နာတာရှည်အသက်ရှူလမ်းကြောင်းပိတ်ရောဂါရှိသူတွေ အအေးမိတုပ်ကွေးရာသီကို ဘယ်လိုကျော်ဖြတ်ကြမလဲ
နာတာရှည်အသက်ရှူလမ်းကြောင်းပိတ်ရောဂါရှိသူတွေဟာ အအေးမိတုပ်ကွေး ဖြစ်လွယ်သလို ဖြစ်ခဲ့ရင်လည်း ရောဂါပြင်းထန်လေ့ရှိပါတယ်။ ဒါကြောင့် အခုလို ဆောင်းတွင်းကာလ အအေးမိတုပ်ကွေးရာသီမှာ မိမိတို့ရဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့ အလွန်အရေးကြီးပါတယ်။
>> အအေးမိတုပ်ကွေးမဖြစ်အောင် ဘာကြောင့် ဂရုစိုက်သင့်တာလဲ?
နာတာရှည်အသက်ရှူလမ်းကြောင်းပိတ်ရောဂါရှိသူတွေဟာ အအေးမိတုပ်ကွေးဖြစ်ရင် ရောဂါပြန်ကြွနိုင်ချေဟာ အဆ (၃၀) ခန့် ပိုမြင့်တက်နိုင်ပါတယ်။ နဂိုကမှ ရောဂါကြောင့် အသက်ရှူရခက်နေတာကို အအေးမိတုပ်ကွေးသာ ဖြစ်လာခဲ့ရင် ချောင်းပိုဆိုး၊ အသက်ရှူရင် တရွှီရွှီပိုမြည်ပြီးတော့ ပိုမောလာပါလိမ့်မယ်။ ဒါ့အပြင် အအေးမိတုပ်ကွေးဖြစ်ရင် အဆုတ်ရောင်တာအထိ ပြင်းထန်နိုင်ပြီးတော့ အန္တရာယ်ကိုတောင် ထိခိုက်နိုင်ပါတယ်။
Solmux Adult IA 1 2023
>> အအေးမိတုပ်ကွေးရာသီမှာ မိမိတို့ကျန်းမာရေးအတွက် ဘာတွေကြိုတင်ပြင်ဆင်ထားသင့်သလဲ?
● မိမိကိုယ်တိုင်အပါအဝင် အတူနေမိသားစုဝင်အားလုံး တုပ်ကွေးကာကွယ်ဆေး ထိုးထားပါ။
● ဆေးလိပ်ဖြတ်ပါ။
● သန့်ရှင်းလတ်ဆတ်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ စားပေးပါ။
● ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။
● အိပ်ရေးဝဝအိပ်ပါ။
● ရောဂါအတွက် လိုအပ်တဲ့ဆေးဝါးတွေ အဆင်သင့်ဆောင်ထားပါ။
Solmux Adult IA 2
>> အအေးမိတုပ်ကွေး မကူးစက်အောင် ဘယ်လိုနေထိုင်သင့်သလဲ?
● ဖျားနာနေသူတွေနဲ့ ဝေးဝေးနေပါ။
● မကြာခဏ လက်ဆေးပါ။
● မသန့်ရှင်းတဲ့လက်နဲ့ နှာခေါင်း၊ ပါးစပ်တို့ကို မကိုင်ပါနဲ့။
အအေးမိတုပ်ကွေးကြောင့် မဟုတ်ရင်တောင် ဆောင်းလေအေးက ချောင်းဆိုးတာ၊ မောတာနဲ့ အသက်ရှူရင် တရွှီရွှီမြည်တာကို ပိုဆိုးစေပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ အပြင်သွားတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို လည်စည်းပုဝါလေးနဲ့ ကာသွားပါ။ အပြင်သွားတိုင်း လေပြွန်ကျယ်စေတဲ့ ရှူဆေးဘူးတွေ ဆောင်သွားပါ။
Dr. Aye Hsu Mon (www.drmyanmar.com)






























