/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/တဂျွတ်ဂျွတ်မြည်တဲ့-အဆစ်တွေနဲ့-ကိုယ်လက်လှုပ်ရှားမှု-ကောင်းကျိုးများ

တဂျွတ်ဂျွတ်မြည်တဲ့ အဆစ်တွေနဲ့ ကိုယ်လက်လှုပ်ရှားမှု ကောင်းကျိုးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

      အကြာကြီးထိုင်ပြီး ထလိုက်တဲ့အခါဖြစ်စေ၊ အိပ်ရာထခါစ အညောင်းဆန့်တာပဲဖြစ်စေ၊ အကြောအခြင်တွေ ရုတ်တရက် ဆန့်ထုတ်လိုက်တာပဲဖြစ်စေ ဒူးတွေ၊ လက်တွေနဲ့ ပခုံးက ဂျွတ်ခနဲ အသံမြည်သွားတတ်ပါတယ်။
      ကြွက်သားတွေ၊ အရွတ်တွေ၊ အဆစ်တွေဟာ တင်းနေပြီး ရုတ်တရက် ပြန်ဆန့်လိုက်တဲ့အခါ ထွက်လာတဲ့အသံတွေဟာ တကယ်တော့ စိတ်ပူစရာမရှိပါဘူး။
      အဲလိုမြည်တတ်တာဟာ ယေဘုယျအားဖြင့် စိုးရိမ်စရာမရှိပေမယ့် အရိုးတွေ အဆစ်တွေ ကိုက်တာခဲတာ၊ နာကျင်တာ၊ ရောင်တာတွေနဲ့ တွဲဖက်လာမယ် ဆိုရင်တော့ အရိုးဆရာဝန် ချက်ချင်းပြသဖို့ လိုပါတယ်။
      လက်ဆစ်ချိုးတဲ့ အလေ့အထကြောင့်တော့ အရိုးအန္တရာယ် ဆိုးဆိုးဝါးဝါး ဖြစ်မလာတတ်ပါဘူး။ လက်ဆစ်တွေချိုးတဲ့အခါ ထွက်တဲ့အသံဟာ အဆစ်ထဲက နိုက်ထရိုဂျင်ပူပေါင်းတွေကနေ ထွက်လာတဲ့အသံ ဖြစ်ပါတယ်။
      အဆစ်တွေ ဆန့်တဲ့၊ ကွေးတဲ့အခါ အသံမြည်လာတာဟာ တစ်နည်းအားဖြင့်ဆိုရင် ကြွက်သားတွေ တင်းလာတာ၊ အဆစ်မှာ တွယ်ချိတ်ထားတဲ့ ကပ်တွယ်အရွတ်တွေ တင်းလာတာတွေကို ပြသပါတယ်။
      အသက်ကြီးလာလေ အဆစ်ထဲက လှုပ်ရှားတဲ့အခါ ချောမွေ့ဖို့ ချောဆီနည်းလာလေ၊ အရိုးနုလေးတွေ ပွတ်တိုက်တာ အသံထွက်လာလေပါပဲ။ အရိုးပွလာတဲ့အခါ ဒူးခေါင်းထဲက ကလစ်ကလစ် မြည်သံလေးတွေဟာ အရိုးနုလေးတွေ ပါးလာပြီး ပွတ်တိုက်မှု များလာတာကို ပြနေပါတယ်။
      အသံထွက်တတ်ဆုံး အဆစ်တွေထဲမှာ ပခုံးက ထိပ်ဆုံးက ပါ,ပါတယ်။ ပခုံးက အဆစ်တွေဟာ အရွတ်ပေါင်းများစွာ အရိုးနုတွေနဲ့ ချိတ်ဆက်ထားပြီး လှုပ်ရှားနေတာကြောင့် အသံအမြည်တတ်ဆုံး ဖြစ်ပါတယ်။

>>    ကိုယ်လက်လှုပ်ရှားမှု ကောင်းကျိုးများ
      များများလှုပ်ရှားလေ အရွတ်နဲ့ကြွက်သားတွေ အပူထွက်လေ၊ အဆစ်တွင်းလှုပ်ရှားမှု ပိုမိုချောမွေ့လေပါပဲ။ ကြွက်သားတွေ အဆစ်တွေ တင်းမနေချင်ရင်၊ တဂျွတ်ဂျွတ် အသံမထွက်ချင်ရင် ပုံမှန်လေ့ကျင့်ခန်းလုပ်တာမျိုး၊ အထိုင်အထ အကွေးအဆန့် လုပ်ပေးတာမျိုး၊ အလုပ်စားပွဲက ထလမ်းလျှောက်တာမျိုးကို အခါအားလျော်စွာ လုပ်ပေးသင့်ပါတယ်လို့ အရိုးဆရာဝန်တွေက အကြံပြုထားပါတယ်။
      ဒါ့ကြောင့် ထိထိရောက်ရောက် ကိုယ်လက်လှုပ်ရှားမှုဖြင့် သံစုံမြည်တဲ့အဆစ်တွေကို ချောမွေ့စွာ လှုပ်ရှားနိုင်အောင် ပိုမိုကျန်းမာလာအောင် ကြိုးစာပေးကြပါစို့နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Zawgyi)

      အၾကာႀကီးထိုင္ၿပီး ထလိုက္တဲ့အခါျဖစ္ေစ၊ အိပ္ရာထခါစ အေညာင္းဆန႔္တာပဲျဖစ္ေစ၊ အေၾကာအျခင္ေတြ ႐ုတ္တရက္ ဆန႔္ထုတ္လိုက္တာပဲျဖစ္ေစ ဒူးေတြ၊ လက္ေတြနဲ႔ ပခုံးက ဂြၽတ္ခနဲ အသံျမည္သြားတတ္ပါတယ္။
      ႂကြက္သားေတြ၊ အ႐ြတ္ေတြ၊ အဆစ္ေတြဟာ တင္းေနၿပီး ႐ုတ္တရက္ ျပန္ဆန႔္လိုက္တဲ့အခါ ထြက္လာတဲ့အသံေတြဟာ တကယ္ေတာ့ စိတ္ပူစရာမရွိပါဘူး။
      အဲလိုျမည္တတ္တာဟာ ေယဘုယ်အားျဖင့္ စိုးရိမ္စရာမရွိေပမယ့္ အ႐ိုးေတြ အဆစ္ေတြ ကိုက္တာခဲတာ၊ နာက်င္တာ၊ ေရာင္တာေတြနဲ႔ တြဲဖက္လာမယ္ ဆိုရင္ေတာ့ အ႐ိုးဆရာဝန္ ခ်က္ခ်င္းျပသဖို႔ လိုပါတယ္။
      လက္ဆစ္ခ်ိဳးတဲ့ အေလ့အထေၾကာင့္ေတာ့ အ႐ိုးအႏၲရာယ္ ဆိုးဆိုးဝါးဝါး ျဖစ္မလာတတ္ပါဘူး။ လက္ဆစ္ေတြခ်ိဳးတဲ့အခါ ထြက္တဲ့အသံဟာ အဆစ္ထဲက ႏိုက္ထ႐ိုဂ်င္ပူေပါင္းေတြကေန ထြက္လာတဲ့အသံ ျဖစ္ပါတယ္။
      အဆစ္ေတြ ဆန႔္တဲ့၊ ေကြးတဲ့အခါ အသံျမည္လာတာဟာ တစ္နည္းအားျဖင့္ဆိုရင္ ႂကြက္သားေတြ တင္းလာတာ၊ အဆစ္မွာ တြယ္ခ်ိတ္ထားတဲ့ ကပ္တြယ္အ႐ြတ္ေတြ တင္းလာတာေတြကို ျပသပါတယ္။
      အသက္ႀကီးလာေလ အဆစ္ထဲက လႈပ္ရွားတဲ့အခါ ေခ်ာေမြ႕ဖို႔ ေခ်ာဆီနည္းလာေလ၊ အ႐ိုးႏုေလးေတြ ပြတ္တိုက္တာ အသံထြက္လာေလပါပဲ။ အ႐ိုးပြလာတဲ့အခါ ဒူးေခါင္းထဲက ကလစ္ကလစ္ ျမည္သံေလးေတြဟာ အ႐ိုးႏုေလးေတြ ပါးလာၿပီး ပြတ္တိုက္မႈ မ်ားလာတာကို ျပေနပါတယ္။
      အသံထြက္တတ္ဆုံး အဆစ္ေတြထဲမွာ ပခုံးက ထိပ္ဆုံးက ပါ,ပါတယ္။ ပခုံးက အဆစ္ေတြဟာ အ႐ြတ္ေပါင္းမ်ားစြာ အ႐ိုးႏုေတြနဲ႔ ခ်ိတ္ဆက္ထားၿပီး လႈပ္ရွားေနတာေၾကာင့္ အသံအျမည္တတ္ဆုံး ျဖစ္ပါတယ္။

>>    ကိုယ္လက္လႈပ္ရွားမႈ ေကာင္းက်ိဳးမ်ား
      မ်ားမ်ားလႈပ္ရွားေလ အ႐ြတ္နဲ႔ႂကြက္သားေတြ အပူထြက္ေလ၊ အဆစ္တြင္းလႈပ္ရွားမႈ ပိုမိုေခ်ာေမြ႕ေလပါပဲ။ ႂကြက္သားေတြ အဆစ္ေတြ တင္းမေနခ်င္ရင္၊ တဂြၽတ္ဂြၽတ္ အသံမထြက္ခ်င္ရင္ ပုံမွန္ေလ့က်င့္ခန္းလုပ္တာမ်ိဳး၊ အထိုင္အထ အေကြးအဆန႔္ လုပ္ေပးတာမ်ိဳး၊ အလုပ္စားပြဲက ထလမ္းေလွ်ာက္တာမ်ိဳးကို အခါအားေလ်ာ္စြာ လုပ္ေပးသင့္ပါတယ္လို႔ အ႐ိုးဆရာဝန္ေတြက အႀကံျပဳထားပါတယ္။
      ဒါ့ေၾကာင့္ ထိထိေရာက္ေရာက္ ကိုယ္လက္လႈပ္ရွားမႈျဖင့္ သံစုံျမည္တဲ့အဆစ္ေတြကို ေခ်ာေမြ႕စြာ လႈပ္ရွားႏိုင္ေအာင္ ပိုမိုက်န္းမာလာေအာင္ ႀကိဳးစာေပးၾကပါစို႔ေနာ္။

ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)