ထိပ်ကပ်နာ ခံစားနေရပြီဆိုရင်
ထိပ်ကပ်နာဆိုတာက ဦးခေါင်းနဲ့ ချိတ်ဆက်ထားတဲ့ ပါး၊ နဖူး၊ နှာခေါင်း နေရာတွေက အခေါင်းပွနေရာလေးတွေ ရောင်လာတာကို ပြောတာပါ။ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေ အလျဉ်းသင့်သလို အောင်းလို့ကောင်းတဲ့ နေရာလေးတွေလေ။ အခန့်မသင့်လို့ အဲဒီ အခေါင်းပွပေါက်လေးတွေ ရောင်ကိုင်းပြီး ပိုးဝင်တာကို ထိပ်ကပ်နာလို့ အလွယ်ခေါ်ကြပါတယ်။
● နဖူး၊ နှာခေါင်းဘေး၊ ပါး တွေမှာ နာနိုင်၊ ကိုက်ခဲနိုင်ပါတယ်။
● နှာရည်တွေ ကျမယ်။ အစိမ်းရောင်အရည်တွေ ထွက်မယ်။
● နှာခေါင်း ပိတ်မယ်၊ နှာမွှန်မယ်၊ နှာရည်အပျစ်တွေ ထွက်မယ်။
● သွားကိုက်မယ် တဆစ်ဆစ်နဲ့ မခံနိုင်အောင် မကြာခဏ ကိုက်ခဲနေမယ်။
● ခေါင်းကိုက်မယ်၊ ငယ်ထိပ်မှာ တဆစ်ဆစ် ကိုက်မယ်။
● ဖျားမယ်၊ ပူခြစ် ဖျားတာမျိုးရှိသလို တငွေ့ငွေ့ ဖျားနေတာလည်း ရှိတယ်။
● ချောင်းဆိုးမယ်၊ အဆုတ် ပိုးဝင်နိုင်တာမျိုး ရှိနိုင်ပါတယ်။
Bio Adult 1

ပုံမှန်ဆိုရင် တစ်ပတ်ကနေ ဆယ်ရက်နေရင် သူ့အလိုလို ပျောက်သွားတတ်ပေမယ့် တချို့တွေမှာ ရောဂါပိုးက အခေါင်းပွတွေထဲမှာ အောင်းနေပြီး ထပ်ခါထပ်ခါ ဖြစ်နေတတ်ပါတယ်။ တစ်ခါဖြစ်ရင် နှစ်လကနေ သုံးလထိ ကြာနိုင်ပါတယ်။
ထိပ်ကပ်နာဖြစ်တဲ့အခါ အရက်၊ ဘီယာ၊ ဝိုင် သောက်ရင် ရောင်တာ ပိုဆိုးလာပြီး တော်တော်နဲ့ မပျောက်တော့ပါဘူး။
>> ထိပ်ကပ်နာဖြစ်ပြီဆိုရင်
● Biogesic ကဲ့သို့သော ပါရာစီတမော ပါ၀င်တဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ ရပါတယ်။
● ရေ တစ်နေ့ကို ၂ လီတာ ၀င်အောင် သေချာသောက်ပေးပါ။
● ရေနွေးငွေ့ ရှူပေးပါ။
● ဆားရေနွေးနဲ့ တစ်နေ့ကို ၂ ကြိမ် - ၃ ကြိမ် ပလုတ်ကျင်းပါ။
● နာနေတဲ့ မျက်နှာနဲ့ လေအခေါင်းပွတွေရှိရာ နှာခေါင်းကြားနဲ့ နှာခေါင်းပေါ်၊ မျက်လုံးကြားနဲ့ နဖူးကိုတော့ ရေနွေးဝတ်လေး ကပ်ပေးခြင်းဖြင့် အရောင်ကျစေပါတယ်။
● ကြာကြာဖြစ်လာရင် လေအခေါင်းပွတွေထဲက ပိုးကိုသေစေဖို့ ပဋိဇီဝဆေးတွေ ဆေးပတ်လည်အောင် သောက်သုံး ကုသရပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Bio Adult 2

(Unicode)






























