တစ်မိနစ်မှာ ပုံမှန်အသက်ရှူတဲ့အကြိမ်ရေ ဘယ်လောက်ရှိသလဲ
အသက် 20 နှင့် အထက်လူကြီးတွေမှာ တစ်မိနစ်ကို ပုံမှန်အသက်ရှူတဲ့အကြိမ်ရေ 16 ကြိမ်မှ 20 ကြိမ်အတွင်းရှိပြီး အသက်ငယ်လေလေ အကြိမ်ရေ ပိုများလာလေပဲ ဖြစ်ပါတယ်။ တိတိကျကျဆိုရလျင် တစ်မိနစ်မှာ မွေးကင်းစကလေးတစ်ယောက်ရဲ့ အသက်ရှူတဲ့အကြိမ်ရေဟာ အကြိမ် 30 မှ 50 ကြား၊ 5 လသားအထိဆိုရင် 25 ကြိမ် မှ 40 ကြိမ်ကြား၊ 6 လမှ 5 နှစ်အတွင်းဆိုရင် 20 ကြိမ် မှ 30 ကြိမ်ကြား၊ 6 နှစ်မှ 10 နှစ်အထိဆိုရင် 15 ကြိမ်မှ 30 ကြိမ်ကြား၊ 11 နှစ်မှ 14 နှစ်ကြားဆိုရင် 12 ကြိမ် မှ 20 ကြိမ် ကြား၊ 15 နှစ်မှ 20 နှစ်ကြားဆိုရင် 12 ကြိမ်မှ 30 ကြိမ်ကြား အသီးသီးရှိကြပါတယ်။
Dr. MW






























