/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နာတာရှည်အဆုတ်ဝေဒနာ

နာတာရှည်အဆုတ်ဝေဒနာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

နာတာရှည်အဆုတ်ရောဂါဆိုတာ အသက်ရှူရတာ တဖြည်းဖြည်း ခက်ခဲလာတဲ့ရောဂါ ဖြစ်ပါတယ်။ ၂ မျိုး ရှိပါတယ်။
♦  အဆုတ်မှာရှိတဲ့ လေအိတ်လေးတွေ ပျက်စီးသွားလို့ အသက်ရှူရ ခက်ခဲလာတာရယ်
♦  အမြဲတမ်းလေပြွန်လေးတွေ ရောင်ရမ်းပြီး သလိပ်ထွက်နေတာရယ် ဖြစ်ပါတယ်။
လူတစ်ဦးထဲမှာ နှစ်မျိုးလုံးရှိနေတာလည်း ဖြစ်နိုင်ပါတယ်။

>>  လက္ခဏာတွေ
●  ရင်ဘတ်ထဲမှာ တင်းကျပ်နေတာ
●  အသက်ရှူမဝတာ
●  နှုတ်ခမ်းတွေ၊ လက်သည်းထိပ်လေးတွေ ပြာနေတာ
●  အသက်ရှူရင် အသံတွေမြည်တာ
●  မနက်နိုးတာနဲ့ လည်ချောင်းထဲ ချွဲတွေပြည့်နေတာ
●  သလိပ်ထွက်တဲ့ချောင်း မပြတ်ဆိုးနေတာ
●  ခဏခဏ အသက်ရှူလမ်းကြောင်း ပိုးဝင်တာ
●  အားအင်ကုန်ခမ်းနေတာ
●  ကိုယ်အလေးချိန်ကျသွားတာ
●  ခြေချင်းဝတ်တွေ၊ ခြေထောက်တွေ ဖောယောင်နေတာ

>>  ဘာကြောင့်ဖြစ်တာလဲ?
●  ဆေးလိပ်သောက်တာကြောင့် - ရောဂါရှိတဲ့လူ 85- 90% လောက်က ဒါကြောင့်ဖြစ်တာပါ။
●  ပတ်ဝန်းကျင် - အလုပ်မှာ၊ အိမ်မှာ၊ အပြင်ထွက်လိုက်တိုင်း ရှူနေရတဲ့လေထုထဲမှာ ပါတဲ့ဖုန်တွေ၊ မီးခိုးတွေ၊ စက်ရုံ အလုပ်ရုံတွေက ထွက်တဲ့အငွေ့တွေ၊ ဆေးလိပ်ငွေ့တွေကြောင့်လည်း ဖြစ်စေပါတယ်။
●  Alpha 1 deficiency - ဒါကတော့ မွေးရာပါမျိုးရိုးလိုက်တာပါ။

>>  ဘယ်လိုကုသမလဲ?
●  ပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေးတော့ မရှိပါဘူး။ ဒါပေမဲ့ သက်သာအောင်တော့ လုပ်ပေးလို့ရပါတယ်။
●  ဒီရောဂါရှိတဲ့လူတွေဟာ နှလုံးရောဂါ၊ အဆုတ်ကင်ဆာနဲ့ တခြားရောဂါတွေလည်း ဖြစ်နိုင်ချေရှိပါတယ်။
●  ဆေးလိပ်သောက်တတ်ရင် ဖြတ်ရပါမယ်။
●  လိုအပ်ရင် သောက်ဆေးပေးရာကနေ နောက်ဆုံး ခွဲစိတ်ကုသတာ၊ အဆုတ်အစားထိုးတာမျိုးအထိ ကုသမှုတွေ ရှိပါတယ်။

>>  ဘယ်လိုကာကွယ်ကြမလဲ?
●  ဆေးလိပ်ကို လုံးဝမသောက်ပါနဲ့၊ ဆေးလိပ်နံ့ကို တစ်ဆင့်ရှူမိတာကလည်း အဆုတ်ကို ဒုက္ခပေးပါတယ်။
●  လေထုညစ်ညမ်းမှုကို တတ်နိုင်သလောက်ရှောင်ပါ။
●  လေ့ကျင့်ခန်းလုပ်တာက အဆုတ်ကို လေများများရောက်စေပါတယ်။
●  ဘယ်ရီသီး၊ အစိမ်းရောင်ရှိတဲ့အသီးအရွက်၊ ကန်စွန်းဥ၊ အစေ့အဆံတွေ များများစားပါ။
●  အလုပ်မှာ မီးခိုးတွေ၊ ဖုန်တွေ၊ ဓာတ်ဆီငွေ့၊ ဒီဇယ်ငွေ့ စတာတွေနဲ့ ထိတွေ့နေရရင် mask တပ်ပါ။

Dr. Htar (www.drmyanmar.com)