နားဖာချေးပိတ်တဲ့ပြဿနာ
နားဖာချေးပိတ်တာကို သေချာသိရဖို့ ဆရာဝန်က otoscope လို့ခေါ်တဲ့ နားအတွင်းပိုင်းကို ကြည့်နို်င်တဲ့ ကိရိယာနဲ့ ကြည့်ရှုစစ်ဆေးပေးပါလိမ့်မယ်။
ကုထုံး
>> ဆရာဝန်က နာဖာချေးကို ဖယ်ထုတ်ခြင်း
နားကို ကြည့်ပြီးလို့ နာဖာချေးတွေ ပိတ်နေတယ်ဆိုရင် curet လို့ခေါ်တဲ့ ကိရိယာသေးသေးလေးကို သုံးပြီးတော့ (သို့) စုပ်ထုတ်ပြီးတော့ နားဖာချေးတွေကို ဖယ်ရှားပေးပါလိမ့်မယ်။ ရေနွေးထည့်ထားတဲ့ ရာဘာထိပ်ဖူးပါတဲ့ ဆေးထိုးအပ်လေးနဲလည်း ဆေးထုတ်လို့ရပါတယ်။
ခဏခဏ နားဖာချေးပိတ်တတ်တယ် ဆိုရင်တော့ နာဖားချေး ဖယ်ရှားတဲ့ဆေးတွေဖြစ်တဲ့ carbamide peroxide (Debrox Earwax Removal Kit, Murine Ear Wax Removal System) စတဲ့ နားဆေးရည်ထည့်ဖို့ ညွှန်ပါလိမ့်မယ်။ ဒီနားထည့်တဲ့ဆေးရည်တွေက နားစည်အရေပြားလေးတွေနဲ့ နားခေါင်းကို ထိခိုက်စေနို်င်တဲ့အတွက်ကြောင့် ဆရာဝန်ညွှန်ကြားချက်ရှိမှသာသုံးဖို့ အရေးကြီးပါတယ်။
>> အခြားနည်းလမ်းများ
အချို့လူတွေက နားဖာချေးတွေ ထွက်ဖို့အတွက် နားထဲကို ရေခဲမုန့်ခွက်ပုံစံ မီးထွင်းထားတဲ့ ဖယောင်းတိုင်ထည့်တာမျိုးလည်း ရှိပါတယ်။ ဒါနည်းရဲ့ ယူဆချက်ကတော့ မီးတောက်ရဲ့အပူကြောင့် လေဟာနယ်ကို ပိတ်လိုက်သလိုဖြစ်ပြီးတော့ ဖယောင်းတိုင်မှာ နားဖာချေးတွေလာကပ်တာပါ။
ဒါပေမဲ့လည်း ဒီနည်းလမ်းကို သုံးဖို့ မတိုက်တွန်းထားပါဘူး။ သုတေသနတွေအရတော့ Ear candling က အလုပ်မဖြစ်ဘဲနဲ့ နားမှာ မီးပူလောင်ခြင်း၊ နားခေါင်းပိတ်ဆို့ခြင်းနဲ့ ပေါက်သွားခြင်းစတဲ့ ထိခိုက်ဒဏ်ရာတွေ ဖြစ်စေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ ဒီတော့ တခြားနည်းလမ်းတွေ မသုံးခင်မှာ ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။
>> နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံးများ
● နားဖာချေးကို ပျော့အောင်လုပ်ခြင်း - ကလေးသုံးအဆီ၊ အလှဆီ၊ hydrogen peroxide စတဲ့အဆီတွေကို နားထဲကို အစက်ချပေးပါ။
● ရေနွေးအသုံးပြုပါ။ နားဖာချေးကို ပျော့သွားအောင် ဆီထည့်ထားပြီး ၁ ရက်၊ ၂ ရက်လောက် ကြာတဲ့အခါမှာတော့ ရာဘာပူဖောင်းပါတဲ့ ဆေးထိုးအပ်လေးသုံးပြီး ရေနွေးနွေးကို နားခေါင်းထဲ ညှစ်ထည့်ပါ။ နားခေါင်းတည့်စေဖို့အတွက် ခေါင်းကို မော့ထားပြီးတော့ အပြင်နားရွက်ကို ဆွဲထားပေးပါ။ ပြီးရင် အရည်တွေ ထွက်သွားဖို့အတွက် နားကို ဘေးစောင်းပေးပါ။
● နားခေါင်းထဲကို ခြောက်သွေ့အောင်ထားပါ။ ပြီးသွားပြီဆိုရင်တော့ တဘက်လေးနဲ့ နားအတွင်းပိုင်းကို ခြောက်အောင် ညင်ညင်သာသာ ပွတ်ပါ။
ဒီလိုမျိုး နားဖာချေးပျော့အောင်လုပ်ပြီး ဆေးထုတ်တာကို နားဖာချေးတွေ မထွက်သွားမချင်း အကြိမ်အနည်းငယ် ထပ်ထပ်ပြီး လုပ်ပေးလို့ရပါတယ်။ ဒီလိုမျိုး အကြိမ်အနည်းငယ် လုပ်ကြည့်လို့မှ အဆင်မပြေရင်တော့ နားဆေးခန်း သွားပြပါ။
နားဖာချေးတွေကို ထုတ်ဖို့အတွက် နားဖာချေးကလော်တဲ့ ပစ္စည်းအစုံလိုက်ကို စတိုးဆိုင်မှာ အလွယ်တကူ ရရှိနိုင်ပါတယ်။ ဘယ်အရာက ကိုယ်နဲ့ သင့်တော်မလဲဆိုတာကို ဆရာဝန်ကိုမေးပြီး အကြံဉာဏ်တောင်းပါ။
>> နားကို အရမ်းထိုးပြီး မကလော်ပါနဲ့။
မာနေတဲ့နာဖာချေးတွေကို စက္ကူညှပ်တဲ့ကလစ်၊ ဂွမ်းစတဲ့ တွေ့ကရာပစ္စည်းတွေနဲ့ ဘယ်တော့မှ အရမ်းမကလော်ပါနဲ့။ ဒီလိုလုပ်တာက နားဖာချေးတွေကို နားအတွင်းထဲကို ပိုတွန်းပို့သလို ဖြစ်ပြီးတော့ နားစည်ကို (သို့) နားခေါင်းနံရံကို ပြင်းထန်တဲ့ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)





























