/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဒီရာသီမှာ-ကိုယ်ခံအားကိုတိုးမြှင့်ရာ

ဒီရာသီမှာ ကိုယ်ခံအားကိုတိုးမြှင့်ရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ရာသီဥတုအပြောင်းအလဲဖြစ်တဲ့အခါ ကိုယ်ခံအားတွေ ကမောက်ကမဖြစ်ပြီး ရောဂါပိုးမွားတွေ ဝင်လွယ်ပါတယ်။ ဒါကြောင့်  ကိုယ်ခံအားကို တိုးမြှင့်ပေးနိုင်ဖို့ ဒီနည်းလမ်းလေးတွေကို လိုက်နာလုပ်ဆောင်ကြည့်ကြပါနော်။

၁။  ရာသီပေါ်အသီးအနှံတွေ၊ အရွက်တွေ စားပေးပါ။
ရာသီဥတုပူပူမှာ အသီးဖျော်ရည်အေးအေးလေးတွေ၊ အရွက်သုပ်လေးတွေစားရတာ အရသာရှိလှသလို ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့အကာအကွယ်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်ကေ ကြွယ်ဝတဲ့ သရက်သီး၊ ဗီတာမင်စီနဲ့ ဗီတာမင် ဘီ6 ကြွယ်ဝတဲ့ ဖရဲသီး စတာတွေအပြင် ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ အင်တီအောက်စီဒန့်တွေကြွယ်ဝတဲ့ ဟင်းနုနွယ်၊ သင်္ဘောသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ ခရမ်းချဉ်သီး၊ ဒန့်ဒလွန်သီးစတဲ့ အသီးအရွက်တွေကို ထမင်းပန်းကန်ရဲ့တစ်ဝက်ပမာဏ ထည့်သွင်းစားပေးပါ။

ImmunPro 2022 IA 1

၂။  လက်ကို သေချာဆေးကြောပါ။
ပတ်ဝန်းကျင်က လေထုထဲမှာ ရောဂါပိုးမွှားတွေက ရှိနေဆဲဖြစ်တာမို့ လက်ကို ပုံမှန်ဆေးပေးနေဖို့ လိုအပ်ပါတယ်။

၃။  ဗီတာမင်စီ ပါဝင်တဲ့အစားအစာတွေကို များများစားပေးပါ။
ဗီတာမင်စီဆိုတာနဲ့ ကိုယ်ခံအားကောင်းစေတယ်ဆိုတာ လူတိုင်းသိပြီးဖြစ်မှာပါနော်။ ဗီတာမင်စီကြွယ်ဝတဲ့ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီးစတဲ့ ရာသီစာလေးတွေကို များများစားပေးခြင်းဖြင့် နွေပူပူမှာ ကိုယ်ခံအားကိုတိုးမြှင့်ပေးပြီး ဝင်လာတဲ့ရောဂါဘယတွေကို တွန်းလှန်နိုင်မှာပါ။

၄။  ဇင့်ဓာတ် ဖြည့်စွက်ပေးပါ။
ဇင့်ဓာတ်ဟာ ကိုယ်ခန္ဓာရဲ့ဆဲလ်တွေကြီးထွားမှုအတွက် အရေးပါသလို ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်ဖို့ ကိုယ်ခံအားဆဲလ်တွေလည်း ထုတ်လုပ်ပေးနိုင်တာကြောင့် ကိုယ်ခံအားအတွက် မရှိမဖြစ် အရေးပါပါတယ်နော်။ ဒါကြောင့် ဇင့်ဓာတ်ကြွယ်ဝတဲ့ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး နဲ့ အနီရောင်အသား တွေကို စားပေးတဲ့အပြင် ဇင့်ပါဝင်တဲ့ အားဆေးတွေကိုလည်း သောက်သုံးပေးနိုင်ပါတယ်။

ImmunPro 2022 IA 2

၅။  ပရိုဘိုင်အိုတစ် သောက်ပေးပါ။
ပရိုဘိုင်အိုတစ်ဟာ အစာခြေစနစ်အတွက်သာမက ကိုယ်ခန္ဓာရဲ့ကိုယ်ခံအားစနစ်ကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။ အစာခြေလမ်းကြောင်းတစ်လျှောက်မှာ ပရိုဘိုင်အိုတစ်ပိုးမွှားလေးတွေ မညီမျှတဲ့အခါမှာ ကိုယ်ခံအားကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒိန်ချဉ်၊ ဒိန်ခဲ၊ ချဉ်ဖတ်၊ ဆီတို့ဖူးစတဲ့ ပရိုဘိုင်အိုတစ် ကြွယ်ဝတာလေးတွေ ထည့်သွင်းစားပေးဖို့ လိုအပ်ပါတယ်။

၆။  ဗီတာမင်ဒီ လုံလောက်စွာ ရရှိအောင်နေပါ။
တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်ဒီပမာဏကို ရရှိစေဖို့ တစ်ပတ်မှာ ၃ ရက်နဲ့ တစ်နေ့ကို နေရောင် ၁၀-၁၅ မိနစ်ခန့် ခံယူရပါမယ်။ ဒါ့အပြင် ဗီတာမင်ဒီကြွယ်ဝတဲ့ တူနာ၊ ဆာဒင်း စတဲ့ အဆီများငါးများ၊ ဥအနှစ်နဲ့ ချိစ်တို့ကနေလည်း ဗီတာမင်ဒီကို ရရှိနိုင်ပါတယ်။

၇။  အိပ်ရေးဝဝအိပ်ပါ။
ရာသီဥတုပူပြင်းတဲ့အခါ ကောင်းကောင်းအိပ်ပျော်ဖို့ဆိုတာ ခဲယဉ်းနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ခံအားစနစ်ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ဆိုတာလည်း အိပ်ရေးဝနေမှဖြစ်မှာပါ။ အကယ်၍ ကောင်းကောင်းအိပ်ပျော်ဖို့ကို အတော်ကြိုးစားနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြကြည့်ပါ။ အိပ်ခန်းကိုလည်း လေဝင်လေထွက်ကောင်းပြီး တတ်နိုင်သမျှ အေးနေအောင်လုပ်ပေးပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)