/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဒီလိုစားရင်-ကျန်းမာမှာ

ဒီလိုစားရင် ကျန်းမာမှာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1. ပြုပြင်ထားခြင်းမရှိသော လတ်ဆတ်တဲ့အစားအစာတွေကို စားသုံးပါ

        အကောင်းဆုံးကတော့ သဘာဝအတိုင်းရရှိတဲ့အစားအစာတွေစားသုံးခြင်းပါပဲ။ စည်သွပ်ဘူးတွေ ထုတ်ပိုးထားတဲ့အစားအစာတွေအစား လတ်ဆတ်တဲ့အစားအစာတွေကို စားသုံးပါ။ ဥပမာ - အေးခဲထားတဲ့အသားအစား သဘာဝအတိုင်းထားတဲ့ အသားကို ချက်ပြုတ်စားပါ။ သစ်သီးဖျော်ရည်ထဲမှာပါတဲ့ စပျစ်သီးအစား စပျစ်သီးကိုဒီအတိုင်းစားပါ။ ဒီလိုစားသုံးခြင်းဖြင့် ကယ်လိုရီ၊ သကြား၊ ဆား နဲ့ ပြည့်ဝဆီ စတဲ့ကျန်းမာရေးနဲ့မညီညွတ်တဲ့အရာတွေကိုပါ ရှောင်ပြီးသားဖြစ်သွားပါလိမ့်မယ်။

2. ပြုပြင်ထားခြင်းမရှိသော ကောက်ပဲသီးနှံများများစားပါ

        သန့်စင်ထားတဲ့ ပေါင်မုန့်အဖြူ၊ ဆန်အဖြူ စတာတွေမှာ အာဟာရဓာတ်တွေ ပါ၀င်မှုနည်းပါတယ်။ ဒါကြောင့် ပြုပြင်ထားခြင်းမရှိတဲ့ ဆန်လုံးညို၊ ပေါင်မုန့်အညိုရောင် စတာတွေကိုစားသုံးပါ။

3. သစ်သီးနှင့် ဟင်းသီးဟင်းရွက် ပိုမိုစားသုံးပါ

        အမျှင်ဓာတ်နည်းပြီး သကြားများတဲ့ဖျော်ရည်တွေသောက်မယ့်အစား လတ်ဆတ်တဲ့သစ်သီးကိုစားသုံးပါ။ နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ အနည်းဆုံး သစ်သီး 5-9 ဆလောက်ပါဝင်ပါစေ။

4. အစားအစာများမှာ ဆားနဲ့ သကြားပါဝင်မှုကို အမြဲကြည့်ပါ

        သဘာဝအစားအစာတွေမှာ သကြားနဲ့ဆားပမာဏနည်းပြီး ပြုပြင်ထားတဲ့အစားအစာတွေမှာတော့ ပါဝင်မှုများပါတယ်။ ဒါကြောင့်အသင့်စားအစားအစာတွေကို ရှောင်ကြဉ်ပါ။ ဒီအစားအစာတွေစားရင်လည်း ပါဝင်ပစ္စည်းအချိုခဲနဲ့ ဆားပါဝင်မှုအမြဲဖတ်ပါ။ ကိုယ်တိုင်ပြုလုပ်တဲ့အစားအစာတွေမှာလည်း သကြားနဲ့ဆားကို သတိထားပြီးလျှော့ထည့်ပါ။ ဒီအစားအစပ်နဲ့ သစ်ဥသစ်ဖုတွေသုံးပြီး အရသာရှိအောင်လုပ်နိုင်ပါတယ်။

5. သဘာဝအတိုင်းမဟုတ်တဲ့ အတုအပပစ္စည်းတွေမသုံးပါနဲ့

        ဆိုးဆေး၊ အချိုခဲ၊ ကြာရှည်ခံပစ္စည်းနဲ့ အခြားအတုပြုလုပ်ထားတဲ့ဟင်းခပ်ပစ္စည်းတွေက ကျန်းမာရေးနဲ့လုံးဝမညီညွတ်ပါဘူး။ ဈေးဝယ်မယ်ဆိုရင်ပါဝင်ပစ္စည်းစာရင်းကို သေချာဖတ်ပြီးမှဝယ်ပါ။

6. ရေများများသောက်ပါ

        သကြားတွေအများကြီးပါတဲ့အချိုရည်တွေသောက်မယ့်အစား ကယ်လိုရီနည်းတဲ့ ရေ၊ သစ်သီးသစ်ရွက်စိမ်ထားတဲ့ လက်ဖက်ရည် စတာတွေသောက်သုံးပါ။ ရေက ဗိုက်ပြည့်စေပြီး ဆာလောင်မှုကိုလျော့ကျစေတဲ့အပြင် ပင်ပန်းမှုကိုပြေပျောက်ပြီး စွမ်းအင်တွေကိုပေးစွမ်းနိုင်ပါတယ်။

7. အရက်နှင့် ကော်ဖီသောက်သုံးခြင်းကို လျှော့ချပါ။

        အချို့ကတော့ ရေတွေအများကြီးသောက်ပြီး အရက်နဲ့ကော်ဖီကိုဖြတ်လိုက်ပါတယ်။ အချို့ကတော့ အတော်အသင့်သောက်ရင် ရတယ်လို့ဆိုကြပါတယ်။ ကျွမ်းကျင်သူတွေက တစ်နေ့လျှင် ကဖင်းဓာတ် 400 g (ကော်ဖီ 8 အောင်စ ခွက်နဲ့ 3-5 ခွက်ခန့်)၊ အမျိုးသမီးတွေမှာ အရက်တစ်ခွက်၊ အမျိုးသားတွေမှာ 2 ခွက်ထက် ပိုမသောက်သင့်ဘူးလို့ ဆိုထားပါတယ်။ အချိုဓာတ်တွေထည့်ထားတဲ့ကော်ဖီအစား လက်ဖက်ရည်ကြမ်း၊ ကော်ဖီကြမ်းတွေရွေးပြီးသောက်ပါ။

8. အော်ဂန်းနစ်အစားအစာတွေကိုပဲစားသင့်သလား?

        အော်ဂန်းနစ်ဆိုတာ လူတွေပြုလုပ်ထားတဲ့ဓာတ်မြေသြဇာတွေကိုမသုံးဘဲ သဘာဝမြေသြဇာတွေသုံးပြီးစိုက်ပျိုးခြင်း ဖြစ်ပါတယ်။ လူအချို့က အော်ဂင်းနစ်ဟာ အကောင်းဆုံးလို့ဆိုကြပေမယ့် ဒါကကိုယ့်ရဲ့ရွေးချယ်မှုပါပဲ။ သိထားသင့်တဲ့အချက်ကတော့ ဒီပိုးသတ်ဆေးတွေက သစ်သီးတွေဟင်းသီးဟင်းရွက်တွေရဲ့အပြင်မှာ ကပ်နေတဲ့အတွက် အခံွခွာပြီးစားရတဲ့ ထောပတ်သီး၊ ပြောင်းဖူး၊ ကြက်သွန်နီ စတဲ့အစားအစာတွေကို အော်ဂန်းနစ်မဟုတ်လည်း စားသုံးနိုင်ပါတယ်။

9. အသားနှင့်နို့ထွက်ပစ္စည်းများကို စနစ်တကျရွေးချယ်စားပါ။

        ဝယ်ယူလိုက်တဲ့အသားတွေက ဟော်မုန်းဆေးတွေ၊ ပိုးသတ်ဆေးတွေတိုက်ပြီး အသားတိုးအောင်လုပ်ထားတဲ့ တိရစၧာန်တွေရဲ့အသားတွေဖြစ်နိုင်ပါတယ်။ ဒီလိုအသားတွေကိုရှောင်ပြီး အိမ်မှာသဘာဝအတိုင်းမွေးထားတဲ့ အသားတွေစားသုံးသင့်ပါတယ်။ ပင်လယ်စာတွေဆိုရင်တော့ မာကျူရီပါဝင်မှုနည်းတာကိုရွေးချယ်ပါ။ အသားဓာတ်ရရှိစေဖို့ အကောင်းဆုံး၊ ကျန်းမာရေးနဲ့ညီညွတ်ဆုံးကတော့ အခွံမာသီး၊ ပဲအမျိုးမျိုးတို့ဖြစ်ကြပါတယ်။

Dr. Mya Myo Myo Swe  (www.drmyanmar.com)