ထမင်းရည်ကို အလှအပအတွက် ဘယ်လိုသုံးကြမလဲ?
• ရိုးရိုး ငှဲ့ချက်ပါက ထမင်းရည်ရဲ့ ကြည်လင်တဲ့အပိုင်းကို သုံးနိုင်ပါတယ်။ ပေါင်းအိုးနှင့် ချက်ပါက ရေ ပိုထည့်ပြီး ဆူချိန်မှာ ထမင်းရည်ကို ခပ်ထားပါ။ ဒီထမင်းရည်ကို ရေခဲသေတ္တာထဲမှာ ထည့်ထားပါက တစ်ပတ်လောက်ကြာအောင် ထားနိုင်ပါတယ်။
• ထမင်းရည်နဲ့ မျက်နှာ ပေါင်းတင်နိုင်ပါတယ်။ ထမင်းရည်ရဲ့ ကြည်နေတဲ့ အဖြူရောင်အပိုင်းကို ယူပြီး မျက်နှာ ပေါင်းတင်နိုင်ပါတယ်။ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ထမင်းရည်နဲ့ မျက်နှာပေါင်းတင်နိုင်သလို တစ်ပတ် 1 ကြိမ် (သို့) 2 ကြိမ် ဆံပင်ပေါင်းတင်ပေးနိုင်ပါတယ်။
• ပိုပြီးအကျိုးကျေးဇူး ရရှိစေဖို့နဲ့ ရနံ့သင်းစေဖို့အတွက် လာဗန်ဒါအဆီ (သို့) အခြားအမွှေးဆီတွေကို ထည့်ပြီး သုံးနိုင်ပါတယ်။ ပြီးရင် ထမင်းရည်ကို ဆံပင်မှာ သုတ်လိမ်းပြီး 10 မိနစ်ခန့် ထားထားပါ။ ပြီးမှ သန့်စင်အောင် လျှော်ပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























