ထမင်းစားပြီးချိန်မှာ ရင်ပြည့်ရင်ကယ်မဖြစ်ရအောင်
ထမင်းစားပြီး ခဏတစ်ဖြုတ် နားနားနေနေနေမယ်လု့ိ စဉ်းစားနေချိန်မှာ ဗိုက်ကြီးကားပြီး လေပွလေထဖြစ်လာခဲ့ရင် မထောင်းသာလှပါဘူး။
ဒီလိုရင်ပြည့်ရင်ကယ်မဖြစ်ရလေအောင်
၁။ ဘယ်လိုအစားအသောက်တွေစားရင် ဖြစ်တတ်တယ်ဆိုတာကို သိထားရမယ်။
ကစီဓာတ်၊ အဆီ၊ ပရိုတင်း အားလုံးက ရင်ပြည့်ရင်ကယ်ဖြစ်စေတတ်တယ်။ လူအများစုမှာ ရင်ပြည့်ရင်ကယ်အများဆုံးဖြစ်စေတတ်တဲ့ အစားအသောက်တွေကတော့
• ပန်းသီး
• ပဲသီး
• ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီပန်းပွင့်၊ ဂေါ်ဖီလိုမျိုး ကြွပ်ဆတ်တဲ့အရွက်တွေ
• နို့နှင့်နို့ထွက်ပစ္စည်းတွေ
• ဆလတ်ရွက်
• ကြက်သွန်နီ
• မက်မွန်သီး၊ သလဲသီး
ဒါတွေကိုရှောင်ဖို့တော့မလိုပါဘူး။ နှစ်မျိုးသုံးမျိုးပေါင်းစားတာမျိုး၊ အများကြီးစားတာမျိုးကို ရှောင်ပေးရင်ရပါပြီ။
Kremil-S 1
၂။ အမျှင်ဓာတ်စားတာကိုသေချာစောင့်ကြည့်ပါ။
အမျှင်များတဲ့ အရောင်မချွတ်ထားတဲ့အစေ့အနှံတွေ၊ ပဲတွေလိုမျိုးဟာ ရင်ပြည့်ရင်ကယ်ဖြစ်စေတဲ့ အကြောင်းရင်းတွေ ဖြစ်နေတတ်တယ်။ ဒီအစားအသောက်တွေဟာ ကျန်းမာရေးအတွက် အရမ်းကောင်းတယ်ဆိုပေမယ့် တစ်ချို့တွေမှာတေ့ာ ရင်ပြည့်ရင်ကယ်ဖြစ်စေနိုင်လို့ နည်းနည်းစီစစားပေးပါ။ တစ်ဖြည်းဖြည်းချင်းမှ တိုးစားပေးပေါ့။
၃။ ဆားကိုဝေးဝေးရှောင်ပါ။
ဆားစားများတဲ့အခါ ရေရှည်မှာ သွေးတိုးရောဂါကို ဖြစ်စေနိုင်သလို ရေတိုမှာလည်း ရေတွေစုပြီး ရင်ပြည့်ရင်ကယ် ဝမ်းဖောဝမ်းရောင်ကို ဖြစ်စေနိုင်တယ်။
ဒါကြောင့် ဆားအစား ဟင်းခတ်အမွေးအကြိုင်တွေ ထည့်ချက်တာ၊ အသင့်စားအထုတ်တွေ လျော့စားတာမျိုး လုပ်ပေးဖို့လိုတယ်။
၄။ အဆီများတဲ့အစားအသောက်တွေကို ရှောင်ပေးပါ။
အဆီဟာ ခြေဖျက်ရခက်တဲ့ အစားအသောက်တစ်မျိုးဖြစ်ပြီး့ အစာလမ်းကြောင်းတစ်လျောက် ဖြည်းဖြည်းချင်းဆင်းတာကြောင့် ရင်ပြည့်စေတတ်တယ်။
ဒါပေမယ့် အဆီဆိုရာမှာလည်း အကြော်တွေမှာပါတဲ့ ပြည့်ဝဆီနဲ့ ပြန်ကြော်ဆီတွေအစား ထောပတ်သီးတွေ အစေ့အဆံတွေမှာပါတဲ့ မပြည့်ဝဆီကို စားပေးပါ။
၅။ ကာဗွန်ပါတဲ့အချိုရည်တွေလျော့သောက်ပေးပါ။
ကာဗွန်ပါတဲ့အချိုရည်တွေ၊ ဆိုဒါတွေသောက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ ကာဗွန်ဒါအောက်ဆိုဒ်တွေ စုပုံလာတဲ့အတွက် ဗိုက်ကြီးအင့်လာတတ်တယ်။
၆။ ဖြည်းဖြည်းစားပေးပါ။
အစားကိုမြန်မြန်စားတဲ့အခါ လေတွေပါဝင်သွားတတ်တယ်။ ဒါကြောင့် ဗိုက်ထဲမှာ လေတွေပုံလာတတ်တယ်။ ဖြည်းဖြည်းစားပေးတာက ဒီလိုမဖြစ်အောင် ကာကွယ်ပေးတဲ့အပြင် စားတဲ့ပမာဏကို လျော့ကျစေတယ်။
Kremil-S 2
၇။ လမ်းလျောက်ပေးပါ။
လမ်းလျောက်တာက ကျန်းမာရေးအတွက် သင့်တော်သလို လေပွတာကိုလည်း တားဆီးပေးနိုင်တယ်။
၈။ လေဆေးတွေသောက်ပေးပါ။
အစာကြေေဆးတွေဟာ အစာတွေကို ခြေဖျက်ပေးပြီး အာဟာရဓာတ်စုပ်ယူမှုကို အားပေးတယ်။ ဒါ့အပြင် ဒီဆေးတွေဟာ လေပွလေထတာတွေကိုလည်း သက်သာစေနိုင်သေးတယ်။
ဒီလို လူနေမှုပုံစံကို ပြောင်းလဲရုံနဲ့ မပျောက်ကင်းဘူးဆိုရင် ဒီရောဂါတွေကြောင့် ဖြစ်တာဖြစ်နေနိုင်ပါတယ်။
• အူလမ်းကြောင်းရောင်ရောဂါ Crohn’s disease
• အစာဓာတ်မတည့်ခြင်း
• အူလမ်းကြောင်းဓာတ်မတည့်ရောဂါ (Irritable bowel syndrome)
• လက်တို့စ်အချိုဓာတ်မတည့်ရောဂါ
• အူသိမ်ရောင်ရောဂါ Coeliac disease
• ဂလူတန်ဓာတ်မတည့်ရောဂါ တွေဖြစ်နိုင်တယ်။
ဒါကြောင့် ဒီလိုရင်ပြည့်ရင်ကယ်ဖြစ်စေတဲ့ အကြောင်းရင်းတွေကို လိုက်ရှာပြီး ကုသဖို့လိုတယ်နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
• နို့နှင့ျနို့ထှကျပစ်စညျးတှေ
• ဆလတျရှကျ
Dr. Mya Phoo Ngon (www.drmyanmar.com)






























