တုပ်ကွေးမဖြစ်အောင် ကာကွယ်နိုင်သော နည်းလမ်းကောင်းများ
တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးဟာမျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်ပေါက်မှတစ်ဆင့် ခန္ဓာကိုယ်ထဲ ကူးစက်၀င်ရောက်နိုင်ပါတယ်။ ကလေးသူငယ်များနဲ့ အသက်ကြီးသူတွေဟာ အအေးမိဝေဒနာကို ပိုမိုခံစားရလေ့ရှိပါတယ်။
1. အအေးမိတာနဲ့ တုပ်ကွေးမဖြစ်အောင် လက်ကိုဆပ်ပြာနှင့်ရေသုံးပြီး စက္ကူသန့်သန့် ပွတ်တိုက် ဆေးကြောပေးပါ။ ချောင်းဆိုးလျှင်ဖြစ်စေ၊ နှာချေလျှင်ဖြစ်စေ လက်ကိုင်ပဝါဖြင့် အုပ်၍ဆိုးပါ။
2. အအေးမိနေသူနှင့် အနည်းဆုံးတစ်မီတာအကွာတွင်နေပါ။
3. လူထူထပ်သောနေရာတွင်ဖြစ်စေ၊ တုပ်ကွေးမိနေသူရဲ့တစ်မီတာအကွာတွင်ဖြစ်စေရှိနေပါက Mask (နှာခေါင်းစည်း)စွပ်ထားပါ။
4. တုပ်ကွေးမိနေသူ၏ တံတွေးများ၊ ဆီးများစွန့်ပစ်ရာတွင် လက်အိတ်၀တ်ပြီးမှ လုပ်ဆောင်ပါ။
5. တုပ်ကွေးရာသီမှာလူထူထပ်တဲ့နေရာတွေကိုတတ်နိုင်သမျှရှောင်ပါ။
6. ကိုယ်ခံအားကောင်းမွန်နေရန် အစာအာဟာရပြည့်၀အောင်စားပြီး အိပ်ရေး၀အောင်အိပ်ပါ။ လမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်းစတဲ့ မပြင်းထန်တဲ့ အားကစားနည်းများကို တတ်နိုင်သလောက်လုပ်ပါ။
Dr. Htet Htet Aung (www.drmyanmar.com)