတွေက ညဥ့်မနက်ခင် အိိပ်ကြဖို့ လောဆော်တတ်သလဲဆိုတာ အကြောင်ရင်းတွေကို ပြောပြပါ့မယ်နော်။

          ဒါတွေကတော့ -

၁။     ညသန်းခေါင်မတိုင်ခင် အိပ်တာဟာ ပိုကောင်းတယ်နော်။

          ညသန်းခေါင်မတိုင်ခင် အိပ်တာက ကိုယ်ခန္ဓာမှာ လိုအပ်တဲ့အားအင်တွေကို ပြန်လည်ဖြည့်တင်းဖို့အတွက် အရေးပါ,ပါတယ်။ ဦးနှောက်ဆဲလ်တွေနဲ့ ကိုယ်ခန္ဓာဆဲလ်တွေ ပြန်လည်ပြုပြင်ရေးမှာလည်း ညသန်းခေါင်မတိုင်ခင် အိပ်တာဟာ ၃ ဆပိုပြီး အစွမ်းထွက်တယ်လို့ သိရတယ်။ ဒါကြောင့် ညသန်းခေါင်မတိုင်ခင် အိပ်တာဟာ ကျန်းမာရေးအတွက် အကောင်းဆုံးဆိုတာ မယုံမရှိနဲ့နော်။

 

၂။     နောက်နေ့မနက်မှာ စောစောထရ လွယ်စေတယ်။

          ဒါကတော့ ပြောစရာမလိုဘူး ထင်တယ်နော်။ စောစောအိပ်ရင် စောစောနိုးတာပေါ့။ ညသန်းခေါင်မတိုင်ခင် အိပ်တဲ့အခါ မနက်ကို စောစောထဖို့ လုံလောက်တဲ့အနားယူမှုနဲ့ အားအင်တွေ ပြန်ရလာနိုင်တယ်။ မဟုတ်ရင်တော့ ကိုယ်နဲ့ နိုးစက်နာရီကြား မနိုင်မယ့်တိုက်ပွဲတစ်ပွဲ ဆင်နွှဲနေရသလိုပါပဲ။ စောစောအိပ်ခဲ့မယ်ဆိုရင်တော့ သံပတ်မြည်တာနဲ့ အိပ်ရာက ထဖြစ်မှာပါ။

 

၃။     နေ့ညနာရီ မှန်စေတယ်။

          နေ့ညနာရီက အိပ်ခြင်းနိုးခြင်းတွေကို ထိန်းချုပ်ထားတယ်။ အချိန်လေး နည်းနည်းတော့ ယူရပေမယ့် နောက်ပိုင်းမှာ ကိုယ်လိုချင်တဲ့ အိပ်ချိန် အချိန်ဇယားကို ရလာမှာပါ။ အဓိက,က တောက်လျှောက် ပုံမှန်လုပ်ဖို့ပါပဲ။ စောစောအိပ်ပြီး ဒီနေ့ညနာရီကို မှန်စေခြင်းက စောစောနိုးထဖို့ကို ပိုလွယ်ကူစေလိမ့်မယ်နော်။

 

၄။     ညဘက်မှာလည်း ပိုအိပ်ကောင်းစေတယ်။

          ညသန်းခေါင်မတိုင်ခင် အိပ်တာက ကောင်းကောင်း အိပ်ပျော်စေတဲ့အပြင် အိပ်ရေးလည်း ဝစေတယ်။ တကယ်လို့ အိပ်ချိန်ကိုလွန်ပြီး လုပ်စရာရှိတာ ပြီးအောင်လုပ်နေမယ်ဆိုရင် အိပ်ချင်နေတာတွေ ပျောက်သွားတတ်တယ်။ ဒီလိုသာဆိုရင် အိပ်ပျော်ဖို့ ပိုခက်ပြီး အိပ်ရေးလည်း ဝမှာမဟုတ်တော့ပါဘူး။

 

၅။     ဒီလိုအိပ်တာက သဘာဝအိပ်ချိန်ပုံစံပါ။

          လျှပ်စစ်မီးတွေ မရှိခင်တုန်းက လူတိုင်း စောစောအိပ်ပြီး စောစောထကြတာပေါ့။ ဘာကြောင့်လဲဆိုတော့ နေက အိပ်ချိန်နိုးချိန်နာရီကို မှန်စေလို့ပါ။ ဒါကြောင့် ညသန်းခေါင်မတိုင်ခင် အိပ်ပြီး နေမထွက်ခင် ထတာက သဘာဝအိပ်ချိန်နိုးချိန်နာရီဆိုတာ သိထားနော်။

          ညသန်းခေါင်မတိုင်ခင် အိပ်ရာဝင်တာဟာ ကိုယ်ရောစိတ်အတွက်ပါ ဘယ်လောက်ကောင်းတယ်ဆိုတာ အကြောင်းရင်းတွေ အများကြီးပဲ။ ကမ်ဘာဦးစကတည်းက ရှိလာတဲ့ အိပ်ချိန်နိုးချိန်နာရီဆိုလည်း မမှားဘူးပေါ့။ အိပ်ချိန်မှန်ပြီး အိပ်ရေးဝတဲ့အခါ နေ့စဉ်ဘဝမှာလည်း လုပ်ကိုင်ရ လွယ်ကူလာမှာပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)