/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/တိရစာၦန်တွေဆီကတစ်ဆင့်-ကူးစက်တဲ့-ရောဂါဆိုးများ

တိရစာၦန်တွေဆီကတစ်ဆင့် ကူးစက်တဲ့ ရောဂါဆိုးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          တိရစာၦန်တွေကနေ ကူးစက်သော သေစေနိုင်တဲ့ အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါနဲ့ တုပ်ကွေးရောဂါတွေအကြောင်း ဗဟုသုတဆောင်းပါးအနေနဲ့ သတိပြုမိကြဖို့ မျှေ၀လိုက်ပါတယ်။

●        အေအိုင်ဒီအက်စ် ရောဂါဟာ လူ့လောကကို ခြိမ်းခြောက်နေခဲ့တာ ကြာခဲ့ပါပြီ။ ၁၉၀၀ ပြည့်နှစ်လောက်မှာ တောထဲမှာ အိချ်အိုင်ဗွီနဲ့ အေအိုင်ဒီအက်စ်ဖြစ်နေတဲ့ ချင်ပန်ဇီမျောက်ကို ဖမ်းယူသတ်ဖြတ်ကြရင်း ဓားရှကာ ကူးမိကြပါတယ်။ အဲဒီကနေတစ်ဆင့် စတင်ကူးစက်ပြန့်ပွားသွားတယ်လို့ ဆိုကြပါတယ်။

●        အာဖရိကတိုက်မှာ လင်းဆွဲတွေကတစ်ဆင့် ကူးစက်တဲ့ အီဘိုလာဗိုင်းရပ်စ်ဟာ လင်းဆွဲတွေနဲ့ ဆော့ကစားခဲ့တဲ့ ကလေးတစ်ယောက်ဆီက စတင်ကူးစက်ခဲ့တာ ဖြစ်ပါတယ်လို့ မှတ်သားရပါတယ်။

●        စီစီဖလိုင်းလို့ခေါ်တဲ့ ယင်ကောင်တွေဟာ သေစေနိုင်တဲ့ ကြောက်မက်ဖွယ် အိပ်ငိုက်ရောဂါကို ကူးစက်စေပါတယ်တဲ့။ လူပေါင်း ၃၀၀၀၀ ကျော်ဟာ အဲဒီယင်ကောင်ကနေ ရောဂါကူးစက်ပြီး သေဆုံးခဲ့ပြီလို့ ကမ်ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်းပါတယ်။

●        ပြင်းထန်အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါ SARS ကို တရုတ်လင်းနို့တွေကနေ ကူးစက်တယ်လို့ သိခဲ့ရပါတယ်။

●        ကမ်ဘာပေါ်မှာ အကြီးဆုံးလင်းနို့မျိုးဖြစ်တဲ့ မက်ဂါချီယိုဟာ ဟင်ဒရာရောဂါ ကူးစက်ပြန့်ပွားတဲ့ ကနဦးအကောင် ဖြစ်ပါတယ်။

●        မွှားကောင်တွေကနေ ကူးစက်တဲ့ သွေးလွန်တုပ်ကွေး ရောဂါဟာ အပြင်းအထန်ဖျားပြီး သေစေလောက်တဲ့အထိ ဖြစ်စေခဲ့ပါတယ်။

●        ဘိုလီးဘီးယန်း သွေးလွန်တုပ်ကွေးကို ကြွက်တွေကနေ ကူးစက်ပြီး ကြွက်ရဲ့သေး၊ မစင်၊ တံတွေးကနေ လူတွေကို ကူးစက်ပါတယ်။

●        အာဖရိကန်က မာဘတ်ရောဂါဟာ အီဗိုလာရောဂါနဲ့ ဆင်တူတဲ့ သွေးလွန်တုပ်ကွေး ဖြစ်ပေါ်စေပြီး သေဆုံးစေပါတယ်။ ဒီရောဂါကတော့ အာဖရိကန်လင်းနို့တွေကနေ ကူးစက်တာပါ။

●        လာဆာတုပ်ကွေးရောဂါဟာ တခြားတုပ်ကွေးတွေလို ပြင်းထန်ပြီး ကြွက်တွေကတစ်ဆင့် ကူးစက်ပါတယ်။

●        မားစ်ရောဂါပိုးဟာ အရှေ့အလယ်ပိုင်း အာရေဗီယန်ပင်လယ်ကွေ့မှာ စတင်ပြန့်ပွားပြီး လင်းနို့တွေကတစ်ဆင့် ကူးစက်တာပါ။ ဒါ့အပြင် ကုလားအုတ်၊ သိုး၊ ဆိတ်နဲ့ ကြောင်တွေကို ကူးစက်ပါတယ်။

          ရာသီဥတုကလည်းပြောင်း အအေးလေးလည်း ပိုလာပြီဆိုရင်ဖြင့် တိရစာၦန်တွေ နေမကောင်း ဖြစ်ကြမှာပါ။ ဒီတော့ တောတောင်ထဲမှာ ကျင်လည်နေသူ သစ်တောဝန်ထမ်းတွေ၊ အလုပ်လုပ်ကြသူတွေ၊ တောင်ယာခုတ်သူတွေ၊ အပန်းဖြေခရီး ထွက်ကြသူတွေအနေနဲ့ တိရစာၦန်တွေကို ထိတွေ့ကိုင်တွယ်တာ ငှက်သေ တွေ့ရင် သွားကိုင်တာ၊ ထောင်ဖမ်းတာတွေကို ရှောင်ဖို့ လိုပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)