/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဒူးနာတာကို-သဘာဝအတိုင်း-သက်သာစေမယ့်-နည်းလမ်းတွေ

ဒူးနာတာကို သဘာဝအတိုင်း သက်သာစေမယ့် နည်းလမ်းတွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>>  RICE ဆိုတဲ့ နည်းလမ်း
R - rest အနားယူပါ။
I - ice ရေခဲကပ်ပါ။
C - compression ကိုက်ခဲတဲ့နေရာကို အဝတ်/ပတ်တီးနဲ့ တင်းကျပ်နေအောင် စည်းထားပါ။
E - elevation မြှောက်ထားပါ။

●  ထိုက်ချိ/ ယောဂ ဆော့ပါ
အရိုး/အဆစ်တွေကို အရမ်းမပင်ပန်းစေတဲ့ လေ့ကျင့်ခန်းတွေလုပ်ပြီး ပိုပြီးလှုပ်ရှားလွယ်အောင်/ သန်မာအောင် လေ့ကျင့်ပါ။ ကြွက်သားတွေအတွက်ပါ အကျိုးရှိစေပါတယ်။ ထိုက်ချိ/ယောဂ စတဲ့ လေ့ကျင့်ခန်းတွေဟာ စိတ်ကိုပါ တည်ငြိမ်အောင် လုပ်ပေးနိုင်လို့ နာတာကိုပါ စိတ်က ခံနိုင်ရည်ရှိအောင် လေ့ကျင့်ပေးပြီးသား ဖြစ်သွားပါတယ်။

●  ကိုယ်အလေးချိန် လျှော့ပါ
ကိုယ်အလေးချိန် များနေတာကလည်း အရိုးအဆစ်တွေကို ပိုပြီးထမ်းပိုးခိုင်းထားသလို ဖြစ်တာကြောင့် ဒဏ်ပိစေပါတယ်။ ဒါ့အပြင် အစားစားတဲ့အခါမှာလည်း အဆစ်အမြစ်ကို ပိုပြီးရောင်ရမ်းစေတဲ့ အစားအစာတွေ ဥပမာ - အာလူး၊ မှို၊ ကလီစာ တွေကို ရှောင်ရှားသင့်ပါတယ်။

●  အပင်တွေက ထုတ်ထားတဲ့ လိမ်းဆေး
ဆေးဆိုင်တွေမှာ ရောင်းတဲ့ အကိုက်အခဲပျောက် လိမ်းဆေးတွေမှာ salicylate ဆိုတဲ့ ဓာတ်တစ်မျိုး ပါပါတယ်။ ပုံမှန်လူတွေအနေနဲ့ သုံးရင် ပြဿနာမရှိပေမယ့် salicylate နဲ့ မတည့်တဲ့လူတွေ အဖို့ သုံးလို့ မရပါဘူး။ ဒီအခါမှာ သစ်ဂျပိုး၊ ချင်း၊ နှမ်းဆီ စတာတွေနဲ့ လုပ်ထားတဲ့လိမ်းဆေးတွေ သုံးလို့ရပါတယ်။

●  မိုးမခပင်ရဲ့ အခေါက်
ဒါက သဘာဝတရားကပေးတဲ့ အကိုက်အခဲပျောက်ဆေးပါပဲ။ ပြုတ်သောက်တာမျိုး လုပ်လို့ရပါတယ်။ ဒါပေမဲ့ သင်ဟာ အက်စပရင် (asprin) ဆိုတဲ့ ဆေးနဲ့ မတည့်ရင်၊ သွေးကျဲဆေးတွေ သောက်နေရရင် ဒါကို မသုံးပါနဲ့။

●  ချင်း
ချင်းက နာကျင် ကိုက်ခဲ မူးမော်တာတွေအတွက် အရမ်းအသုံးဝင်ပါတယ်။ သောက်ဆေးတွေလည်း သောက်၊ ချင်းကိုပါ အသုံးပြုရင် ပိုပြီးအကျိုးရှိတယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ အမှုန့်အနေနဲ့ သုံးသုံး၊ ပြုတ်ပြီးပဲ သောက်သောက် အမျိုးစုံ အသုံးပြုနိုင်ပါတယ်။

●  ကြပ်ထုတ်ထိုးပါ
အပူဟာ ကြွက်သားတွေကို ဖြေလျော့စေသလို အရိုးအဆစ် နာကျင်တာတွေကိုလည်း သက်သာစေပါတယ်။ အပူနဲ့ အအေးကို တွဲပြီးသုံးရင် အကျိုးရှိပါတယ်။ ရေခဲကပ်တာကို စစဖြစ်ချင်း ၁၄ နာရီအတွင်း လုပ်ပေးတာက အရောင်ကျစေပြီး နောက်ပိုင်းမှာ ကြပ်ထုတ်ထိုးခြင်းက နာကျင်တာကို သက်သာစေပါတယ်။ ဒါပေမဲ့ ကြပ်ထုတ်ထိုးတဲ့အခါ အရေပြားကို မလောင်ကျွမ်းအောင် သတိထားပါ။

Dr. Htar (www.drmyanmar.com)