ဒီအကြောင်းတွေကြောင့် ခေါင်းကိုက်ရင် ဘယ်လိုလုပ်လို့ရမလဲ
(Zawgyi)
Bio Adult 1

3. အမွှေးနံ့သာတွေ
Bio Adult 2

(Unicode)
1. စနေနေ့မှ ကိုက်တဲ့ခေါင်း
တနင်္လာကနေ သောကြာအထိ တစ်နေ့ ၁၀ နာရီလောက် အလုပ်လုပ်ပြီးတော့ အေးဆေးဘဲဘာမှ မဖြစ်ဘဲနဲ့ စနေနေ့မနက် နားပြီး နိုးလာတော့မှ ခေါင်းမှာ တဒုန်းဒုန်းနဲ့ ကိုက်နေတယ်၊ ဘာလို့ပါလဲ ဒါက တစ်ပတ်လုံး ခံစားခဲ့ရတဲ့ တင်းအားတွေ လျော့သွားတဲ့အခါမှာ စိတ်ဖိစီးမှုနဲ့ဆိုင်တဲ့ ဟော်မုန်းပမာဏလည်း ကျသွားပြီးတော့ neurotransmitters လို့ခေါ်တဲ့ ဦးနှောက်ရဲ့ သတင်းပို့ပေးတဲ့အရာလေးတွေ ထွက်လာပါတယ်။ ဒါတွေက သွေးကြောတွေကိုကျုံ့ဖို့ ပြီးတော့ ပြန်ပြီးတော့ကျယ်ဖို့ သတင်းပို့တဲ့အခါမှာ ခေါင်းကိုက်စေပါတယ်။
** ဘာလုပ်ကြမလဲ - ရုံးပိတ်ရက်တွေမှာ အရမ်းအိပ်လိုက်မယ်ဆိုတာမျိုး ရှောင်ပါ။ တစ်ခါတည်းနဲ့ ၈ နာရီကျော် အိပ်တာက ခေါင်းကိုက်စေပါတယ်။ ပြီးတော့ ယောဂလိုမျိုးသင်တန်းတွေကို စနေ၊ တနင်္ဂနွေ မှာပဲ စုပြုံမလုပ်ဘဲနဲ့ ရုံးဖွင့်ရက်တွေမှာလည်း နည်းနည်းစီ လုပ်ပေးပါ။
2. စိတ်တိုဒေါသထွက်မှုတွေ
စိတ်တိုဒေါသတွေထွက်တဲ့အခါမှာ လည်ဂုတ်မှာရှိတဲ့ကြွက်သားတွေနဲ့ ဦးရေပြားတွေ တင်းလာပြီးတော့ ခေါင်းတစ်ခုလုံး သားရေကွင်းနဲ့ တင်းတင်းချည်ထားသလိ ုခံစားရစေပါတယ်။ ဒါက ခေါင်းကိုက်ခြင်းတစ်မျိုးပါပဲ။
** ဘာလုပ်ကြမလဲ - စပြီး စိတ်တိုလာပြီဆိုရင် အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းရှူထုတ်လုပ်ပါ။ နှာခေါင်းကနေ အသက်ရှူသွင်းပြီးတော့ ပါးစပ်ကနေ ရှူထုတ်ပါ။ ဒါက ခေါင်းနဲ့လည်ပင်းက ကြွက်သားတွေကို ပြေလျော့စေပါတယ်။
3. အမွှေးနံ့သာတွေ
အိမ်အလုပ်တွေလုပ်လို့ ခေါင်းကိုက်တယ်ထင်ရင် ဖြစ်နိုင်ပါတယ်။ အိမ်တွင်းဖြန်းတဲ့ air fresheners, နဲ့ အမွှေးနံ့သာတွေမှာ ခေါင်းကိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါပါတယ်။
** ဘာလုပ်ကြမလဲ - တချို့အနံ့တွေကြောင့် ခေါင်းကိုက်တယ်လို့ထင်ရင် အနံ့ပြင်းတဲ့ဆပ်ပြာတွေ၊ ခေါင်းလျှော်ရည်တွေ၊ ဆံပင်ပျော့ဆေးတွေ၊ air fresher တွေ၊ ရေမွှေးတွေ မသုံးပါနဲ့။ အနံ့မပါတဲ့ air fresheners နဲ့ တခြားသန့်စင်ဆေးရည်တွေကို သုံးပါ။ ပြီးတော့ အိမ်မှာရှိတဲ့ ပြတင်းပေါက်တွေ၊ တံခါးပေါက်တွေကို တတ်နိုင်ရင် ဖွင့်ထားပါ။ အလုပ်မှာ တခြားသူတစ်ယောက်ယောက်ရဲ့ ရေမွှေးနံ့ကြောင့် ခေါင်းမူးလာရင်တော့ ကိုယ့်စားပွဲမှာ ပန်ကာ ဖွင့်ထားလိုက်ပါ။






























