နာတာရှည်ကိုဗစ်
ကိုရိုနာဗိုင်းရပ်စ်ရဲ့လက္ခဏာတွေဟာ နှစ်ပတ်မှ တစ်လလောက်အတွင်း ပျောက်သွားတတ်တာ များတယ်ဆိုပေမယ့် တချို့တွေမှာတော့ အတော်ကြာတဲ့အထိ ရောဂါလက္ခဏာတွေ ရှိနေတတ်ကြပါတယ်။
>> နာတာရှည် ကိုဗစ်လက္ခဏာတွေဆိုတာ ဘာလဲ?
တချို့မှာ ကိုဗစ်လက္ခဏာတွေက အချိန်တန်ရင် သက်သာသွားပေမယ့် တချို့မှာ တာရှည်ကျန်ခဲ့တာမျိုး ရှိပါတယ်။
ရောဂါဖြစ်ပြီးတော့ ရက်သတ္တပတ်၊ လနဲ့ချီအောင် ကျန်နေခဲ့တဲ့ ကိုဗစ်လက္ခဏာတွေကို နာတာရှည်ကိုဗစ်လက္ခဏာတွေလို့ ခေါ်ပါတယ်။ NICE အဖွဲ့အစည်းကတော့ ကိုဗစ် စဖြစ်ပြီး ၁၂ ပတ် ကြာတဲ့အထိ လက္ခဏာတွေ ကျန်နေသေးရင် နာတာရှည်ကိုဗစ်လက္ခဏာတွေလို့ခေါ်ပြီး တချို့ကတော့ ၈ ပတ်ထက် ကြာလာရင် ခေါ်ပါတယ်။
>> နာတာရှည်ကိုဗစ်လက္ခဏာတွေကတော့ -
● နုံးခြင်း
● မောခြင်း
● အိပ်ပျော်ဖို့ခက်ခြင်း
● စိတ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း
● ရင်တုန်ခြင်း
● ရင်ကျပ်ခြင်း၊ အောင့်ခြင်း
● အဆစ်အမြစ် ကြွက်သားတွေ နာကျင်ခြင်း
● ကောင်းကောင်း မတွေးနိုင်၊ အာရုံမစိုက်နိုင်ခြင်း
● အနံ့၊ အရသာပြောင်းလဲခြင်း
● နာတာရှည်ချောင်းဆိုးခြင်း စတာတွေပါပဲ။
Decolgen IA 1

>> ဒီလို နာတာရှည်ကိုဗစ်လက္ခဏာတွေဟာ ဘယ်သူတွေမှာ ဖြစ်တတ်သလဲ?
လေ့လာမှုတွေအရ အသက်ကြီးသူတွေ၊ အမျိုးသမီးတွေနဲ့ ကိုဗစ် စဖြစ်တဲ့အချိန်မှာ ရောဂါလက္ခဏာ ၅ မျိုးအထက် ခံစားရသူတွေမှာ နာတာရှည်ကိုဗစ်လက္ခဏာတွေ ခံစားရတတ်တယ်လို့ ဆိုပါတယ်။
အသက် ၁၈-၄၉ နှစ်ကြား ကိုဗစ်ဖြစ်သူ ၁၀% မှာ နာတာရှည်ကိုဗစ် ဖြစ်တတ်ပြီး အသက် ၇၀ ကျော်ရင် ၂၂% ထိ များတယ်လို့ ဆိုပါတယ်။ နောက် ပန်းနာရင်ကြပ်ရှိသူတွေမှာ ဒီနာတာရှည်ကိုဗစ်လက္ခဏာတွေ ခံရတတ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
လေ့လာမှုတွေအရ အဝလွန်သူ၊ ဆေးလိပ်သောက်သူ၊ ဆေးဝါးချို့တဲ့,တဲ့ နေရာဒေသကသူတွေနဲ့ ကိုဗစ်လက္ခဏာ ဆိုးရွားပြီး ဆေးရုံတက်ဖို့ လိုသူတွေမှာ ကိုဗစ်တာရှည်တတ်တယ်လို့ ဆိုပါတယ်။
>> ကာကွယ်ဆေးထိုးခြင်းအားဖြင့် နာတာရှည်ကိုဗစ်ဖြစ်ခြင်းကို ကာကွယ်နိုင်မလား?
Kings college London ရဲ့ လေ့လာချက်အရ ကာကွယ်ဆေး ၂ ကြိမ် ထိုးထားပြီးသူတွေမှာ နာတာရှည်ကိုဗစ်လက္ခဏာဖြစ်နှုန်း တစ်ဝက်လျော့တယ်လို့ သိရပါတယ်။
Decolgen IA 2

>> ကိုဗစ်ဖြစ်ပြီး နာလန်ထူနိုင်ဖို့ ဘယ်လောက်ကြာနိုင်လဲ?
ကိုဗစ်ဟာ ဘယ်လောက်ကြာနိုင်တယ်ဆိုတာ လေ့လာဆဲဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်ကလည်း ကွာခြားနိုင်ပါသေးတယ်။ ကိုဗစ်တင်မကဘဲ တခြားဗိုင်းရပ်စ်ပိုးတွေဟာလည်း ဒီလိုပဲ ရေရှည်အကျိုးသက်ရောက်မှုတွေ ရှိတတ်ကြတာပါပဲ။ Leicester လေ့လာသူတွေအဆိုအရ ဆေးရုံတက်ရောက်ကုသမှု လိုတဲ့သူတွေမှာ ၅ လလောက်ထိ လက္ခဏာတွေ ကျန်တတ်ပြီး နောက်လေ့လာမှုတစ်ခုမှာဆို ၁၂ လလောက်ထိ ကြာတတ်တာတောင် တွေ့ရတယ်လို့ ဆိုပါတယ် ဒီထဲမှာ ဆေးရုံတက်ဖို့ လိုတဲ့သူတွေရော၊ မလိုတဲ့သူတွေ ပါပါပါတယ်။
ဒါကြောင့် ကိုဗစ်ရောဂါပိုး မရှိတော့ဘူးဆိုပြီး ပေါ့ပေါ့ဆဆမနေဘဲ အာဟာရပြည့်ဝအောင် စားသောက်ခြင်း၊ အနားယူခြင်း၊ ခပ်ခွာခွာနေခြင်းနည်းလမ်းများနဲ့ မိမိကိုယ်ကို သတိထား စောင့်ရှောက်ကြဖို့လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























