/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ထမင်းတစ်လုတ်-ရေတစ်မှုတ်

ထမင်းတစ်လုတ် ရေတစ်မှုတ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ထမင်းစားနေတုန်းမှာ ရေမသောက်သင့်ပါဘူး။

          ထမင်းစားတုန်း ရေသောက်ခြင်းဟာ အစာချေဖျက်နှုန်းကို လျော့နည်းစေတဲ့အပြင် သွေးတွင်းအချိုဓာတ်ကို ကျစေနိုင်တဲ့ အင်ဆူလင် အတက်အကျကိုလည်း များစေတတ်ပါတယ်။

          ရေဆာနေတယ် ဆိုတာဟာ ခန္ဓာကိုယ်မှာ အရည်ဓာတ် လိုအပ်နေတယ်ဆိုတာကို ညွှန်ပြနေပြီး ရေမဆာတာဟာ တစ်နေ့တာ လိုအပ်တဲ့ ရေပမာဏ ပြည့်ဝနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ရေဆာဆာ ထမင်းစားနေတုန်း ရေ လုံးဝမသောက်သင့်ပါဘူး။

          ထမင်းစားရင်းတန်းလန်း ရေသောက်ခြင်းဖြင့် အစာချေရည်တွေကို ရေရောပစ်သလိုဖြစ်ပြီး အစာချေခြင်းကို နှောင့်နှေးစေနိုင်ပါတယ်။ ဒါ့အပြင် အစာချေရည်အက်ဆစ်တွေကို အပေါ်ပြန် ဆန်တက်စေပြီး ရင်ပူစေတတ်ပါတယ်။ ဒါကြောင့် အစာမစားခင်နဲ့ အစာစားပြီး 2 နာရီကြာမှ ရေသောက်ခြင်းဖြင့် အစာချေမှုကို အနှောက်အယှက်မပြုဘဲ အစာစုပ်ယူမှုကို အားကောင်းစေနိုင်ပါတယ်။

          ဒါ့အပြင် အစာစားစဉ် ရေသောက်ခြင်းဖြင့် အင်ဆူလင်ဓာတ်ကို များစေလာနိုင်တဲ့အတွက် ခန္ဓာကိုယ်တွင် အဆီသိုလှောင်မှု ပိုမိုများပြားစေနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)