/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/တရုတ်နိုင်ငံက-ထုတ်လုပ်မယ့်-ကိုဗစ်ကာကွယ်ဆေးကို-ယုံကြည်စိတ်ချရမလား

တရုတ်နိုင်ငံက ထုတ်လုပ်မယ့် ကိုဗစ်ကာကွယ်ဆေးကို ယုံကြည်စိတ်ချရမလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ယခုအခါ ကိုဗစ်ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးကို နိုင်ငံများစွာက ဖော်ထုတ်စမ်းသပ်လျက်ရှိနေပြီး ထိုနိုင်ငံများတွင် တရုတ်နိုင်ငံကလည်း အရှေ့ဆုံးက ပါဝင်နေပါတယ်။ ဒီအတွက် အနောက်နိုင်ငံတွေကတော့ တရုတ်ကဆေးတွေက တကယ်ပဲ စိတ်ချယုံကြည်စရာကောင်းလားဆိုတာကို အငြင်းပွားလျက်ရှိနေပါတယ်။
အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ UK နိုင်ငံမှာ Johnson&Johnson နှင့် AstraZeneca PLC စတဲ့ Company ကြီးတွေကလည်း ကာကွယ်ဆေးကို ဖော်ထုတ်နိုင်အောင် ကြိုးစားနေကြလျက်ရှိပြီး စမ်းသပ်ချက်တွင် ပါဝင်တဲ့သူတစ်ဦး နေမကောင်းဖြစ်တဲ့အချိန်မှာတော့ ယာယီရပ်တန့်ပြီး ဖျားနာရတဲ့အကြောင်းရင်းကို ထပ်မံရှာဖွေလျက်ရှိပါတယ်။ ဆန့်ကျင်ဘက်အနေနှင့် တရုတ်နိုင်ငံကတော့ သူတို့ရဲ့ ရှာဖွေထုတ်ဖော်မှု နောက်ဆုံးအဆင့်တွင် ပူးပေါင်းပါဝင်သူ လူပေါင်း ၆ သောင်းကျော်မှာ ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်သူတစ်ယောက်မှမရှိကြောင်း ပြောဆိုထားတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ကာကွယ်ဆေး ဖော်ထုတ်မှုတွေကို ဘယ်လိုဆောင်ရွက်နေလဲဆိုတာကို လေ့လာကြည့်ရအောင်နော်။

>>  မတူညီတဲ့ နည်းပညာများ
တရုတ်နိုင်ငံရှိ ကာကွယ်ဆေး ဖော်ထုတ်ရောင်းချတဲ့ Sinovac Biotech Company မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ဆေးနှင့်ပတ်သက်တဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို စာရင်းမပြုစုထားခြင်းဟာ Company အနေနှင့် ပွင့်လင်းမြင်သာမှုမရှိတာ မဟုတ်ဘူးလို့ ဆိုပါတယ်။
Sinovac နှင့် လက်တွဲလုပ်ကိုင်တဲ့ ဘရာဇီးနိုင်ငံရှိ ပညာရှင်တစ်ဦးကတော့ သူတို့စမ်းသပ်ထုတ်ဖော်ထားတဲ့ ကာကွယ်ဆေးဟာဆိုရင် အခြားသော ပြည်တွင်းကထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေထက်စာရင် ဘေးထွက်ဆိုးကျိုးတွေ နည်းပါးမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

>>  ဘေးထွက်ဆိုးကျိုးများကို စစ်ဆေးခြင်း
●  ဘေးထွက်ဆိုးကျိုးလို့ဆိုတဲ့နေရာမှာ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ယားယံခြင်းကနေ ကင်ဆာ၊ နှလုံးရောဂါနှင့် အသက်သေဆုံးနိုင်တဲ့အထိ ပါဝင်ပါတယ်။
●  ဘေးထွက်ဆိုးကျိုးရှိခြင်းဟာ ကာကွယ်ဆေးအာနိသင် မပြည့်ဝကြောင်း ပြသနေတာမျိုးတော့ မဟုတ်ပါဘူး။ ကာကွယ်ဆေးထိုးခြင်းဖြင့် ရနိုင်တဲ့ကောင်းကျိုးတွေဟာ ဘေးထွက်ဆိုးကျိုးထက်စာရင်တော့ ပိုပြီးများပြားတာ တွေ့ရပါတယ်။ ဆိုးရွားတဲ့ဘေးထွက်ဆိုးကျိုးတွေ မရှိသလောက် နည်းတယ်ဆိုတာ စစ်ဆေးသိရှိပြီးပြီဆိုတာနှင့် ကာကွယ်ဆေးကို အရည်အသွေးပြည့်မီကြောင်း ကြေညာပြီး အများပြည်သူ အသုံးပြုဖို့ ဖြန့်ဖြူးရောင်းချမှ ဖြစ်ပါတယ်။

>>  အရေးပေါ်အခြေအနေမှာ အသုံးပြုခြင်း
တရုတ်အမျိုးသားကျန်းမာရေးကော်မတီမှ ကိုဗစ်ကာကွယ်ဆေး ထုတ်ဖော်စမ်းသပ်မှုများရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Zheng ကတော့ အရေးပေါ်အခြေအနေများတွက် အသုံးပြုမှုအခြေအနေအရ ဆိုးရွားတဲ့ဆိုးကျိုးတွေကို တွေ့ရခြင်းမရှိသေးဘူးလို့ အဆိုပြုပါတယ်။

>>  ပြည်ပနိုင်ငံများသို့ ဖြန့်ဖြူးခြင်း
တရုတ်နိုင်ငံအနေဖြင့် တစ်ကမ္ဘာလုံးမှာ အောင်မြင်စွာနှင့် ကာကွယ်ဆေးထိုးနိုင်ဖို့အတွက် မကြာခင်မှာ ဖြန့်ဖြူးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ သို့သော်လည်း တရုတ်နိုင်ငံမှ ကာကွယ်ဆေး ထုတ်လုပ်သူများအနေနှင့် အဆင့်ဆင့် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပါသေးတယ်။
တာဝန်ရှိသူတွေကတော့ ကာကွယ်ဆေးရဲ့ အရည်အသွေး ပြည့်မီမှုတွေကို စစ်ဆေးမှုပြုလုပ်ရာတွင် ပိုမိုတင်းကြပ်တဲ့စည်းကမ်းတွေ ထုတ်ပြန်ထားကြောင်းနှင့် ကာကွ်ဆေးထုတ်လုပ်တဲ့စက်ရုံတွေရဲ့ စံနှုန်းတွေကိုလည်း မြှင့်တင်ထားကြောင်း ဆိုထားပါတယ်။ UK နိုင်ငံရှိ Johnson&Johnson တွင် ပေါ်ပေါက်ခဲ့သလို ဘေးထွက်ဆိုးကျိုးတွေ တရုတ်နိုင်ငံမှ ကာကွယ်ဆေးမှာကော ဖြစ်ပေါ်နိုင်သလား ဆိုတာကိုတော့ ထပ်မံစောင့်ကြည့်ရဦးမှာဖြစ်ပြီး လေ့လာစမ်းသပ်ချက်တွေ လုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)