တင်းအားများခြင်းကြောင့် ခေါင်းကိုက်ခြင်း
ခေါင်းကိုက်တာ အမျိုးမျိုးရှိတဲ့အထဲမှာ အဖြစ်အများဆုံးကတော့ တင်းအားများခြင်းကြောင့် ခေါင်းကိုက်ခြင်း (tension headache) ပါပဲ။ ခေါင်းက နာမယ်၊ တင်းမယ်၊ နဖူး ဒါမှမဟုတ် ခေါင်းနောက်ဘက်အခြမ်းက ကိုက်မယ်၊ ခေါင်းထဲမှာ တဒုတ်ဒုတ်နဲ့ ထိုးနေတတ်ပါတယ်။
>> ဘာကြောင့်ဖြစ်တာလဲ?
များသောအားဖြင့်
1. စိတ်ရှုပ်တဲ့အခါ၊ စိတ်ဖိစီးမှု များတဲ့အခါ၊
2. မျက်စိကို အားစိုက်ကြည့်တာ များသွားတဲ့အခါ၊
3. ကော်ဖီသောက်တာ များသွားတဲ့အခါ၊
4. တချို့အစားအသောက်တွေ စားမိတဲ့အခါ၊
5. ကောင်းကောင်း အနားမရတဲ့အခါ၊
6. အနေအထိုင် ပုံစံမမှန်တဲ့အခါ၊
7. ရေဓာတ်ခမ်းခြောက်တဲ့အခါ၊
8. ဗိုက်ဆာတဲ့အခါ၊
9. လှုပ်ရှားမှုမရှိတဲ့အခါ၊
10. အသံတွေ ဆူလွန်းတဲ့အခါ၊
11. အလင်းတွေ စူးလွန်းတဲ့အခါ
12. အချို့အနံ့တွေကို ရတဲ့အခါတွေမှာ ဖြစ်တတ်ပါတယ်။ တစ်ခါတလေ အရက်သောက်ပြီး နောက်ရက် ခေါင်းကိုက်တာကလည်း tension headache အမျိုးအစားပဲ ဖြစ်ပါတယ်။
Bio Adult 1

>> ဘယ်လိုကုသမလဲ?
ပါရာစီတမော (Paracetamol), Ibuprofen အစရှိတဲ့ အကိုက်အခဲပျောက်ဆေးတွေက လောလောဆယ် ကိုက်နေတာကို သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ နောက်တစ်ကြိမ် ပြန်မဖြစ်ဖို့အတွက်ကတော့ ခေါင်းကိုက်တာကို ဖြစ်စေတဲ့အကြောင်းအရင်းကို ဖယ်ထုတ်ပေးဖို့ လိုအပ်ပါတယ်။ ဥပမာ - ဗိုက်ဆာလို့ ခေါင်းကိုက်တာဆို အစားစားလိုက်၊ မျက်စိကြည့်တာများသွားရင် အနားယူလိုက်တာမျိုးပေါ့။ ခေါင်းကိုက်တာ ခဏခဏဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
>> ဘယ်လိုကာကွယ်ကြမလဲ?
အပေါ်မှာပြောခဲ့တဲ့ ဖြစ်စေတဲ့အကြောင်းအရာတွေကိုရှောင်ပါ။ ဥပမာ - အဆာမခံပါနဲ့၊ မျက်စိကို အရမ်းအားစိုက်မသုံးနဲ့။ တစ်ခါတလေ မျက်မှန်တပ်ဖို့ လိုအပ်နေတာလည်း ဖြစ်နိုင်တာကြောင့် မျက်စိကို စမ်းသပ်ကြည့်ပါ။ အရက်သောက်ပြီး ဖြစ်တတ်တယ်ဆိုရင်တော့ လျှော့သောက်ပါ။ နေပုံထိုင်ပုံ ပုံစံမမှန်တာကြောင့်ဆိုရင် ပြင်ပါ။ တစ်ခါတလေမှာ အစားအသောက်နဲ့ ဓာတ်မတည့်ရင်လည်း ခေါင်းကိုက်တတ်ပါတယ်။ အဲဒါဆိုရင်တော့ ကိုယ်မတည့်တဲ့ အစားအသောက်ကို မှတ်ထားပြီး ရှောင်ကြဉ်ကြည့်လိုက်ပါ။
Dr. Htar (www.drmyanmar.com)
Bio Adult 2

(Zawgyi)
ေခါင္းကိုက္တာ အမ်ိဳးမ်ိဳးရွိတဲ့အထဲမွာ အျဖစ္အမ်ားဆုံးကေတာ့ တင္းအားမ်ားျခင္းေၾကာင့္ ေခါင္းကိုက္ျခင္း (tension headache) ပါပဲ။ ေခါင္းက နာမယ္၊ တင္းမယ္၊ နဖူး ဒါမွမဟုတ္ ေခါင္းေနာက္ဘက္အျခမ္းက ကိုက္မယ္၊ ေခါင္းထဲမွာ တဒုတ္ဒုတ္နဲ႔ ထိုးေနတတ္ပါတယ္။
>> ဘာေၾကာင့္ျဖစ္တာလဲ?
မ်ားေသာအားျဖင့္
1. စိတ္ရႈပ္တဲ့အခါ၊ စိတ္ဖိစီးမႈ မ်ားတဲ့အခါ၊
2. မ်က္စိကို အားစိုက္ၾကည့္တာ မ်ားသြားတဲ့အခါ၊
3. ေကာ္ဖီေသာက္တာ မ်ားသြားတဲ့အခါ၊
4. တခ်ိဳ႕အစားအေသာက္ေတြ စားမိတဲ့အခါ၊
5. ေကာင္းေကာင္း အနားမရတဲ့အခါ၊
6. အေနအထိုင္ ပုံစံမမွန္တဲ့အခါ၊
7. ေရဓာတ္ခမ္းေျခာက္တဲ့အခါ၊
8. ဗိုက္ဆာတဲ့အခါ၊
9. လႈပ္ရွားမႈမရွိတဲ့အခါ၊
10. အသံေတြ ဆူလြန္းတဲ့အခါ၊
11. အလင္းေတြ စူးလြန္းတဲ့အခါ
12. အခ်ိဳ႕အနံ႔ေတြကို ရတဲ့အခါေတြမွာ ျဖစ္တတ္ပါတယ္။ တစ္ခါတေလ အရက္ေသာက္ၿပီး ေနာက္ရက္ ေခါင္းကိုက္တာကလည္း tension headache အမ်ိဳးအစားပဲ ျဖစ္ပါတယ္။
>> ဘယ္လိုကုသမလဲ?
ပါရာစီတေမာ (Paracetamol), Ibuprofen အစရွိတဲ့ အကိုက္အခဲေပ်ာက္ေဆးေတြက ေလာေလာဆယ္ ကိုက္ေနတာကို သက္သာေစႏိုင္ပါတယ္။ ဒါေပမဲ့ ေနာက္တစ္ႀကိမ္ ျပန္မျဖစ္ဖို႔အတြက္ကေတာ့ ေခါင္းကိုက္တာကို ျဖစ္ေစတဲ့အေၾကာင္းအရင္းကို ဖယ္ထုတ္ေပးဖို႔ လိုအပ္ပါတယ္။ ဥပမာ - ဗိုက္ဆာလို႔ ေခါင္းကိုက္တာဆို အစားစားလိုက္၊ မ်က္စိၾကည့္တာမ်ားသြားရင္ အနားယူလိုက္တာမ်ိဳးေပါ့။ ေခါင္းကိုက္တာ ခဏခဏျဖစ္ေနၿပီဆိုရင္ေတာ့ ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။
>> ဘယ္လိုကာကြယ္ၾကမလဲ?
အေပၚမွာေျပာခဲ့တဲ့ ျဖစ္ေစတဲ့အေၾကာင္းအရာေတြကိုေရွာင္ပါ။ ဥပမာ - အဆာမခံပါနဲ႔၊ မ်က္စိကို အရမ္းအားစိုက္မသုံးနဲ႔။ တစ္ခါတေလ မ်က္မွန္တပ္ဖို႔ လိုအပ္ေနတာလည္း ျဖစ္ႏိုင္တာေၾကာင့္ မ်က္စိကို စမ္းသပ္ၾကည့္ပါ။ အရက္ေသာက္ၿပီး ျဖစ္တတ္တယ္ဆိုရင္ေတာ့ ေလွ်ာ့ေသာက္ပါ။ ေနပုံထိုင္ပုံ ပုံစံမမွန္တာေၾကာင့္ဆိုရင္ ျပင္ပါ။ တစ္ခါတေလမွာ အစားအေသာက္နဲ႔ ဓာတ္မတည့္ရင္လည္း ေခါင္းကိုက္တတ္ပါတယ္။ အဲဒါဆိုရင္ေတာ့ ကိုယ္မတည့္တဲ့ အစားအေသာက္ကို မွတ္ထားၿပီး ေရွာင္ၾကဥ္ၾကည့္လိုက္ပါ။
Dr. Htar (www.drmyanmar.com)






























