/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဒီအစားအစာတွေကြောင့်-ခေါင်းပိုကိုက်တာလား

ဒီအစားအစာတွေကြောင့် ခေါင်းပိုကိုက်တာလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ခေါင်းတခြမ်းကိုက်ဝေဒနာဆိုတာ ခံစားနေရစဉ်မှာ မခံမရပ်နိုင်အောင်ပြင်းထန်လှပါတယ်။ နာကျင်မှုနဲ့ စိတ်ဓာတ်ကျဆင်းမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ခေါင်းကိုက်ဝေဒနာဟာ ဆီရိုတိုနင်လို့ခေါ်တဲ့ ဦးနှောက်တွင်းဓာတုပစ္စည်းတခု အပြောင်းအလဲကြောင့် ဖြစ်ပါတယ်။ ခေါင်းကိုက်တာက အကြောင်းအမျိုးမျိုး ကြောင့်ဖြစ်နိုင်ပြီး ပိုဆိုးစေတဲ့ အခြေအနေတွေက တယောက်နဲ့တယောက် မတူကြပါဘူး။

အစားအစာ ဆေးလိပ် ဓာတုပစ္စည်းတွေ စိတ်ဖိစီးမှု နဲ့ပတ်ဝန်းကျင်အခြေအနေအတော်များများကြောင့် ဖြစ်နေတတ်ပြီး တချိန်နဲ့တချိန်ပိုဆိုးတဲ့အခြေအနေလည်း မတူတတ်ပါဘူး။

လူတယောက်နဲ့တယောက်ခံနိုင်ရည်ချင်းတော့ မတူတဲ့အတွက် တချို့တွေက မတုန်မလှုပ်ခံနိုင်ကြပေမယ့် တချို့တွေကျ ခေါင်းကိုက်တိုင်း စိတ်ညစ်တုန်လှုပ်ကြတယ်လေ။ ခံနိုင်ရည်ရှိသူရော မရှိသူတွေအတွက်ရော ရှောင်ဖို့အစားအစာတွေ စာရင်းလုပ်ပေးလိုက်တယ်နော်။

ခေါင်းကိုက်ခြင်းကို ပိုဆိုးစေတဲ့ အကြောင်းအရင်းတွေထဲမှာ အစားအစာတွေကလည်း ထိပ်ဆုံးကပါဝင်နေပါတယ်။ အစားစားပြီး ခေါင်းကိုက်မယ်ဆိုရင် စားထားတဲ့အစားအသောက်တွေထဲမှာ ကိုယ့်ရဲ့ခေါင်းကိုက်ရောဂါနဲ့ မတည့်တဲ့အရာတွေ ပါဝင်နေလို့ပေါ့။

Bio Adult 1

National Headache foundation အရ ဒီအစားအစာတွေက ခေါင်းကိုက်စေပါသတဲ့။

 

♦ ချိစ်ကိတ် ကိတ်ပေါ်မှာအုပ်တဲ့ချိစ်

♦ စပျစ်သီးခြောက်ဆီးသီးခြောက်

♦ ချောကလက်

♦ အချဉ်တည်ထားတဲ့အစားအစာတွေ

♦ မြေပဲ

♦ ခရက်ကာမုန့်

♦ ပဲနီလေး ထောပတ်ပဲ

♦ ဟင်းချိူမူန့်

♦ ငှက်ပျောသီး ( တခြမ်းထက်ပိုမစားရပါ)

♦ ပီဇာ

♦ ကော်ဖီလက်ဖက်ရည် (တရက်ကိုနှစ်ခွက်ခန့်ထက်မပိုပါနဲ့)

♦ ကိုလာ / စပရိုက် (တရက်ကိုနှစ်ခွက်ခန့်ထက်မပိုပါနဲ့)

♦ ဝက်အူချောင်း ကြက်အူချောင်း 

♦ ကြက်မြစ်ကြက်သဲ

♦ အရက် ဘီယာ ဝိုင်

 

ခေါင်းတခြမ်းကိုက်တာနဲ့ ပျို့အန်တာတွဲစေတဲ့ အစားအစာတွေကတော့

♦ အချဉ်တည်ထားတဲ့အစားအစာတွေ

♦ ပေါင်မုန့် ကိတ်မုန့်

♦ ငှက်ပျောသီး

♦ အသား

♦ နွားနို့ တို့ဖြစ်ပါတယ်။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Bio Adult 2

(Unicode)

 






 
















 







 
