/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နာတာရှည်ရောဂါရှိတဲ့အခါ-ကိုယ့်ကိုယ်ကို-ဂရုစိုက်ပါ

နာတာရှည်ရောဂါရှိတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

နာတာရှည်ရောဂါဆိုတာ တစ်သက်လုံး ဖြစ်သွားမယ့်ရောဂါ ဒါမှမဟုတ် ၁၂ ပတ်ထက်ပိုပြီး ဖြစ်ပွားတဲ့ ရောဂါတွေကို ခေါ်တာပါ။ ဥပမာ - ဆီးချိုရောဂါနဲ့ ပန်းနာရင်ကျပ်ဟာ နာတာရှည်ရောဂါတွေဖြစ်ပြီး အဆုတ်ရောင်ရောဂါကတော့ ခဏပဲဖြစ်တဲ့ရောဂါ ဖြစ်ပါတယ်။
နာတာရှည်ရောဂါပဲဖြစ်ဖြစ်၊ ခဏတာ နေမကောင်းတာပဲဖြစ်ဖြစ် သင့်မှာ သင့်ကိုယ်သင် ဂရုစိုက်ရမယ့် တာဝန်ရှိပါတယ်။ ဆေးတွေကို အချိန်မှန်မှန် သောက်ရမယ်၊ ကိုယ်အလေးချိန်မှန်မှန်ချိန်တာ၊ သွေးပေါင်တိုင်းတာတို့ လုပ်ရမယ်၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင် ရပါမယ်။ ကိုယ့်ကိုကိုယ် ဂရုမစိုက်တဲ့ လူနာတွေဟာ ရှိပြီးသားရောဂါတွေအပြင် ရောဂါအသစ်တွေပါ ထပ်တိုးလာနိုင်ပါတယ်။
သင့်ရဲ့ဆရာဝန်ကလည်း လိုအပ်တဲ့အကြံတွေ ပေးပါလိမ့်မယ်။ သင်ကလည်း ဆရာဝန်ရဲ့ ရက်ချိန်းတိုင်းကို မှန်မှန်သွားရပါမယ်။
●  တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လောက် ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။
●  အစာအုပ်စု ၃ စုလုံးကို ညီညွတ်မျှတစွာ စားပါ။
●  ဆရာဝန် ညွှန်ကြားတဲ့ဆေးတွေကို မှန်မှန်သောက်ပါ။
●  ချိန်းထားတဲ့ ရက်ချိန်းတွေကို မှန်မှန်သွားပါ။ ဒါ့အပြင် လက္ခဏာအသစ်တွေ ပေါ်လာရင်လည်း ချက်ချင်းပြန်ပြပါ။
●  စစ်ဆေးစရာတွေ၊ စမ်းသပ်ရမှာတွေ၊ ကာကွယ်ဆေးထိုးစရာ ရှိတာတွေကို ညွှန်ကြားချက်အတိုင်း လုပ်ပါ။
●  ကိုယ့်ရောဂါအကြောင်း ကိုယ်သိထားပါ။ ရောဂါကို ဆိုးရွားစေမယ့် အပြုအမူတွေ၊ အစားအသောက်တွေကို ရှောင်ပါ။
●  သွေးပေါင်တွေ၊ ကိုယ်အလေးချိန်တွေ မှန်မှန်ချိန်ပါ။ ဆီးချိုရောဂါရှိတဲ့လူဆိုရင်လည်း ဆရာဝန် ညွှန်ကြားချက်အတိုင်း မှန်မှန် စစ်ဆေးပါ။

Dr. Htar (www.drmyanmar.com)