/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ထိုင်ရာကနေ-ထိလိုက်တဲ့အခါ-မိုက်ခနဲ-မူးသွားတတ်သူတွေရှိလား

ထိုင်ရာကနေ ထိလိုက်တဲ့အခါ မိုက်ခနဲ မူးသွားတတ်သူတွေရှိလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အသက် ၂၃ နှစ်အရွယ် အမျိုးသမီးလေးဟာ ထိုင်ရာကနေ ထလိုက်တိုင်း မိုက်ခနဲ မူးသွားတတ်ပါတယ်။

          အဲလိုအခြေအနေကို အနေအထားကြောင့်ဖြစ်တဲ့ သွေးပေါင်ကျခြင်းလို့ ခေါ်ပါတယ်။

          ရုတ်တရက် မတ်တတ်ရပ်လိုက်တဲ့အခါ ကမ်ဘာ့ဆွဲအားကြောင့် ဦးနှောက်ဆီကို သွေးအရောက် နည်းသွားပါတယ်။ သွေးအရောက် ခဏလေး နည်းသွားတဲ့အတွက် မူးဝေလဲပြိုသွားပါတယ်။ ဒီအခြေအနေက ရာသီဥတု ပူတဲ့အချိန်မှာဆို ပိုဆိုးပါတယ်။

          ဒီလို ဖြစ်တာကို ကာကွယ်ဖို့ -

□       ရေဓာတ်ပြည့်ဝအောင် သောက်သုံးပါ။

□       အချိုစားပါ။

□       နှလုံးရောဂါ စစ်ဆေးမှု ခံယူပါ။

□       ဦးနှောက်အာရုံကြော စစ်ဆေးမှုခံယူပါ။

□       လှဲလျောင်းရာ၊ ထိုင်ရာမှ ရုတ်တရက် မထပါနဲ့။

          တကယ်လို့ ဆရာဝန်တစ်ဦးနဲ့ ပြသစစ်ဆေးတဲ့အခါ အထိုင်အထမှာ သွေးပေါင်ချိန်ကြည့်ပြီး ကွဲလွဲမှု ရှိ၊ မရှိ စစ်ဆေးပါလိမ့်မယ်။

          တကယ်လို့ အတွင်းရောဂါ အခံတစ်ခုခုကြောင့် ဖြစ်နေခဲ့ရင်တော့ အကြောင်းရင်းကို စစ်ဆေးကုသမှသာ ပျောက်ကင်းမှာ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)