နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်စေသော အကြောင်းအရင်းများ
နာတာရှည် ကျောက်ကပ်ရောဂါက လအတော်ကြာ၊ နှစ်အတော်ကြာမှ ဖြည်းဖြည်းချင်း ပိုဆိုးလာပြီး အများအားဖြင့် နောက်ခံကျန်းမာရေး အခြေအနေတစ်ခုခုနဲ့ ဆက်စပ်နေပါတယ်။ ရောဂါ 3 ပုံ 2 ပုံလောက်က သွေးတိုး (သို့) ဆီးချိုရောဂါကြောင့် ဖြစ်ရပါတယ်။
သွေးတိုးရောဂါက လူလတ်ပိုင်းအရွယ်တွေမှာ အဓိကဖြစ်တဲ့ အဖြစ်များဆုံးသော နှလုံးသွေးကြောရောဂါတစ်မျိုးပါ။ လူတစ်ယောက်က -
● ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ခန္ဓာကိုယ်ပုံစံရှိရင်
● မိသားစုထဲမှာ သွေးတိုးရောဂါရာဇ၀င်ရှိရင်
● အသက်အရွယ်ကြီးရင်
သွေးတိုးရောဂါ ပိုဖြစ်နိုင်ခြေ ရှိပါတယ်။
သွေးတိုးရောဂါကို မထိန်းချုပ်နိုင်ခြင်းက နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်း ဖြစ်တဲ့အတွက် သွေးတိုးသမားတွေမှာ ကုသမှု သေချာခံယူဖို့ အရေးကြီးပါတယ်။
ဆီးချိုရောဂါက ကျောက်ကပ်ထိခိုက်စေပြီး လုပ်ငန်းဆောင်ရွက်မှုတွေကို ကျဆင်းစေခြင်းအားဖြင့် နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်စေပါတယ်။
အခြားဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရာတွေကတော့ -
● နှလုံးရောဂါ
● ကျောက်ကပ်ကို ရောဂါပိုး များစွာ၀င်ခြင်း
● ဆီးများ ကျောက်ကပ်ထဲ ပြန်ဆန်တက်ခြင်း
● သွေးတွင်း ကိုလက်စထရောဓာတ် များခြင်း
● အ၀လွန်ခြင်း
● ဆေးလိပ်သောက်ခြင်း
● အရက်သောက်ခြင်း
● မူးယစ်ဆေး သုံးစွဲခြင်း
● အကိုက်အခဲပျောက်ဆေး အလွန်အကျွံ သုံးစွဲခြင်း (ibuprofen, acetaminophen)
Dr. Mya Myo Myo Swe (www.drmyanmar.com)






























