/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဒီအရာဝတ္ထုတွေကို-ကိုင်ပြီးတာနဲ့-ချက်ချင်းလက်ဆေးပါ

ဒီအရာဝတ္ထုတွေကို ကိုင်ပြီးတာနဲ့ ချက်ချင်းလက်ဆေးပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

(၁)  ပိုက်ဆံ
နယူးယောက်ပြည်နယ်ရှိ ဘဏ်တစ်ခုမှ ငွေများကို လေ့လာရာမှာ ဘက်တီးရီးယားများစွာအပြင် အိမ်မွေးတိရစ္ဆာန်များရဲ့ DNA များနဲ့ ဗိုင်းရပ်စ်တွေကိုပါ တွေ့ရှိရပါတယ်။ ဒါ့ပြင် ဝမ်းရောဂါကိုဖြစ်စေတဲ့ ပိုးတွေပါ ကပ်နေတတ်ပါသေးတယ်။

(၂)  လက်ကိုင်ကွင်းများ၊ လက်တန်းများ၊ တံခါးလက်ကိုင်ဖုများ
လူအများအပြား ကိုင်တွယ်ထားတဲ့အရာတွေ ဖြစ်တဲ့အတွက် မမြင်နိုင်တဲ့ ပိုးပေါင်းများစွာနဲ့ အညစ်အကြေးတွေ ကပ်နေတတ်ပါတယ်။

(၃)  စားသောက်ဆိုင်မှ မီနူးကတ်
စားသောက်ဆိုင်တွေဟာ ပိုးမွှားတွေ ခိုအောင်းနေတဲ့နေရာဖြစ်ပြီး မီနူးကတ်တွေကတော့ ပိုးတွေကို ပျံ့စေသူတွေပဲ ဖြစ်ပါတယ်။

(၄)  ဆရာဝန်စားပွဲပေါ်က ပစ္စည်းများ
နေ့စဉ်လူနာများစွာနဲ့ ထိတွေ့နေရခြင်းကြောင့် ဆေးခန်းတစ်ခုလုံးရှိ ပစ္စည်းတွေမှာ ပိုးတွေ ကပ်နေနိုင်ပါတယ်။ လူနာတွေ ထိုင်စောင့်နေသော ကုလားထိုင်လက်တန်းတွေ၊ တံခါးလက်ကိုင်တွေအပြင် ဘောပင်မှာကအစ ပိုးမွှားတွေ ရှိနေတတ်ပါတယ်။

(၅)  တိရစ္ဆာန်များ
အိမ်မွေးတိရစ္ဆာန်တွေကို ကိုင်ပြီးတိုင်းမှာ လက်ဆေးကြသူတွေရှိသလို မဆေးသူတွေလည်း ရှိနေပါတယ်။ တိရစ္ဆာန်တွေဟာ ရောဂါတွေကို သယ်ဆောင်သူတွေဖြစ်တာကို သတိပြုသင့်ပါတယ်။

(၆)  ဖုန်း၊ tablet မျက်နှာပြင်များ
Touch screen တွေမှာ မမြင်ရတဲ့ ပိုးတွေကပ်နေတာမို့ မဖြစ်မနေ လက်ဆေးဖို့ လိုပါတယ်။

(၇)  စဉ်းတီတုံးနဲ့ မီးဖိုချောင်သုံးဖော့များ
သင့်မီးဖိုချောင်ဟာ ပိုးမွှားတွေ ပျော်မွေ့ရာ ပန်းခြံကြီးတစ်ခုလို့တောင် တင်စားနိုင်ပါတယ်။ အထူးသဖြင့် ပန်းကန်တွေ၊ စဉ်းတီတုံးတွေ၊ လက်နှီးစုတ်တွေနဲ့ ပန်းကန်ဆေးဖော့တွေမှာဆိုရင် မမြင်နိုင်တဲ့ ပိုးပေါင်း ၃၂၆ မျိုးလောက် ရှိနေတတ်တယ်လို့ သိရပါတယ်။

(၈)  သူများရဲ့ဘောပင်တွေ
ကိုယ်ပိုင်ဘောပင် မဟုတ်ဘဲ တစ်စုံတစ်ယောက်ရဲ့ဘောပင်ကို ကိုင်တွယ်မိပါက တစ်လက်မပတ်လည်မှာတင် ဘက်တီးရီးယားပေါင်း ၂၀၀ ခန့် ရှိနေတာ သတိပြုပါ။ ဘောပင်တွေမှာ အိမ်သာထိုင်ခုံထက် ၁၀ ဆ များတဲ့ ပိုးတွေ ရှိနေတတ်ပါတယ်။

လေပြေနုသွေး (ဆေး၂) (www.drmyanmar.com)