တချို့သောရောဂါတွေက နောက်ထပ်ရောဂါတစ်ခုကို ကာကွယ်ပေးပါသတဲ့
ကိုယ့်မှာ မွေးရာပါ မျိုးရိုးဗီဇကြောင့် ရောဂါအခံတစ်ခုခု ရှိနေတဲ့အခါ အဲဒီရောဂါအခံရဲ့စွမ်းပကားကြောင့် နောက်ရောဂါတစ်ခုကို အလိုလို ကာကွယ်ပြီး ဖြစ်စေပါသတဲ့။
● မွေးရာပါရောဂါတစ်ခုဖြစ်တဲ့ ဂလိုက်ကိုဆိုင်လေးရှင်းတူးဘီ ချွတ်ယွင်းနေတဲ့ ရောဂါရှင်တွေဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အဖျားအနာတွေကို ခံနိုင်ရည် ရှိကြပါတယ်။ အိပ်ချ်အိုင်ဗီပိုးတောင် မဝင်နိုင်ဘူးတဲ့။
● မူမမှန် အဆီစုရောဂါဖြစ်တဲ့ နီမန်းပစ်ရောဂါရှိသူတွေအနေနဲ့ ဗိုင်းရပ်စ်ပွားများဖို့ လိုအပ်တဲ့ ပရိုတင်းမရှိတာကြောင့် သူများတွေ အီဗိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးချိန်မှာ အသက်ရှင် ကျန်ကြမယ့်လူတွေပါ။
● ကြွက်သားပျော့ အာရုံကြောရောဂါတစ်မျိုး ရှိနေတဲ့သူတွေကို ခွေးရူးပြန်ရောဂါပိုး ကူးစက်တဲ့အခါ ဗိုင်းရပ်စ်တွေဟာ အာရုံကြောနဲ့ ကြွက်သားနဲ့ မညီမညွတ်ဖြစ်နေတာကြောင့် အဓိကအာရုံကြောစနစ်ကို ကူးစက်နိုင်ဖို့ အတော်ခက်ပါသတဲ့။ ဒီတော့ ကြွက်သားပျော့ အာရုံကြောရောဂါရှိသူတွေဟာ ခွေးရူးပြန်ရောဂါနဲ့ သေဆုံးနိုင်ခြေ အလွန်နည်းပါတယ်။
● ပရိုတင်းတွေ အများကြီး စားလိုက်တိုင်း ပြဿနာတက်တဲ့ ဖီနိုင်လမင်းကွန်ပေါင်း သွေးထဲမှာရှိနေတဲ့ ကီတိုယူရီးယား ရောဂါရှင်တွေဟာ မှိုပိုးကြောင့်ဖြစ်တဲ့ ကိ်ုယ်ဝန်ပျက်ကျတာ မဖြစ်နိုင်ပါဘူး။ မှိုပိုးတွေ ဝင်လာတိုင်း သွေးထဲကရှိနေတဲ့ ရောဂါဓာတ်ဟာ ချေမှုန်းပစ်တာမို့ အေးဆေးပဲ ကလေးလွယ်နိုင်ကြတဲ့သူတွေပါ။
● ကာကွယ်ဆေးထိုးတဲ့ ကျောက်ဆေးက ဗိုင်းရပ်စ်အရှင်ကို ထိုးသွင်းတာပါ။ အပျော့စား ရေကျောက်ပိုးတစ်မျိုးပေါ့။ တစ်ခါထိုးရုံနဲ့ နောက်ပိုင်း ကျောက်ပေါက်တာကို လုံးဝကာကွယ်သွားတဲ့ ခုခံအားမှတ်ဉာဏ်ကို တည်ဆောက်ထားလိုက်ပါတယ်။
● ဆစ်စတစ်ဖိုင်ဘရိုးစစ်လူနာတွေမှာ ကာလဝမ်းရောဂါကြောင့် အသက်မဆုံးနိုင်ပါဘူး။ ရောဂါကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းက စစ်ထုတ်ရည်တွေကို ခန္ဓာကိုယ်ထဲမှာ ထိန်းသိမ်းထားပြီး ရေဓာတ် ဆုံးရှုံးသေဆုံးတာကို ကာကွယ်လိုက်လို့ပါ။
● ဦးနှောက်နဲ့ အာရုံကြောမကြီးကို ဖျက်ဆီးတဲ့ရောဂါဖြစ်တဲ့ တေးဆက်ရောဂါ သယ်ဆောင်သူတွေဟာ တီဘီရောဂါ မဖြစ်ကြပါဘူး။ အင်ဇိုင်းတစ်မျိုးထုတ်ပြီး တီဘီရောဂါပိုးကို ပျက်စီးစေပါတယ်။
● ဆစ်ကယ်ဆဲလ်သွေးရောဂါလို့ခေါ်တဲ့ သွေးနီဥ မူမမှန်ကွဲရောဂါရှင်တွေမှာ ငှက်ဖျားမဖြစ်နိုင်ပါဘူး။ သွေးနီဥရဲ့ ပြောင်းလဲနေတဲ့ပုံစံက ကာဗွန်မိုနောက်ဆိုက်ထုတ်ပေးပြီး ငှက်ဖျားရောဂါကို ကာကွယ်ထားတာ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























