ဒါတွေကြောင့် နဂိုတည်းက အစာအိမ်မနာအောင် ဂရုစိုက်ပါ
အစာအိမ်အနာအများစုကတော့ နောက်ဆက်တွဲဆိုးကျိုးမရှိဘဲနဲ့ ကုသလို့ပျောက်တာများပေမယ့်လည်း မကုသဘဲထားမယ်ဆိုရင် အသက်အန္တရာယ်တောင်ရှိနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကြုံရနိုင်ပါတယ်။ ဒါတွေကတော့ အစာအိမ် (သို့) အူပေါက်သွားခြင်း၊ အနာကတခြားနေရာတွေကိုရောက်ခြင်း၊ သွေးထွက်ခြင်း၊ ပိတ်ဆို့ခြင်း၊ ကင်ဆာစတာတွေဖြစ်ပါတယ်။
♦ အစာအိမ်အနာဖောက်ထွက်ခြင်း - အနာက အစာအိမ် (သို့) အူသိမ်နံရံကိုဖောက်ထွက်ပြီးတော့ အသည်း၊ ပန်ကရိယ စတဲ့ဘေးနားက အင်္ဂါတွေဆီကိုရောက်သွားတတ်ပြီးတော့ နောက်ကျောဘက်မှာ ပြင်းထန်တဲ့နာကျင်မှုကိုခံစားရစေပါတယ်။ ဆေးတွေနဲ့မနိင်ဘူးဆိုရင် ခွဲစိတ်ကုသဖို့လိုပါတယ်။
♦ အစာအိမ် (သို့) အူပေါက်ခြင်း - အနာကြောင့် အစာအိမ် (သို့) အူနံရံပေါက်ထွက်သွားပြီးတော့ အထဲမှာရှီတဲ့အရာတွေက ဝမ်းဗိုက်အခေါင်းထဲကိုထွက်သွားကာ ပုခုံးတစ်ဖက် (သို့) နှစ်ဖက်စလုံးမှာ ပြင်းထန်စွာနာကျင်မှုကိုခံစားရစေနိုင်ပါတယ်။ ဒါကိုမကုဘဲထားရင် သွေးလန့်သွားပြီးတော့ အရေးပေါ်ခွဲခန်းဝင်ဖို့လိုပါတယ်။
♦ သွေးယိုစိီးခြင်း - အစာအိမ်အနာရဲ့အဖြစ်များတဲ့နောက်ဆက်တွဲဆိုးကျိုးဖြစ်ပြီးတော့ သွေးတွေအန်တာ၊ သွေးဝမ်းသွားတာ၊ ဝမ်းမည်းမည်းတွေသွားတာတွေဖြစ်တတ်ပါတယ်။ အစာအိမ်မှန်ပြောင်းထည့်ပြီးတော့ သွေးထွက်နေတဲ့အနာကို သွေးတိတ်အောင်နည်းအမျိုးမျိုးနဲ့ကုလို့ရပါတယ်။
Kremil-S 1
♦ ပိတ်ဆို့ခြင်း - အနာပတ်လည်မှာရှိတဲ့ တစ်သျှူးတွေရောင်ရမ်းလာပြီးတော့ အစာအိမ်ထွက်ပေါက်၊ အူသိမ်တွေကို ကျဉ်းသွားစေတဲ့အခါမှာ ထပ်ခါထပ်ခါအန်တာ၊ ရင်ပြည့်ရင်ကယ်နဲ့ စားချင်သောက်ချင်စိတ်မရှိမတာတွေဖြစ်စေပါတယ်။ ဆေးတွေကို ပိတ်ဆိို့တာကိသက်သာစေနိုင်ပေမယ့်လည်း ပိတ်တာအရမ်းများရင်တော့ ခွဲစိတ်ဖို့ (သို့) မှန်ပြောင်းထည့်ပြီးတော့ကုသဖို့လိုပါတယ်။
♦ ကင်ဆာ - H. pylori ကြောင့်ဖြစ်တဲ့ အစာအိမ်အနာတွေက နောက်ဆုံးမှာအစာအိမ်ကင်ဆာဖြစ်နိုင်ချေကို ၃ ဆကနေ ၆ဆအထိမြင့်တက်စေပါတယ်။
** အစာအိမ်အနာဆိုတာဘာလဲ **
အစာအိမ်အနာဆိုတာကတော့ အစာအိမ် (သို့) အူသိမ်ဦးပိုင်းရဲ့နံရံတွေမှာဖြစ်တဲ့ အဝိုင်း (သို့) ဘဲဥပုံအနာလေးတွေပါ။ အများအားဖြင့် H. pylori ဆိုတဲ့ဘက်တီးရီးယားပိုးကြောင့်အဖြစ်များပြီးတော့ aspirin, အခြားအကိုက်အခဲပျောက်ဆေးတွေနဲ့ corticosteroid ဆေးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီဆေးတွေသောက်တိုင်းတော့လည်း အနာဖြစ််တာတော့မဟုတ်ပါဘူး။ အသက် ၆၀ နှစ်နဲ့အထက်၊ အမျိုးသမီးတွေ၊ အကိုက်အခဲပျောက်ဆေးကိုအကြာကြီးစွဲသောက်နေတဲ့သူတွေနဲ့ အရင်က အစာအိမ်အနာဖြစ်ဖူးတဲ့သူတွေမှာ ဆေးကြောင့် အနာဖြစ်နိုင်ချေများပါတယ်။
အစာအိမ်အနာရှိပြီဆိုရင် အစာအိမ်နေရာက (သို့) ချက်နဲ့ရင်ညွန့်ရိုးကြားဘယ်နေရာမှာမဆို အောင့်တာ၊ အစာတစ်ခုနဲ့တစ်ခုကြားအချိန်တွေ၊ ညဘက်တွေမှာ အောင့်တတ်တယ်၊ အောင့်တာက မိနစ်ပိုင်းကနေ နာရီပိုင်းအထိကြာနိုင်တယ်၊ ကိုယ်အလေးချိန်ကျလာမယ်၊ ဗိုက်ပြည့်ဗိုက်ကယ်ဖြစ်၊ အစာအိမ်ကနေလို့မကောင်းတာတွေဖြစ်တတ်ပါတယ်။
ကိုယ့်မှာ အစာအိမ်အနာဖြစ်နေတယ်လို့သံသယရှိရင် ရောဂါလက္ခဏာတွေသိပ်မဆိုးရင်တောင်မှ ဆရာဝန်သွားပြသင့်ပါတယ်။ မကုဘဲထားရင်ပိုဆိုးသွားနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Kremil-S 2
(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)






























