/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ထူးထူးခြားခြား-အကြောက်တရားများ

ထူးထူးခြားခြား အကြောက်တရားများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကိုယ်ကြောက်တဲ့အရာနဲ့ သူများကြောက်တဲ့အရာနဲ့ မတူနိုင်ပါဘူး။ ကြောက်ခြင်းတွေက အမျိုးမျိုးရှိပြီး ရူးတယ်လို့လည်းမဆိုနိုင် ထူးတယ်လည်း မမည်တဲ့ အကြောက်တရားတွေ တည်ရှိနေပါသတဲ့။

●        ဘာလုပ်လုပ် ကြောက်တာပဲဆိုတဲ့သူတွေ ရှိကို ရှိပါတယ်။ ဘာကြောက်လဲမေးရင် မသိဘူး။ နိစ္စဓူဝကိစ္စတွေကနေ ပတ်ဝန်းကျင်မှာ ထိတွေ့ဆက်စပ် ကိုင်တွယ်နေတဲ့အရာတိုင်းကို ကြောက်တာ ဖြစ်ပါတယ်။

●        ညမှာ သစ်တောတွေကို ကြောက်တာ။ တကယ်တော့ အေးဆေးငြိမ်သက်စွာ လဲလျောင်းနေတဲ့ တောအုပ်ဟာ သင့်ကို ဘာအန္တရာယ်မှ မပေးနိုင်ပါဘူး။ ဒါပေမဲ့ တောကြောက်တတ်သူကတော့ ကြောက်ကို ကြောက်မှာပါပဲ။

●        တရားစွဲခံရတာ၊ တရားခွင်ဝင်ရတာ ကြောက်သူ၊ အစစ်ခံရမှာကြောက်သူတွေ ရှိပါတယ်။ အလုပ်ပျက်တဲ့အပြင် ထောင်ဒဏ်၊ ငွေဒဏ်တွေကို ကြောက်ကြတာပါ။

●        ထိပ်ပြောင်နေတဲ့လူတွေကို ကြောက်တတ်သူတွေ ရှိပါတယ်။ တကယ်တော့ ထိပ်ပြောင်နေကြသူတွေဆိုတာ နွေးထွေးပြီး သဘောကောင်းကြပါတယ်။

●        ကဗျာတွေ၊ စာတွေကို ကြောက်သူကတော့ စာကြည့်တိုက်နဲ့ စာအုပ်တွေမြင်ရင်ကို အလိိုလို ထိတ်လန့်တတ်ပါသတဲ့။

●        သောကြာနေ့ကို ကြောက်ကြသူတွေ ရှိပါသေးတယ်။ ကံမကောင်းတဲ့နေ့လို့ ယူဆကြလို့ပါ။

●        ၁၃ ဂဏန်းကို ကြောက်သူတွေ ရှိပါတယ်။ ၁၃ ဆိုတာနဲ့ ကံမကောင်းတဲ့အဖြစ်တွေ တန်းစီမြင်ယောင်ပြီး စိုးရိမ်စိတ် များနေကြသူတွေပေါ့။

●        အဝါတောက်တောက် ကြောက်သူတွေဟာ နေရောင်ခြည်၊ နေကြာပန်း၊ အဝါရောင်ဆေး အကုန်ကြောက်ကြပါတယ်။

●        မှောင်မဲညစ်ညမ်းနေတဲ့ရေပြင်ကို ကြောက်သူတွေဟာ မိုးစက်မှန်ရင်တောင် သောကပွေကြရပါသတဲ့။ အပြင်မှာ မိုးမှောင်ပြီး သည်းသည်းမဲမဲ ရွာတဲ့နေ့တွေဟာ သူတို့အတွက် နေ့ဆိုးတွေပါပဲ။

●        ဒိန်ခဲကြောက်သူများဟာ ဒိန်ခဲနဲ့ ပတ်သတ်တဲ့ ကြောက်စရာအဖြစ်အပျက်ဆိုးတွေ ကြုံခဲ့ကြသူတွေပါ၊ ဒိန်ခဲအကြောင်း ကြားရင်ကို မနေတတ်၊ မထိုင်တတ် ဖြစ်ကြရှာပါတယ်။

●        လူရွှင်တော်တွေကို ကြောက်ကြသူတွေ အဖို့ကတော့ မျက်နှာကို ဆေးခြယ်ထားပြီး ပြုံးနေတဲ့ဂျိုကာဟာ သူတို့အတွက် ရန်သူပါတဲ့။

          ကဲ ... သင်ရော ဘာကို ကြောက်သလဲ???

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)